အလုပ်သစ်တစ်ခု ရလာပေမဲ့လည်း အဆိုပါအလုပ်ကို အလွယ်တကူနဲ့ငြီးငွေ့သွားပါတယ်။
 

သူများထက် ဉာဏ်ရည်ထက်မြက်နေတာ၊ သူများထက် တွေးခေါ်နေတတ်တာတွေကြောင့် အခြားလူတွေနဲ့ ကွဲပြားနေတတ်ပါတယ်။ သူတို့ဟာ ဒီကွဲပြားတဲ့ ဒဏ်ကို သည်းခံနေရပါတယ်။ နေ့စဉ်ဘဝမှာ သူတို့သည်းခံနေရတာတွေကလည်း တူတတ်ကြပါတယ်။

၁ - စကားဝိုင်း

 

များသောအားဖြင့် ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တခုတ်တရ ပြောနေတဲ့ စကားဝိုင်းထဲ ဝင်ပါရတာဟာ သင့်အတွက် တော်တော်ခက်ခဲပါတယ်။ ဒါမျိုးတွေကိုပဲ တခုတ်တရပြောနေတတ်သူတွေရဲ့ အဝေးမှာ နေချင်ပါတယ်။ ဒါပေမဲ့ ဒီလူတွေနဲ့ သည်းခံပေါင်းနေရပါတယ်။

၂ - အတွေးများတယ်

 

အပြောထက် အတွေးများပါတယ်။ တစ်ခါတစ်လေ ပြောနေရင်းနဲ့လည်း တွေးနေတတ်ပါတယ်။ သင့်တွေးပုံခေါ်ပုံတွေက သင့်ဘေးနားက လူတွေအတွက် ဆန်းနေတာကြောင့် သင့်ကို ကြောင်တောင်တောင်လို့ ထင်တတ်ကြပါတယ်။

၃ - အလွယ်တကူငြီးငွေ့

 

အလုပ်သစ်တစ်ခု ရလာပေမဲ့လည်း အဆိုပါအလုပ်ကို အလွယ်တကူနဲ့ငြီးငွေ့သွားပါတယ်။ စိတ်လှုပ်ရှားစရာ၊ တီထွင်ဖန်တီးရတာ ဘာမှမပါဘူးလို့ ထင်ပါတယ်။ အထက်လူကြီးတွေက အလုပ်ပဲ ပြီးစေချင်ပြီး တီထွင်ဖန်တီးမှုတွေကို အားမပေးတာကြောင့် အလုပ်ကိုသည်းခံလုပ်ကိုင်နေရပါတယ်။

(သင်ကြိုက်နိုင်မယ့်ဆောင်းပါး - သင့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို ဘယ်လိုဆက်ဆံမလဲ )

၄ - အပြုအမူ

 

သင့်အပြုအမူတွေက ကို့ယို့ကားယားနဲ့ ကြောင်တောင်တောင်နိုင်တယ်လို့ အများက ထင်နေတတ်ပါတယ်။ သူများတွေးထားပြီးသားတွေ မကြိုက်တာကြောင့် ပုံစံသစ်တွေးချင်တာ၊ ဘာမှမဟုတ်တဲ့ စကားဝိုင်းထဲ ဝင်မပါချင်တာ စတဲ့အယူအဆတွေနဲ့သင့်အပြုအမူတွေဟာ အများအမြင်မှာ တစ်မျိုးဖြစ်နေနိုင်ပါတယ်။ သင့်နေပုံထိုင်ပုံကို သင်ပြန်သတိထားမိအောင် ပတ်ဝန်းကျင်က လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ သင်ကိုယ်သင် သိပြီးသားဖြစ်တာကြောင့် သူတို့ရဲ့ အပြုအမူတွေကိုလည်း သင်ဘက်က ပြန်သည်းခံနေရတတ်ပါတယ်။

၅ - ချစ်ဖို့ခက်

 

ဘယ်ကိစ္စမဆို အလွယ်တကူ သဘောကျဖို့ခက်ပါတယ်။ လူတစ်ယောက်နဲ့ သူငယ်ချင်းအရင်းကြီးတစ်ယောက်လို ဖြစ်သွားဖို့ ဆိုတာ သင့်အတွက်တော်တော်ခက်ခဲပါတယ်။  လူတစ်ယောက်ကို ချစ်ဖို့ဆိုတာကတော့ ဘယ်လိုမှ မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါးများ -မသင့်လျော်တဲ့လူနဲ့ တွဲပြီးရင် သင်ရလာနိုင်တဲ့ သင်ခန်းစာ (၅) ခု )

Photos & Source: Lifehack

Share

Loading Next Article...
က္က