နွေရာသီမှာ သင့်ကလေးကို ဒီအချက်တွေနဲ့ ထိတွေ့ပေးသင့်ပါတယ်။
 

သင်္ချာ၊ ဓာတုဗေ၊ ရူပဗေဒတွေဟာ ကလေးတစ်ယောက် တိုးတက်ဖို့ အတွက် အရေးပါသလို အခြားဝါသနာပါရာ လှုပ်ရှားမှုတွေကလည်း အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာပါ ညီမျှစွာ တိုးတက်မှာ လူတော်ရုံတင်မကဘဲ လူကောင်းတစ်ယောက်ဖြစ်လာမှာပါ။ ကလေးတစ်ယောက်ဟာ သူဝါသနာပါရာကို သိရှိအောင် လုပ်ပေးဖို့ အုပ်ထိန်းသူတွေမှာလည်း တာဝန်ရှိပါတယ်။ ဝါသနာပါရာကို သိရှိလုပ်ကိုင်ခြင်းဟာ ဘဝလမ်းကြောင်း တည်ငြိမ်စွာ တိုးတက်နိုင်တာလည်း ဖြစ်ပါတယ်။ သူတို့ဝါသနာပါတဲ့အရာကို သိရှိဖို့ အကောင်းဆုံးအချိန်က နွေရာသီ ဖြစ်ပါတယ်။ နွေရာသီမှာ သင့်ကလေးကို ဒီအချက်တွေနဲ့ ထိတွေ့ပေးသင့်ပါတယ်။

၁ - ဂီတ

 

ငယ်ငယ်ရွယ်ရွယ်ကတည်းက သူတို့ကို ဂီတနဲ့ ပေးထိတွေ့သင့်ပါတယ်။ သူတို့ဘက်က ဘယ်လိုဂီတအမျိုးအစားကို စိတ်ဝင်စားမှုရှိနေလဲဆိုတာ စောင့်ကြည့်သင့်ပါတယ်။ ဂစ်တာ၊ တယော၊ စန္ဒယား စတဲ့ ဂီတသင်တန်းတွေကို ပို့ကြည့်သင့်ပါတယ်။ ဂီတဟာ ကလေးရဲ့ညဏ်ရည်နဲ့ အာရုံစူးနိုင်မှုအားကိုပါ ကောင်းစေပါတယ်။ အရင်ဆုံး ကလေးကို စိတ်ဝင်စားလားမေးပြီး စိတ်ဝင်စားတယ်ဆိုမှ ပို့ပါ။ စိတ်မဝင်စားဘူးဆိုရင်တော့ အားကစားလို တခြားအရာတွေကို စဉ်းစားသင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ဘွားဘွားကို ချစ်သူတွေသာ သိနိုင်မယ့်အရာ (၇) ခု)

၂ - ပန်းချီနဲ့ လက်လုပ်အနုပညာ

 

ပန်းချီသင်တန်းပို့တာ၊ လက်နဲ့ကိုယ်တိုင်ဖန်တီးရတဲ့ အနုပညာမျိုးကို ထိတွေ့ပေးတာမျိုးပါ။ အရေးကြီးတာကတော့ သူတို့ကိုယ်တိုင်ဖန်တီးပြီး ဒီဖန်တီးမှုကို သူတို့ကိုယ်တိုင်မြင်ဖို့ ဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတိုးပွားလာစေမှာလည်း ဖြစ်ပါတယ်။ ပန်းချီဆွဲတာမျိုး စိတ်ဝင်စားတယ်ဆိုမှ ပို့ပါ။ ဒီလိုမှ မဟုတ်ရင် တခြားတစ်ခုကို စဉ်းစားပါ။

၃ - ခရီးထွက်

 

နွေရာသီမှာ ကလေးတွေနဲ့အတူ ခရီးထွက်တာမျိုးလည်း လုပ်ပေးပါ။ အနည်းဆုံး စိတ်ဝင်စားစရာနေရာတွေကို လည်ပတ်တာမျိုးတော့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ သူတို့ကို ပျော်ရွှင်စေရုံသာမကဘဲ သူတို့ရဲ့ စူးစမ်းလေ့လာချင်စိတ်တွေကိုပါ နှိုးဆွနိုင်ပါတယ်။ မိသားစုနွေးထွေးမှုကိုလည်း ပိုမို ရရှိစေပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - သားသမီး အုပ်ချုပ်ပုံနဲ့ပတ်သက်ပြီး အဖေတွေ ဖျောက်ရမယ့် အကျင့် (၇) မျိုး )

၄ - အားကစား

 

အားကစားကတော့ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းဖို့နဲ့ စိတ်လက်ပေါ့ပါးစေဖို့ပါ။ ရေကူး၊ ကိုယ်ခံပညာနဲ့စတဲ့ အားကစားပေါင်းများစွာ ရှိတဲ့အထဲက သူကြိုက်နှစ်သက်ရာကို ရွေးပါစေ။ အားကစားဟာ ပူးပေါင်းလုပ်ဆောင်တတ်မှု၊ သင်ယူလေ့လာတဲ့နေရာမှာ ပါးနပ်မှုတွေကို ရရှိစေပါတယ်။

၅ - စာအုပ်တွေရဲ့ အင်အား

books-kids1.png 

ဒါကတော့ မလုပ်မဖြစ်ကို လုပ်ရမှာပါ။ စာအုပ်အတင်းဖတ်ခိုင်းတာထက် သူတို့ရှေ့မှာ စာအုပ်တွေ ရှိနေဖို့ လိုပါတယ်။ အကောင်းဆုံးနည်းကတော့ စာအုပ်ဆိုင်ခေါ်သွားပြီး သူတို့ကြိုက်တဲ့ စာအုပ်ကို ရွေးခိုင်းတာမျိုးပါ။ နွေရာသီမှာ စာအုပ်ဖတ်တဲ့ အကျင့်ကို တမင်တကာ ပြုစု ပျိုးထောင်သင့်ပါတယ်။ စာဖတ်နိုင်စွမ်းကို အကဲခတ်ပြီး သူ့အရွယ်မှာဖတ်သင့်တဲ့စာအုပ်တွေ သူရှေ့မှာ လွယ်လွယ်ကူကူ ရှိနေအောင် သင်က ဖန်တီးပေးထားရမှာ ဖြစ်ပါတယ်။

၆ - ကစားချိန်

MAIN-children-playing-outside.jpg 

နွေရာသီမှာ ဘာသာစကားတွေကို သင်ယူခိုင်းတာကလည်း ကောင်းပါတယ်။ ဒါပေမဲ သင့်ကလေးအတွက် ကစားချိန် အမြောက်အများရှိဖို့ လိုပါတယ်။ ကျောင်းတက်နေရတဲ့အချိန်ထက် ပိုအားလပ်သွားတယ်ဆိုတာ သိသာထင်ရှားဖို့ လိုပါတယ်။ အထက်ပါ လှုပ်ရှားမှုတွေအားလုံးဟာလည်း သူ့ဘက်က စိတ်ဝင်စားတဲ့ အရိပ်အယောင်ပြမှ ကိုယ့်ဘက်က စီစဉ်သင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - မနက်ခင်းမှာ စိတ်ချမ်းသာစွာ)

Photos & Source: IFCS

Share

Loading Next Article...
က္က