ဟန်ဆောင်ကောင်းသူတွေကသာ ကွယ်ဝှက်ထားနိုင်တာပါ။
 

တိတ်တခိုးကြိုက်နေရသူ ရှိတယ်ဆိုရင်တော့ သင့်ဘက်က မူပျက်လာပါတယ်။ ဒီလိုမူပျက်နေတာကိုလည်း ဘယ်သူမှ မသိအောင် ထိန်းထားတတ်ပါတယ်။ ဒီလိုထိန်းထားဖို့က မလွယ်ပါဘူး။ အကြောင်းကတော့ လူတွေမှာ ဒီလိုကြိုက်နေတဲ့သူရှိရင် လုပ်တတ်တဲ့ အပြုအမူတွေက ဆင်တူလို့ပါ။ ဟန်ဆောင်ကောင်းသူတွေကသာ ကွယ်ဝှက်ထားနိုင်တာပါ။

၁ - ခိုးကြည့်တယ်

ဘယ်သူမှမသိအောင် ခိုးကြည့်တာ ဖြစ်ပါတယ်။ ကိုယ်ကြိုက်နေတဲ့လူရဲ့ နောက်ဘက်မှာ ထိုင်ပါမယ်။ သူဘာတွေလုပ်နေလဲ ကြည့်ပါမယ်။ ပတ်ဝန်းကျင်ကို သူဘယ်လိုတုံ့ပြန်နေလဲ အကဲခတ်ပါမယ်။ သူ့ဘက်က လှည့်ကြည့်ပြီဆိုရင်တော့ မသိချင်ယောင်ဆောင်နေပါမယ်။ ဒါကတော့ အားလုံးနီးပါးသိတဲ့ ဂန္တဝင်နည်းဖြစ်ပါတယ်။

၂ - လေ့လာမှုအား

ဖေ့စ်ဘွတ်ပေါ်မှာ သူ့ကို ရှာပါမယ်။ အင်စတာဂရမ်အကောင့်ရှိလား လေ့လာပါမယ်။ ဒါပေမဲ့ သူငယ်ချင်းတောင်းတာ၊ ဖော်လိုးလုပ်တာတွေကလည်း လုပ်ဖို့ မရဲပါဘူး။ သူ့ပို့စ်တွေ၊ သူနဲ့ပတ်သက်တာတွေကို လိုက်ကြည့်နေရင်းနဲ့ အချိန်များစွာ ကုန်သွားတတ်ပါတယ်။

 

၃ - တူတာဘာရှိလဲ

ဒီလိုလေ့လာမှုကနေ မျှော်လင့်တာကတော့ နှစ်ယောက်တူတာ ဘာရှိလဲဆိုတာပါပဲ။ တူတာတစ်ခုတွေ့သွားရင် သူလည်း ဒါမျိုးကြိုက်တာပဲလို့ စိတ်ထဲမှာ မှတ်မှတ်ထင်ထင်ဖြစ်သွားပါတယ်။ ဒါမျိုးတွေလည်း လုပ်တတ်တာပဲ၊ ငါနဲ့တော်တော်အကြိုက်ချင်းတူတာပဲလို့ ကိုယ့်ဘာကိုယ် တွက်ဆနေတတ်ပါတယ်။ တူတာနည်းတဲ့အခါမှာလည်း အရမ်းကြီးတော့မဝေးပါဘူးလို့ ပြောနေတတ်ပါတယ်။

၄ - အမှတ်တမဲ့

ဒါလည်း ဂန္တဝင်နည်းတစ်နည်းလို့ ပြောလို့ရပါတယ်။ သူရှိတဲ့နေရာတွေကို သူရှိနိုင်တဲ့ အချိန်လောက်သွားတာ ဖြစ်ပါတယ်။ သူဘယ်အချိန်မှာ ဘာလုပ်တတ်တယ်ဆိုတဲ့ အလေ့အထကို မှတ်ထားပါတယ်။ ဒါပေမဲ့ သူနဲ့တွေ့ဆုံမှုဟာ အမှတ်တမဲ့ပုံစံမျိုး သင်ကလုပ်တတ်ပါတယ်။

 

၅ - ခွဲခြမ်းစိတ်ဖြာ

သင့်နားမှာ သူလုပ်တာတွေမှန်သမျှကို ခွဲခြမ်းစိတ်ဖြာ ကောက်ချက်ချကြည့်ပါတယ်။ ဒါပေမဲ့ ဒီကောက်ချက်ချမှုတွေက သင့်ဘက်ကသာ အလွန်အကျွံတွေးပြီ ကောက်ချက်တာတွေ ဖြစ်နေတတ်ပါတယ်။ အုပ်စုတစ်စုထဲမှာ သူက အားလုံးကို ရည်ရွယ်စနောက်တာမျိုးဖြစ်တတ်ပေမဲ့ သင့်ကိုရည်ရွယ်တယ်လို့ ထင်နေတာမျိုးပါ။

၆ - ဟာသ

သူဟာသပြောရင် သင်က ရယ်ပါတယ်။ သင်ရယ်တာက အားလုံးထက် ပိုအသက်ပါပါတယ်။ အစောကြီးကတည်းက သူနဲ့ပတ်သက်ရင် အကြည်ဓာတ်ရှိနေတာကြောင့် သင့်ရယ်တာက သူများထက်ကို ပိုနေတာပါ။ သူ့ဟာသတွေကို သူများထက်ကို ခံစားတတ်နေတာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -ရင်ခုန်စရာကောင်းတဲ့ ကောင်လေးတွေဆိုတာ )

Photos & Source: Candy

Share

Loading Next Article...
က္က