သင်ပြောသမျှ အစီစဉ်စိတ်ကူးတွေကို စိတ်ပျက်သွားအောင် အမြဲပြောပါတယ်။
 

သူငယ်ချင်းဆက်ဆံရေးဟာလည်း ရှုပ်ထွေးပါတယ်။ တစ်ခါတစ်လေ ပေါင်းရတာ အဆင်ပြေပေမဲ့ တစ်ခါတစ်လေကြတော့လည်း မနှစ်သက်စရာ တော်တော်ကောင်းနေပါတယ်။ ဒါပေမဲ့ သူငယ်ချင်းမို့ နားလည်လက်ခံပြီး ပေါင်းကြရတာပါပဲ။ ဒါပေမဲ့ ရန်သူလိုဆိုးဝါးတဲ့ သူငယ်ချင်းမျိုးတွေလည်း သင့်နားမှာ ရှိနေတတ်ပါတယ်။

၁ - နောက်ကွယ်မှာ ပြောသူ

အနားမှာရှိရင်တော့ သင့်ကို ဖော်ဖော်ရွေရွေဆက်ဆံပါတယ်။ သင်အနားမှာ မရှိရင်တော့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သင့်အကြောင်း မကောင်းပြောဖို့ ဝန်မလေးပါဘူး။ သူတို့မျက်နှာမှာ အပြုံးအမြဲတမ်းတွေရလေ့ရှိပေမဲ့ ကွယ်ရာမှာတော့ အတင်းပြောဖို့ ဝန်မလေးပါဘူး။

 

၂ - သင်အောင်မြင်တာကို မပျော်ဘူး

သူငယ်ချင်းအစစ်က သင်အောင်မြင်တာကို ပျော်ပါတယ်။ သင့်အနားက ရန်သူလို သူငယ်ချင်းတွေကတော့ သင့်ရဲ့ အောင်မြင်ကြောင့် မပျော်ရွှင်ပါဘူး။ သင့်အောင်မြင်ကြောင့်လုပ်တဲ့ ပွဲတွေကို သူတို့ မတက်ပါဘူး။ သင့်အောင်မြင်မှုအကြောင်း ပြောတဲ့ စကားဝိုင်းတွေမှာ မပါပါဘူး။

၃ - မကောင်းမြင်အောင်ဘဲ ပြောသူ

အမြဲတမ်း မကောင်းမြင်တဲ့ စကားမျိုးကို ပြောပါတယ်။ သင်ပြောသမျှ အစီစဉ်စိတ်ကူးတွေကို စိတ်ပျက်သွားအောင် အမြဲပြောပါတယ်။ သင်တစ်ခုခုကို အကောင်ထည်ဖော် လုပ်ဆောင်သွားမှာ မလိုလားပါဘူး။ သင် ကျရှုံးတာ၊ ခက်ခဲတဲ့အခြေအနေနဲ့ ကြုံရတာမျိုးတွေဆိုရင်တော့ သူတို့က စိတ်အေးလက်အေး နားထောင်တတ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - မိန်းကလေးဖြစ်ရဲ့သားနဲ့ မိန်းကလေးသူငယ်ချင်း နည်းရတဲ့အကြောင်းအရင်း (၅) ခု)

 

၄ - ပြိုင်ဆိုင်မှု

သင့်ကို အလွန်အမင်း လိုက်ပြိုင်နေပါတယ်။ သူငယ်ချင်း အချင်းချင်း အပြိုင်အဆိုင်လေးရှိတာ ဖြစ်တတ်ပေမဲ့ သူတို့ကတော့ အမြဲလို လိုက်ပြိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ စကားပြောတဲ့အခါ သင့်မှာ ရှိလာတဲ့ အောင်မြင်မှုကို သေးသိမ်သွားအောင် ပြောတတ်ပါတယ်။ သူတို့မှာ သင့်ထက်မြင့်မားတဲ့အောင်မြင်မှုမျိုးရှိခဲ့တယ်၊ ရှိလာတော့မယ်ဆိုတာမျိုး ပြောတတ်ပါတယ်။

၅ - သေးသိမ်အောင်လုပ်သူ

သင့်ရဲ့ရန်သူ သူငယ်ချင်းလို့ အများထင်သွားမှာမျိုးကို ပါးနပ်စွာ ရှောင်ပါတယ်။ သင့်ကို ပေါ်ပေါ်တင်တင် မကောင်းပြောတာမျိုး မလုပ်ပါဘူး။ သင်နာတတ်တဲ့ အကြောင်းအရာကို အများရှေ့မှာ စသလို ပြောတာမျိုးဖြစ်ပါတယ်။ သင်က စိတ်ဆိုးမာန်ဆိုးဖြစ်တဲ့အခါ အများအမြင်မှာ ရိုင်းစိုင်းသူအဖြစ် ပုံပေါ်သွားတာကို ကျေနပ်နေတာပါ။ သင်သေးသိမ်သွားအောင်လုပ်ပြီး ဒီလိုလုပ်နေပါတယ်လို့ အများသိအောင် သက်သေပြလို့မရတဲ့ကိစ္စမှန်သမျှကို သူတို့က လုပ်ဆောင်မှာ ဖြစ်ပါတယ်။

 

၆ - အပိုပစ္စည်းလို ဆက်ဆံသူ

သူငယ်ချင်းကို အပိုပစ္စည်းလို ဆက်ဆံသူတွေ ရှိပါတယ်။ သင့်သူငယ်ချင်းတွေထဲမှာလည်း ဒီလိုလူ ပါနိုင်ပါတယ်။ သူတို့ဘေးနားမှာ သူငယ်ချင်းတွေက အပိုပစ္စည်းလို ဝန်းရံနေတာကို သဘောကျတာပါ။ သူတို့လုပ်တဲ့ပွဲက လူမစည်ဘူးဆိုရင် သင့်ကို ဖိတ်ပါမယ်။ သင့်ထက်စိတ်ဝင်စားစရာကောင်းတဲ့လူရှိရင် ပွဲမှာ သင့်ကို အဖက်လုပ်ပြီး စကားမပြောပါဘူး။ သူတို့အကြောင်းသိလို့ သူတို့ဖိတ်တာကို ငြင်းတဲ့အခါမှာလည်း စိတ်ဆိုးပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - အပေါင်းအသင်းနဲ့လိုက်ပြီး အကျင့်တွေကူးစက်တယ်ဆိုတာ ဟုတ်သလား)

Photos & Source: Bustle

Share

Loading Next Article...
က္က