ဒီလိုလုပ်ရပ်တွေ ဆက်တိုက်လုပ်နေရင် သူငယ်ချင်းတွေတစ်ယောက်မှ ကျန်တော့မှာမဟုတ်ပါဘူး။
 

မိသားစုဝင်တွေကြား၊ ချစ်သူတွေကြားက ပတ်သက်မှုကသာ အရေးကြီးတာမဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေကောင်းဆိုတာလည်း အရေးပါတဲ့ ပတ်သက်မှုတစ်ခု ဖြစ်ပါတယ်။ အရွယ်ရလာတာနဲ့အမျှ တာဝန်ယူမှုတွေက များလာတော့ ကိုယ်တိုင်ကလည်း အတ္တတွေ လောဘတွေ များလာမိကြတာ လူတိုင်းလိုလိုပါပဲ။ ကိုယ်ကိုယ်တိုင်ကအစ ကိုယ့်အတွက်ကိုယ်ကြည့်တာများပြီး သူငယ်ချင်းတွေဘက်ကို မငဲ့ကြည့်ဖြစ်တော့ပါဘူး။ ဒီလုပ်ရပ်တွေ လုပ်နေမိပြီဆိုရင်တော့ ကိုယ်က သူငယ်ချင်းကောင်းတစ်ယောက် မဟုတ်တော့ဘဲ စိတ်ပျက်စရာမိတ်ဆွေအဖြစ်ကို ရောက်နေပါပြီ။ ဆင်ခြင်ပြုပြင်စရာတွေကို ခုပဲ ပြုပြင်လိုက်ပါ။

၁။ အမှတ်ရစရာတွေကို မေ့နေပြီ

သူငယ်ချင်းရဲ့မွေးနေ့ကို နှစ်တိုင်း တခမ်းတနားနဲ့ ပြုလုပ်ပေးစရာမလိုပါဘူး။ သူငယ်ချင်းရဲ့မွေးနေ့ကို အရောက်မသွားနိုင်ဘူးဆိုရင်တောင်မှ ဖုန်းလေးဆက်ပြီး ဆုတောင်းစကားဆိုတာမျိုးတော့ လုပ်သင့်ပါတယ်။ ဒီလောက်လေးမှ မလုပ်ဖြစ်ဘူးဆိုရင်တော့ ကိုယ်က သူ့အတွက် အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိမနေတော့ပါဘူး။

၂။ အကူအညီလိုမှသွားတယ်

သူငယ်ချင်းကောင်းဆိုတာမျိုးက လိုအပ်လာရင် အပြန်အလှန်ကူညီဖေးမကြတယ်လေ။ သူဘာဖြစ်နေလဲ မစဉ်းစားဘဲ ကိုယ်လိုတာရှိမှ သူနဲ့တွေ့တယ်ဆိုတာမျိုးက မဖြစ်သင့်ပါဘူး။

၃။ ကိုယ့်အကြောင်းပဲပြောတယ်

တွေ့ဆုံချိန်မှာလည်း သူ့အကြောင်းကိုယ့်အကြောင်း အပြန်အလှန်ပြောတာမဟုတ်ဘဲ ကိုယ့်အကြောင်းတွေချည်း မနားတမ်းပြောနေတာက သူ့ကို ဂရုမစိုက်ရာရောက်ပါတယ်။

index.jpg 

၄။ ဖုန်းပြန်မခေါ်ဘူး

သူက ဖုန်းခေါ်တဲ့အချိန် မကိုင်မိလိုက်လို့ missed call ဖြစ်သွားပေမဲ့ ပြန်မခေါ်တာမျိုးကလည်း စိတ်ပျက်စရာအကျင့်ပါ။ ဖုန်းပြန်မခေါ်ချင်ရင် မက်ဆေ့ပို့လို့ရတာပဲမဟုတ်လား။ သူ့ဘက်က အရေးကြီးကိစ္စဖြစ်နေလို့ ဖုန်းဆက်တာမျိုးကို မကိုင်တဲ့အပြင် ပြန်လည်းမခေါ်ဘူးဆိုတာမျိုးက သူငယ်ချင်းမပီသပါဘူး။

၅။ သူ့စည်း၊ ကိုယ့်စည်း နားမလည်ဘူး

ဘယ်လောက်ပဲ ရင်းနှီးပါတယ်ပြောပြော ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်လာရင် စည်းတစ်ခုခုတော့ ရှိကြတာချည်းပါပဲ။ မမေးသင့်၊ မပြောသင့်တာတွေ၊ မလုပ်သင့်တာတွေကို အတင်းကာရော လုပ်နေမိတာရင် အကျင့်မကောင်းတဲ့သူငယ်ချင်းလို့ အခေါ်ခံရမှာ သေချာပါတယ်။

၆။ ဝေဖန်လွန်းတယ်

ဘာလုပ်မှာလဲ၊ ကိုယ့်ကိုယ်ကိုယ်က အကောင်းတွေချည်း စွတ်ပြောပြီး သူများကိုပဲ လိုက်ဝေဖန်နေတာ။ စိတ်ပျက်စရာကောင်းလွန်းတဲ့ ဝေဖန်သံတွေကြောင့် ခင်မင်စရာ တစ်စက်မှမရှိတော့ပါဘူး။ တော်ရုံပဲကောင်းပါတယ်။

Communication_overload_SOURCE_Splitshire.jpg 

၇။ တွေ့ဆုံချိန်တွေကို ဖျက်ဆီးတယ်

သူငယ်ချင်းတွေကို ဘေးမှာထားပြီး ဖုန်းကိုတစ်ချိန်လုံးသုံးနေတာမျိုးက မလုပ်သင့်တဲ့ကိစ္စပါ။ ဖေ့စ်ဘွတ်ဆိုတာ မသုံးရလို့ သေမသွားပါဘူး။ အွန်လိုင်းပေါ်မှာ အရမ်းချစ်ပြနေပြီး တကယ်တမ်း အပြင်မှာလည်းဆုံကြရော ဖုန်းနဲ့မျက်စိ မခွာတမ်းဖြစ်နေတာဟာ တွေ့ဆုံချိန်တွေကို ဖျက်ဆီးနေတဲ့အပြုအမူပါ။

၈။ ပျော်စရာတွေ မျှဝေမခံစားပေးဘူး

သူတို့မှာ ဖြစ်ပေါ်လာတဲ့ ပျော်စရာတွေကို မျှဝေခံစားပေးတာမျိုး မရှိခြင်းက သူငယ်ချင်းလို့တောင် မခေါ်သင့်တော့ပါဘူး။ သူငယ်ချင်းဆိုတာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မျှဝေခံစားပေးရမှာပါ။ သူတို့မှာ ကောင်းတာတွေဖြစ်လာတာကို မုဒိတာမပွားနိုင်ဘဲ စိတ်ထဲက ကြိတ်ပြီးမနာလိုဖြစ်နေရင်တော့ သင်က စိတ်ပျက်စရာ သူငယ်ချင်းဖြစ်နေပါပြီ။

၉။ ပစ်ပစ်ခါခါပြုတယ်

သူငယ်ချင်းတွေနဲ့ ချိန်းထားပြီးသား အစီအစဉ်ဆွဲထားပြီးပါလျက်နဲ့ ကိုယ့်အတွက်ကောင်းတဲ့ကိစ္စ ပေါ်လာတဲ့အခါ လွယ်လွယ်ကူကူနဲ့ပဲ သူငယ်ချင်းတွေကို ကျောခိုင်းလိုက်တာမျိုးကို ပြောတာပါ။ သူငယ်ချင်းတွေနဲ့ချိန်းပြီး ထမင်းစားဖို့ စီစဉ်ထားပြီးသားကို ကိုယ့်ကို ဟော့ပေါ့အလကားကျွေးမယ့်လူ ပေါ်လာလို့ ဟော့ပေါ့နောက်ကို လိုက်သွားတာမျိုးက တကယ်ကို စိတ်ပျက်စရာပါပဲ။

pulse-bad-friend.jpg 

၁၀။ ပြောင်းလဲမှုကို လက်မခံပေးဘူး

ဘဝဆိုတာ အပြောင်းအလဲ အချိုးအကွေ့တွေအပြည့်ပါပဲ။ လူတွေကလည်း ပြောင်းလဲတတ်ပါတယ်။ အထက်တန်းကျောင်းတုန်းက ခင်ခဲ့တဲ့သူငယ်ချင်းဟာ လုပ်ငန်းခွင်ဝင်တဲ့အရွယ်ရောက်လာတော့ ပုံစံတွေပြောင်းသွားပါတယ်။ ဒါကို လက်မခံနိုင်ဘဲ ကျောင်းတုန်းကလိုပုံစံမျိုးရအောင် ဖိအားပေးတာလည်း မလုပ်သင့်ပါဘူး။

Source : Cosmo

ဆက်စပ်ဖတ်ရှုနိုင်ရန် ---> သူငယ်ချင်းတွေရှိခြင်းရဲ့ ကောင်းကျိုး (၅) ခု

Share

Loading Next Article...
က္က