ကိုယ်နဲ့စကားပြောလို့ သူ့အတွက်စိတ်အနှောင့်အယှက် ဖြစ်သွားတာမျိုး မဖြစ်ပါစေနဲ့။
 

ချစ်သူနဲ့ ဒါမှမဟုတ် ချစ်သူဖြစ်ဖို့ရည်ရွယ်ထားသူနဲ့ ပထမဆုံးအကြိမ် ချိန်းတွေ့မှုမှာ စကားပြောလို့  အဆင်ပြေသူဆိုတာ ရှားပါးပါတယ်။ ရှက်ကိုးရှက်ကန်းတွေဖြစ်ပြီး စကားပြောမထွက်တာ၊ တောင်စဉ်ရေမရတွေ ပြောမိတာတွေ ဖြစ်ကြတယ်လေ။ တချို့ကျတော့လည်း စကားပြောကောင်းကောင်း ပြေနေလိုက်တာ ကိုယ့်အကြောင်း၊ သူများအကြောင်းတွေချည်းမို့ တစ်ဖက်က စိတ်ပျက်သွားတဲ့အထိပါပဲ။ ဒါဆိုရင် ဘာအကြောင်းတွေ ပြောကြမလဲ ?

၁။ ခရီး

ရုပ်ရှင်နဲ့ ဇာတ်လမ်းတွေအကြောင်း မပြောပါနဲ့။ သူနဲ့ကိုယ် အကြိုက်ချင်းတူချင်မှ တူမှာပါ။ အဲ့ဒီအစား ခရီးအကြောင်းပြောပါ။ ဇာတ်လမ်းအပေါ် ခံစားချက်မတူပေမဲ့ ခရီးသွားတာကျတော့ ခံစားချက်သိပ်မကွာဘူးလေ။ ဒါဆို စကားပြောရတာ ပိုအဆင်ပြေသွားပါလိမ့်မယ်။

 

၂။ ပြောပုံဆိုပုံ

ကိုယ်ကချည်းပဲ ပြောမနေပါနဲ့။ ထိုနည်းတူစွာပဲ သူကချည်းပဲ ဦးဆောင်ပြောနေရတာမျိုးလည်း မဖြစ်သင့်ပါဘူး။ သူပြောတဲ့အလှည့်မှာလည်း ကိုယ်က အပြန်အလှန်ပြောတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

၃။ လျှို့ဝှက်ချက်တွေ ဖွင့်ထုတ်လိုက်

တကယ့်လျှို့ဝှက်ချက်အကြီးကြီးတွေကိုတော့ ပြောစရာမလိုသေးပါဘူး။ ခုမှ စတွေ့တာဆိုတော့ ယုံသင့်၊ မယုံသင့် လေ့လာရဦးမယ်လေ။ တစ်ယောက်ကိုတစ်ယောက် ပိုမိုယုံကြည်ပေးနိုင်ဖို့အတွက်တော့ လျှို့ဝှက်ချက်သေးသေးလေးတွေကို ပြောပြလိုက်ပါ။ ဥပမာ - ဟင်းခိုးစားဖူးတယ် ဆိုတာမျိုးပေါ့။

 

၄။ သူစိတ်ဝင်စားတာ

တစ်ဖက်က ဘာတွေစိတ်ဝင်စားသလဲဆိုတာ မေးကြည့်ပါ။ ကိုယ်နဲ့အကြိုက်တူရင် ရှေ့ဆက်ဖို့ အိုကေသွားပြီလေ။ မတူဘူးဆိုလည်း သူပြောတာတွေကို နားထောင်ကြည့်ပါ။ အကြိုက်မတူပေမဲ့ ချစ်သူတွေဖြစ်နိုင်တာပဲမဟုတ်လား။ စကားမပြောဘဲနေနေတဲ့လူကို စကားပြောလာစေဖို့ရာ သူတို့ရဲ့ဝါသနာကို မေးလိုက်ရမှာ ဖြစ်ပါတယ်။

၅။ ကိစ္စအကြီးကြီးတွေကိုရှောင်

လိင်မှုရေးရာ၊ ကိုယ်ဝန်ဖျက်ချတာ၊ အသည်းခွဲဖူးသလား၊ အရင်လူနဲ့ ဘာကြောင့်ပြတ်သွားတာလဲ စတဲ့မေးခွန်းတွေက လုံးဝ မမေးသင့်တဲ့အရာတွေပါ။ လူတိုင်း ပျော်ရွှင်ချင်ကြတာချည်းပါပဲ။ စိတ်မသက်မသာ ဖြစ်ရမယ့်အရာတွေကို မပြောနဲ့လေ။ ခုမှ စတွေ့ရုံပဲရှိသေးတယ်မဟုတ်လား။

 Source : Time

ဆက်စပ်ဖတ်ရှုနိုင်ရန် ---> သူ့ကိုတကယ်ချစ်ကြောင်း သိနိုင်မယ့် အချက် (၉) ချက်

Share

Loading Next Article...
က္က