အရင်အကြောင်းတွေ ပြန်တွေးပြန်မြင်ယောင်နေတော့ နှစ်ယောက်လုံး အနေခက်ပါတယ်။
 

ရှေ့မဆက်နိုင်တော့လို့ ပြတ်စဲလိုက်ရတဲ့ ရည်းစားဟောင်းဆိုတာ မတော်တော့တဲ့ အဝတ်တစ်ထည်လိုပဲ။ ကောင်းကောင်း၊ ဆိုးဆိုး ကိုယ်နဲ့ ဘယ်လိုမှ အဆင်မပြေမှတော့ လှည့်မကြည့်တော့တာ အကောင်းဆုံးမဟုတ်လား။ ပြတ်သွားပြီဆို သူ့မျက်နှာကိုလည်း မမြင်ချင်တော့သလို မတော်တဆဆုံရင်တောင်မှ မသိသလိုပဲ နေလိုက်ကြတာချည်းပါပဲ။ အဲ့ဒီလိုမှမဟုတ်ဘဲ ပြတ်သွားတဲ့ရည်းစားကို ပတ်ဝန်းကျင်တစ်ခုတည်းမှာ အမြဲတမ်းမြင်တွေ့နေရတာကတော့ တော်တော်အဆင်မပြေပါဘူး။

၁။ တစ်ယောက်ယောက်ထွက်သွားမှအေးမယ်

အလုပ်ထဲမှာလိုမျိုးပေါ့။ မမြင်ချင်ဘဲ မြင်နေရ၊ မပြောချင်ဘဲ ပြောနေရတော့ အလုပ်ကိုလည်း အာရုံမရောက်တော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်နေတာကပဲ စိုးမိုးနေတော့ တစ်ယောက်ယောက်ထွက်သွားမှပဲ အဆင်ပြေတော့မှာပါ။ မဟုတ်ရင် အရင်အကြောင်းတွေ ပြန်တွေးပြန်မြင်ယောင်နေတော့ နှစ်ယောက်လုံး အနေခက်ပါတယ်။

 

၂။ လူတွေရဲ့အပြောတွေ

ပတ်ဝန်းကျင်တစ်ခုတည်းမှာ အမြဲဆုံနေရတော့ ဘေးလူတွေက ပြောတာလည်း ခံရတယ်လေ။ ပြန်ဆက်ဖို့ အကြောင်းတွေကို လာလာပြောနေကြတာကို နားထောင်ရတာ သိပ်စိတ်ညစ်တာပဲ။ ကိုယ့်မှာက ဒီပတ်ဝန်းကျင်ကနေ တခြားကိုရွှေ့ပြောင်းဖို့ မလွယ်သေးချိန်မှာ ဘေးလူတွေက သူနဲ့ကိုယ့်ကိုချစ်နေတုန်းပဲမဟုတ်လားလို့ လာမေးတာတွေကိုလည်း စိတ်ကုန်လှပါပြီ။

 

၃။ သံယောဇဉ်

စိတ်ကို ဘယ်လိုပဲ ထိန်းချုပ်ထားပါစေဦးတော့ တစ်ခါတစ်ရံမှာ ကိုယ်တောင်သတိမထားမိဘဲ သူ့အတွက် စဉ်းစားပေးနေမိပြန်တယ်လေ။ ဆုံနေရတာများတော့ ပြန်ဆက်လိုက်ရမလားလို့လည်း တွေးမိလာတယ်။ သူ ဘာတွေလုပ်နေလဲလို့လည်း မသိမသာ ခိုးကြည့်နေမိတယ်။

 

၄။ ဘေးလူတွေကပါ ကြည့်မရတော့ဘူး

ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ ခုကတော့ သူစိမ်းတွေဖြစ်ကုန်ပြီလေ။ ပြီးတော့ အဆင်မပြေလို့ ဖြတ်လိုက်ပါတယ်ဆိုမှ နေ့တိုင်းလိုလို ပြောဆိုနေရရင် ထေ့တာ ငေါ့တာတွေက ပါလာပါပြီ။ ဒီလိုနဲ့ သူနဲ့ကိုယ်က မကြာခဏ ကတောက်ကဆတွေ ဖြစ်နေကြတော့ ဘေးပတ်ဝန်းကျင်က နှစ်ယောက်လုံးကို အမြင်မကြည်တော့ပါဘူး။

ဆက်စပ်ဖတ်ရှုနိုင်ရန် ---> ရည်းစားဟောင်းကို လုံးဝမပတ်သက်သင့်တော့တဲ့ အကြောင်းရင်းတွေ

Share

Loading Next Article...
က္က