ဆေးရုံဆေးခန်းတွေကို တက်ရောက်ကုသတဲ့ လူနာအရေအတွက်ဟာ ယခင်ကထက် နှစ်ဆခန့် မြင့်တက်လာတယ်။
 

ရာသီအကူးအပြောင်းကာလမှာ ဖြစ်ပွားတတ်တဲ့  တုပ်ကွေးဗိုင်းရပ်စ်ဟာ  တစ်နှစ်ထက်တစ်နှစ် မျိုးရိုးဗီဇပြောင်းလဲမှုတွေ ရှိနေတာကြောင့် ကလေးငယ်တွေ ကူးစက်ခံရပါက အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပြီး အထူးသတိထားဖို့နဲ့ လိုအပ်ပါက ဆေးရုံ၊ဆေးခန်းတွေကို ပြသရမှာ ဖြစ်ပါတယ်။

‘‘တုပ်ကွေးကလည်း တစ်ခေါက်ဖြစ်ပြီးတော့ နောက်တစ်ခေါက် ထပ်ဖြစ်နိုင်တယ်။ ပြင်းတာကတော့ တုပ်ကွေးတိုင်းက တော်တော်ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ မကုသရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်။ တချို့က တစ်ကြိမ်ဖြစ်ကတည်းက တော်တော်ကို ခံစားရတယ်။ အခုက ဗိုင်းရပ်စ်မျိုးစိတ်တွေက များလာတယ်။ ပြင်းလည်း ပြင်းလာတယ်။ တချို့ဆိုရင် နှစ်ပတ်၊ သုံးပတ်အထိ ဒီဒဏ်ကို ခံနေရတုန်းပဲ’’ လို့ ရောင်ခြည်သစ်အခမဲ့ဆေးခန်းတာဝန်ခံ ဒေါက်တာကျော်စွာဦးက ပြောထားကြောင် 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - မိုးရာသီမှာ ဦးရေပြားမှိုစွဲရောဂါကာကွယ်နည်း)

 

တုပ်ကွေးရောဂါဟာ အင်ဖလူရမ်ဇာ(Influenza) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်အေ၊ ဘီနဲ့စီဆိုကာ အမျိုးအစားသုံးခုအနက် အေနဲ့ဘီကြောင့် ဖြစ်ပွားမှု အများဆုံး ဖြစ်ပါတယ်။ တုပ်ကွေးရောဂါ မျိုးရိုးဗီဇဟာ  နှစ်စဉ်ပြောင်းလဲမှုရှိနေတာကြောင့် ခြောက်လနဲ့ အထက်ရှိတဲ့ ကလေးငယ်တွေ နှစ်စဉ်တုပ်ကွေး ရာသီမတိုင်မီ ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ်ထိုးနှံထားမှသာ ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မယ်လို့  ကျန်းမာရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောထားကြောင်းလည်း သိရပါတယ်။

ယခုရက်ပိုင်းအတွင်း တုပ်ကွေးရောဂါဖြစ်ပွားမှုများလာပြီး ဆေးရုံဆေးခန်းတွေကို တက်ရောက်ကုသတဲ့ လူနာအရေအတွက်ဟာ ယခင်ကထက် နှစ်ဆခန့် မြင့်တက်လာကြောင်း ဆရာဝန်တွေက ပြောကြားထားတာ ဖြစ်ပါတယ်။ တုပ်ကွေးရောဂါပိုးပါတဲ့  တံတွေး၊ သလိပ်တို့ကို ကိုင်တွယ်မိခြင်း၊ တုပ်ကွေးဖြစ်နေတဲ့ လူနာနဲ့စကားပြောခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းမှ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိရာမှတစ်ဆင့် အသက်ရှူလမ်း ကြောင်းထဲသို့ ဝင်ရောက်ကာ ရောဂါကူးစက်နိုင်တာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

Share

Loading Next Article...
က္က