အသက်ကြီးလာတဲ့အခါ အနံ့အာရုံနဲ့ပတ်သက်ပြီးတော့လည်း ပြသနာရှိလာပါတယ်။
 

အသက်ကြီးလာတဲ့အခါ ဦးနှောက်ဟာလည်း သဘာဝအတိုင်း အိုမင်းလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့လူတွေဟာ အိုမင်းလာတဲ့ လက္ခဏာတွေကို စောစီးစွာ တွေ့ရှိရတတ်ပါတယ်။ သင့်အရွယ်မှာ ဖြစ်သင့်တာထက် ဦးနှောက် ပိုမိုအိုမင်းနေနိုင်တတ်တဲ့ လက္ခဏာတွေကို ဖော်ပြပေးချင်ပါတယ်။

၁ - အာရုံစိုက်မှု

အာရုံစူးစိုက်ရတာ ခက်ခဲနေတာ ဖြစ်ပါတယ်။ ရုတ်တရက် မေ့သွားတာ၊ မမှတ်မိတာမျိုးတွေဟာ မှတ်ညဏ်ယိုယွင်းလာတယ်ဆိုတဲ့လက္ခဏာတွေပါ။ အသက်ကြီးလေ အဖြစ်များလေပါပဲ။ မှတ်ညဏ်ယိုယွင်းတဲ့ လက္ခဏာတွေထဲမှာ အဖြစ်များဆုံး လက္ခဏာလည်း ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - အသက်(၂၅) ဝန်းကျင်တွေ အရပ်ပိုရှည်လာအောင်လုပ်နည်း)

 

၂ - တာဝန်

လုပ်နေကျ အလုပ်တွေကို ယခင်ကလို သေသေသပ်သပ် မလုပ်နိုင်တာမျိုး ဖြစ်ပါတယ်။ ဒါဟာ ဦးနှောက်နဲ့ သက်ဆိုင်မှု ရှိပါတယ်။ အထူးသဖြင့် အယ်ကိုဟော သောက်သုံးမှု များသူတွေမှာ ဖြစ်တတ်ပါတယ်။ အယ်ကိုဟောဟာ ဦးနှောက်ရဲ့ နောက်ဘက်ခြမ်းကို သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ အခြမ်းဟာဟန်ချက်ညီမှုကို ထိန်းချုပ်ထားတာ ဖြစ်ပြီး cerebellar atrophy လို့ခေါ်တဲ့ ယိုယွင်းမှုတွေ ဖြစ်လာတာပါ။

၃ - အမြင်ပြသနာ

အမြင်ပြသနာတွေဟာလည်း ဦးနှောက်မှတ်ညဏ်အားနည်းလာခြင်းနဲ့ ဆိုင်နိုင်ပါတယ်။ အမြင်စွမ်းရည် လျော့ကျမှုဟာ အမြင်အာရုံကြောတွေနဲ့ ဆိုင်တာကြောင့်ပါ။

၄ - စိုးရိမ်မှု

သာမန်ထက် စိုးရိမ်တတ်မှုဟာ အရွယ်မတိုင်ခင် မှတ်ညဏ်အိုမင်းလာတဲ့ လက္ခဏာ ဖြစ်တတ်ပါတယ်။ ဦးနှောက်အိုမင်းလာခြင်းရဲ့ အစောဆုံးကနဦး လက္ခဏာလည်း ဖြစ်ပါတယ်။

 

၅ - စကားထစ်တာ၊ စကားပြော နှေးတာ

ပြောနေကြစကားတွေကိုပဲ ပြောဖို့ ထစ်နေတာ၊ ပြောဖို့ နှေးနှေးတာတွေဟာလည်း မှတ်ညဏ်ပြသနာ ဖြစ်နိုင်ပါတယ်။ စကားလုံးတွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ အပိုင်းဟာ ပြသနာ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။  အဆိုပါအပိုင်း ယိုယွင်းလာတာကြောင့် ကိုယ့်ကိုယ်ကိုယ် စကားလုံးတွေသုံးစွဲပြီး ဖော်ပြရာမှာ ပြသနာတွေရှိလာတာ ဖြစ်ပါတယ်။

၆ - အကြားအာရုံ

အကြားအာရုံလည်း ချို့ယွင်းလာပါတယ်။ နားနဲ့ဆိုင်တဲ့ ပြသနာတွေကြောင့်လည်း ဖြစ်နိုင်သလို ဦးနှောက်နဲ့ နား ဆက်သွယ်ထားတဲ့ အာရုံကြောလမ်းကြောင်းတစ်လျှောက် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

 

၇ - အနံ့အာရုံ

အသက်ကြီးလာတဲ့အခါ အနံ့အာရုံနဲ့ပတ်သက်ပြီးတော့လည်း ပြသနာရှိလာပါတယ်။ အသက်ကြီးလာတဲ့အခါ အမျိုးမျိုးသော အနံ့တွေကို ခွဲခြားနိုင်စွမ်းဟာ လျော့နည်းလာပါတယ်။ လေဖြန်းခြင်းလို ရောဂါတွေရဲ့ ကနဦးအစလက္ခဏာလည်း ဖြစ်တတ်ပါတယ်။

Photos & Source: Bustle

Share

Loading Next Article...
က္က