မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းက သက်သာစေပါတယ်။
 

မနက်ခင်းနိုးလာလို့ ခေါင်းတွေနောက်နေတဲ့အခါ အဆိုပါ ခံစားမှုက တစ်နေ့လုံးကို အနှောင့်အယှက်ပေးပါတယ်။ အဲဒီ့နေ့မှာ အားစိုက်လုပ်ရမယ့် အလုပ်တွေရှိနေတယ်ဆိုရင် ပိုအဆင်မပြေပါဘူး။ မနက်ခင်း ခေါင်းတွေနောက်နေရတဲ့ အကြောင်းအရင်း အမျိုးမျိုး ရှိပါတယ်။

၁ - endorphin ဟော်မုန်းနည်းပါးမှု

endorphin ဟော်မုန်းဟာ ခန္ဓာကိုယ်ကို ကျေနပ်ပျော်ရွှင်နေစေမယ့် ဟော်မုန်းဖြစ်ပြီး အဆိုပါ ဟော်မုန်းဟာ မနက်ခင်းမှာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။  endorphin ဟော်မုန်းနည်းပါးခြင်းဟာ ဦးနှောက်ပေါ်သက်ရောက်မှုရှိလာပါတယ်။ သွေးစီးဆင်းမှု လျော့ကျသွားတဲ့အခါ ဦးခေါင်းကိုက်ခဲမှုတွေ ဖြစ်ပေါ်လာတာပါ။ ဒီလိုဖြစ်စဉ်ဟာ လူအချို့မှာပဲ ဖြစ်ပွားပြီး မနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းက သက်သာစေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -သွေးလှူခြင်း၏ ကျန်းမာရေးကောင်းကျိုးများ )

 

၂ - ဟောက်ခြင်း

အဆက်မပြတ် ဟောက်ခြင်းဟာလည်း မနက်ထတဲ့အခါ ခေါင်းတွေ မကြည်လင်မှုကို ဖြစ်စေပါတယ်။  အိပ်နေစဉ်မှာ အသက်ရှုလမ်းကြောင်းပိတ်ပြီး လေရရှိမှု မလုံလောက်တာကြောင့် ဟောက်တာဖြစ်ပါတယ်။ ဦးနှောက်ထံ အောက်ဆီဂျင်ရောက်ရှိမှု နည်းပါးသွားပြီး ခေါင်းကိုက်ခဲမှုတွေဖြစ်လာပါတယ်။ ဒါပေမယ့် အဆိုပါအကြောင်းအရင်းဟာ သေချာရေရာခြင်းတော့ မရှိပါဘူး။

၃ - ကော်ဖီ

မအိပ်ခင် ကော်ဖီတွေ တောက်လျှောက်သောက်နေတာကြောင့် ဖြစ်ပါတယ်။  မိုးလင်းလာတော့လည်း ကော်ဖီအလွန်အကျွံသောက်တာကြောင့် ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ဦးနှောက်တွင်း သွေးစီးဆင်းမှု အလွန်များပြီး  ဖိအားများကာ ခေါင်းကိုက်တာ ဖြစ်ပါတယ်။ ကော်ဖီသောက်တဲ့အကျင့်ဟာ ကြာရှည်ရှိလာပြီးမှ ရုတ်တရက် လုံးဝမသောက်တော့ဘဲ ဖြတ်လိုက်ရင်လည်း ခေါင်းတွေ မူးနောက်တာမျိုး ဖြစ်တတ်ပါတယ်။ ကော်ဖီဖြတ်မယ်ဆို ဖြည်းဖြည်းချင်းအသောက်လျှော့ကာ ဖြတ်သင့်ပါတယ်။

 

၄ - အိပ်ရေးမဝလို့

ခန္ဓာကိုယ်ဟာ ပုံမှန်လုပ်ဆောင်နိုင်ဖို့ အိပ်ချိန် ပျှမ်းမျှအားဖြင့် ၇ နာရီကနေ ၈ နာရီလိုပါတယ်။ လုံလောက်တဲ့ အားအင်ပြန်လည်ဖြည့်တင်းမှုမရတဲ့အခါ  ခေါင်းကိုက်ခေါင်းမူးတာတွေ ပိုဖြစ်လာပါတယ်။

၅ - သွေးတိုးနေလို့

သွေးတိုးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးစီးဆင်းမှုမြန်ပြီး ဦးနှောက်ကို ပိုမိုဖိအားပေးနေတာ ဖြစ်ပါတယ်။ သွေးတိုးလာပြီဆိုရင် ခေါင်းတွေက ကိုက်နေတတ်ပါတယ်။ ဒါပေမယ့် အိပ်ရာထထချင်းဖြစ်တာကြောင့် ဒီအချက်ကို သတိမပြုမိဘဲ ဖြစ်နေတတ်ပါတယ်။

Photos & Source: Woman Health

Share

Loading Next Article...
က္က