နီကိုတင်းအဆိပ်ကို သန့်ရှင်းရာမှာ ကူညီပေးမယ့် သဘာဝ အစားအသောက်တွေ ရှိပါတယ်။
 

လောင်ကျွမ်းနေတဲ့ ဆေးလိပ်မှာ ဓာတုဗေဒပစ္စည်းပေါင်း ၇၀၀၀ ကျော်ရှိပါတယ်။  ဒီထဲကမှ ၆၉ မျိုးဟာ ကင်ဆာဖြစ်သွားမှုကို အစပြုစေတယ်လို့ အမေရိကန်နိုင်ငံအဆုပ်ရောဂါဆိုင်ရာ အသင်းကြီးက ထုတ်ပြန်ထားပါတယ်။

အဓိကဓာတ်ကတော့ နီကိုတင်းပဲ ဖြစ်ပါတယ်။ ဆေးလိပ်ကို စသောက်ပြီဆိုတာနဲ့ အရေပြား၊ နှာခေါင်း၊ ပါးစပ်နဲ့ အဆုပ်တို့ဟာ နီကိုတင်းကို ဆုပ်ယူပါတယ်။ သွေးကြောထဲ စီးဆင်းသွားစေဖို့ ဆယ်စက္ကန့်သာ ကြာတာ ဖြစ်ပါတယ်။ အချိန်တွေကြာလာတဲ့အခါ ဒါတွေဟာ အဆိပ်အနေနဲ့ သင့်ခန္ဓာကိုယ်မှာ စုပုံလာမှာပဲ ဖြစ်ပါတယ်။

နီကိုတင်းအဆိပ်ကို သန့်ရှင်းရာမှာ ကူညီပေးမယ့် သဘာဝ အစားအသောက်တွေ ရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ နီကိုတင်းသက်ရောက်မှုတွေ ခန္ဓာကိုယ်မှာ မရှိချင်ဘူးဆိုရင် အရင်ဆုံး ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။ ပြီးရင်တော့ အောက်ပါအချက်တွေကို လုပ်ကြည့်နိုင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -နှာခေါင်းမွှေးနှုတ်တဲ့ အကျင့်ရှိတာ ကောင်းလား )

 

ပန်းဂေါ်ဖီစိမ်း

 ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် အမြောက်အများ ပါဝင်ပါတယ်။ ဒီထဲက တစ်ခုက ဗီတာမင် စီဖြစ်ပြီး အဆိပ်အတောက်တွေနဲ့ အမှုန်အမွှားတွေကို ဖယ်ရှားနိုင်ကာ အဆုပ်ကို အားဖြည့်ပေးပါတယ်။

ရေ

တစ်နေ့ကို ရေလီတာ ၁.၅ လောက်သောက်သုံးတာဟာ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားဖို့ အကောင်းဆုံးဖြစ်ပါတယ်။  သူတို့ကိုယ် သူတို့ သန့်ရှင်းဖို့နဲ့ အပေါ့သွားခြင်းကနေ အဆိပ်တွေကို ဖယ်ရှားဖို့ ဆဲလ်တွေမှာ ရေလိုပါတယ်။

စတော်ဘယ်ရီနဲ့ လိမ္မော်သီး

စတော်ဘယ်ရီနဲ့ လိမ္မော်ဟာ ဗီတာမင် စီ အလွန်ကြွယ်ဝတဲ့ အသီးတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ စုပြုံလာတဲ့ အဆိပ်တွေကို ဖယ်ရှင်းရေးပေးရာမှာလည်း သူတို့က အထောက်အကူ ဖြစ်ပါတယ်။

 

ကီဝီ

ကီဝီကလည်း ဗီတာမင် ကြွယ်ဝတဲ့အသီးပါ။ ဗီတာမင် စီ၊အေနဲ့ အီးတို့ ပါဝင်ပြီး ခန္ဓာကိုယ်ဟာ ကျန်းမာပြီး သန့်ရှင်းနေဖို့ အဆိုပါ ဗီတာမင် ဓာတ်တွေ လိုအပ်ပါတယ်။

မုန်လာဥနီ ဖျော်ရည်

မုန်လာဥနီဟာ မျက်လုံးအတွက်လည်း ကောင်းမွန်တဲ့ အသီးအနှံတစ်ခု ဖြစ်ပါတယ်။ ဗီတာမင် အေ၊ဘီ၊စီနဲ့ ကေတို့ ပါဝင်ပြီး မုန်လာဥနီဖျော်ရည်ကို တစ်နေ့တစ်ခွက်သောက်သုံးပေးသင့်တာ ဖြစ်ပါတယ်။  အသီးအနှံတွေကို တိုးမြှင့်စားသုံးတာဟာ ခန္ဓာကိုယ်မှာရှိတဲ့ စီးကရက်ရဲ့ ဆိုးကျိုးတွေကို ဖယ်ရှားဖို့ အကောင်းဆုံး ဖြစ်ပါတယ်။

Photos & Source: Articles of health

Share

Loading Next Article...
က္က