ဒီလို နှုတ်ပစ်ခြင်းကြောင့် အပြင်ဘက်က အမှုန်တွေ၊ ပိုးမွှားတွေ နှာခေါင်းထဲဝင်နိုင်တဲ့အခြေအနေကို ကာကွယ်နိုင်ခြင်း မရှိတော့ပါဘူး။
 

နှာခေါင်းပေါက်ထဲ နှာခေါင်းမွှေးတွေ အပြင်ထိ ရှည်လျားနေတဲ့အခါ လူအများစုက နှုတ်ပစ်ဖို့ ကြိုးစားတတ်ကြပါတယ်။ နှာခေါင်းမွှေးကို ဒီလိုနှုတ်ပစ်ခြင်းဟာ သင့်ကျန်းမာရေးအတွက် ပြသနာရှိနိုင်ပါတယ်။

ဒီလို နှုတ်ပစ်ခြင်းကနေ အပြင်ဘက်က အမှုန်တွေ၊ ပိုးမွှားတွေ နှာခေါင်းထဲဝင်နိုင်တဲ့အခြေအနေကို ကာကွယ်နိုင်ခြင်း မရှိတော့ပါဘူး။နှာခေါင်းမွှေးဟာ ခန္ဓာကိုယ်မှာရှိတဲ့ အခြားအမွှေးအမျှင်တွေနဲ့ ကွာခြားပါတယ်။ သူ့ဟာ အသက်ရှုလမ်းကြောင်းထဲကို မသန့်ရှင်းတဲ့ ပစ္စည်းတွေမရောက်စေဖို့ စစ်ထုတ်ပေးတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - သတိထားသင့်တဲ့ တုပ်ကွေးဗိုင်းရပ်စ်)

 

နှာခေါင်းမွှေးက စစ်ထုတ်ထားတာကြောင့်အဆုပ်ကို ထိခိုက်တာတွေ လျော့ကျသွားတာ ဖြစ်ပါတယ်။ နှာခေါင်းမွှေးတွေကို နှုတ်လိုက်မယ်ဆိုရင်တော့ အသက်ရှုတိုင်း ပိုးမွှားတွေ၊ အမှုန်တွေကို ကာကွယ်ပေးထားတာမျိုးရှိမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် နှာခေါင်း၊ နားရွက်နဲ့ နားတစ်ဝိုက်နေရာတွေဟာ ထိခိုက်လွယ်တဲ့ နေရာတွေ ဖြစ်ပါတယ်။ ဦးနှောက်နဲ့ နီးပြီး တိုက်ရိုက်ဆက်သွယ်မှုလည်းရှိပါတယ်။ ဘက်တီးရီးယားတွေဟာ အလွယ်တကူ ပြန့်နှံ့သွားစေနိုင်ပါတယ်။

ပိုးမွှားတွေ ဝင်ရောက်နိုင်ခြေရာခိုင်နှုန်းဟာ နည်းပါးပေမယ့် ကြိုတင်ကာကွယ်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။ နှာခေါင်းမွှေး နှုတ်တဲ့အကျင့်ကို ဖျောက်ထားသင့်ပါတယ်။ တကယ်လို့ အရမ်းရှည်နေတယ်ဆိုရင်တော့ အပြင်ကို ထွက်နေတဲ့ ထိပ်လေးတွေကိုပဲ ကပ်ကြေးအသေးလေးနဲ့ ညှပ်ပေးနိုင်ပါတယ်။

Photos & Source: ARTICLES OF HEALTH CARE

Share

Loading Next Article...
က္က