ကိုယ့်ချစ်သူနဲ့ အဆင်မပြေဘူးဆိုတာ ဒါတွေလုပ်နေမိလို့ ဖြစ်ပါလိမ့်မယ်။
 

တချို့စုံတွဲတွေ၊ ဇနီးမောင်နှံတွေကို ကြည့်လိုက်ရင် အရမ်းကြည်နူးစရာကောင်းပါတယ်။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ရုံသာမက နားလည်ခွင့်လွှတ်မှုကလည်း အပြည့်ပါပဲ။ ကြည့်နေရင်းနဲ့ အားကျစရာကောင်းလောက်အောင် ကြည်နူးပျော်ရွှင်တတ်ကြတဲ့ စုံတွဲတွေဟာ ဒီအရာတွေကို မလုပ်ကြလို့သာ ခုလိုမျိုး ချစ်ခင်နေနိုင်ကြတာပါ။

၁။ အတိတ်ကိုပြန်မဖွဘူး

အတိတ်မှာဘာတွေဖြစ်ခဲ့တယ်ဆိုတာကို အပြန်အလှန်ပြောတာမျိုး မလုပ်တတ်ကြလို့ ပြဿနာတက်ရတာ နည်းပါတယ်။ တကယ်တော့ အတိတ်ကိုပြန်ဆွပြီး ပြောနေတာက နှစ်ယောက်လုံးနာကျင်ရမယ့် ကိစ္စပါ။ ဒါကို မလုပ်ဘူးဆိုရင် အချစ်ရေးကပိုခိုင်မာသွားပါတယ်။

couple-cute-hot-kiss-Favim.com-1304072.jpg 

၂။ လိမ်ညာဟန်ဆောင်ပြီးတောင်းပန်တာမရှိဘူး

စိတ်ထဲက မပါဘဲနဲ့ လိမ်ညာပြီးတောင်းပန်တာထက်စာရင် ခံစားချက်ကို ရိုးရိုးသားသားထုတ်ပြတာ ပိုကောင်းပါတယ်။ တစ်ယောက်ကိုတစ်ယောက် ရိုးသားမှုမရှိမှတော့ အချစ်စစ်ဘယ်ဟုတ်တော့မလဲ။

၃။ အပြစ်တင်တာ

အမှားတစ်ခုခုဖြစ်လာရင် ကိုယ့်ဖက်ကိုယ်ကြည့်ပြီး တစ်ဖက်ကို အပြစ်တွေပုံချလိုက်တာမျိုး မလုပ်ကြပါဘူး။ တကယ်ကို အပြစ်လုပ်မိတယ်ဆိုရင်တောင် နောက်တစ်ကြိမ်မဖြစ်ဖို့အတွက် အဓိကထား ပြောကြပါတယ်။

adorable-aw-beach-beautiful-Favim.com-1286119.jpg 

၄။ သူ့ဘဝကိုထိခိုက်စေမယ့်အရာကို ဆုပ်ကိုင်မထားဘူး

တကယ်ချစ်မိလာရင်တော့ အတိတ်ကိုရော ပစ္စုပ္ပန်ကိုပါ ပြောပြမိမှာပါ။ ပျော်ရွှင်ခိုင်မြဲတဲ့စုံတွဲတွေဟာ ချစ်သူရဲ့ဘဝကိုပါ ထိခိုက်စေမယ့်အရာမျိုးဆိုရင် သတိထားရှောင်ကြဉ်ကြပါတယ်။ ဥပမာ " မင်းတို့အသိုင်းအဝိုင်းက နိမ့်ပါးတယ်" ၊ "မင်းလိုလူမျိုးက လူတောမတိုးတာ မဆန်းပါဘူး" ဆိုတဲ့ စကားမျိုးတွေပေါ့။

၅။ အွန်လိုင်းပေါ်ကို မတင်ဘူး

အခန့်မသင့်လို့ စကားများကြရုံနဲ့ ဖြစ်သမျှအကြောင်းအရာ အသေးစိတ်ကို ဖေ့စ်ဘွတ်ပေါ်တင်ပြီး လူသိအောင် အရှက်ခွဲတာမျိုးလည်း မလုပ်ကြပါဘူး။

Source : Cosmopolitan

ဆက်စပ်ဖတ်ရှုနိုင်ရန် ---> ဖေ့စ်ဘွတ်က စုံတွဲတွေရဲ့ အချစ်အရေးကို ဘယ်လိုအနှောက်အယှက် ပေးနေလဲ

Share

Loading Next Article...
က္က