လိုချင်တယ်ဆိုတိုင်း ပေးလို့တော့ မဖြစ်ဘူးပေါ့။
 

ဖေဖော်ဝါရီ ၁၄ ကို ရောက်ခါနီးပြီဆိုတာနဲ့ ချစ်သူတွေဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လက်ဆောင်တွေပေးကြပါတော့မယ်။ မိန်းကလေးတွေက ရိုမန့်တစ်ဆန်တာလေးတွေကို လက်ဆောင်အဖြစ်လိုချင်ကြပါတယ်။ ယောက်ျားတွေအနေနဲ့လည်း ချစ်သူများနေ့မှာ ချစ်သူဆီက လိုချင်တာလေးတွေ၊ ဖြစ်ချင်တာလေးတွေ ရှိပါသတဲ့။

၁။ နှစ်ယောက်တည်းသီးသန့်

အလုပ်တွေ၊ ဘော်ဒါတွေကို ထားခဲ့ပြီး စိတ်အေးလက်အေးရှိတဲ့ နေရာလေးမှာ နှစ်ယောက်တည်း တွေ့ချင်ကြတယ်လို့ အမျိုးသားတွေက ဆိုပါတယ်။ အေးချမ်းတဲ့ဆိုင်ကောင်းကောင်းလေးမှာ အတူထိုင်တာမျိုးပေါ့။ ဒီလိုမှမဟုတ်လည်း တခြားဘယ်ကိုပဲဖြစ်ဖြစ် လူတွေကို ဂရုစိုက်စရာမလို၊ နောက်ဆံတင်းဖို့မလိုဘဲ စိတ်ကြိုက်လည်ပတ်ရတဲ့ နေရာမျိုးကိုလည်း သွားချင်ကြပါတယ်။

 

၂။ အက်ရှင်နဲ့ ကြောက်စရာရုပ်ရှင်

အရင်တုန်းကဆိုရင် ကောင်မလေးအကြိုက်ကိုလိုက်ပြီး ရုပ်ရှင်ရုံမှာ အချစ်နဲ့ဟာသကားတွေပဲ ကြည့်ခဲ့ရတာလေ။ ဒီလိုနေ့ရက်မှာတော့ ကောင်မလေးအကြိုက်မဟုတ်ဘဲ သူ့အကြိုက် ထိတ်လန့်ခြောက်ခြားစရာဇာတ်ကား၊ အက်ရှင်ကားတွေ ကြည့်လိုကြောင်း ပြောကြပါတယ်။ ကြောက်နေတဲ့ ချစ်သူလေးကိုတော့ ရင်ခွင်ထဲ ပွေ့ထားမှာပေါ့။

 

၃။ စာအုပ်ကောင်းကောင်း

ဖတ်စရာ စာအုပ်ကောင်းကောင်းတစ်အုပ်ကို လက်ဆောင်ပေးမယ်ဆိုရင်လည်း သဘောကျကြမှာပါ။ တည်ငြိမ်ပြီး စာဖတ်ဝါသနာပါတဲ့ အမျိုးသားတွေက ချစ်သူဆီကနေ စာအုပ်ကောင်းလေးတစ်အုပ်လောက် လက်ဆောင်ရဖို့ မျှော်လင့်ကြပါတယ်။

၄။ ချစ်သူရဲ့အလှဆုံးပုံ

အရင်နဲ့မတူဘဲ ထူးထူးခြားခြားလှနေတဲ့ ချစ်သူရဲ့ပုံစံလေးကို မြင်ရတာလည်း သူတို့အတွက် လက်ဆောင်တစ်မျိုးပါပဲ။ ဆက်စီကျကျအသွင်ကို မြင်ရရင်တော့ အကောင်းဆုံးပေါ့လို့ အချို့အမျိုးသားတွေက ပွင့်ပွင့်လင်းလင်း ဝန်ခံပါတယ်။

 

၅။ အတူတူသောက်မယ်

တစ်ခါတစ်လေတော့လည်း ချစ်သူနဲ့အတူ နှစ်ယောက်တည်း ဘီယာလေး၊ ဝိုင်လေးလောက်တော့ တွဲသောက်ဖူးချင်ကြပါသတဲ့။ အထူးသဖြင့်တော့ Valentine's Day လို နေ့မျိုးမှာပါ။

Source : Metro

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> ကြိတ်ကြွေနေတဲ့လူနား ရောက်သွားရင် ဖြစ်တတ်တဲ့ အပြုအမူ (၅) မျိုး

Share

Loading Next Article...
က္က