လက်ထပ်မယ်လို့ သေချာပေါက် ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဒီမေးခွန်းတွေကို အပြန်အလှန် မေးမြန်းထားရပါမယ်။
 

အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ကိုယ်တူပူးပေါင်းတဲ့ ဘဝသစ်ခု တည်ဆောက်ရတာပါပဲ။ အရင်က ဘယ်လိုပဲနေခဲ့ နေခဲ့ ခုတော့ နှစ်ယောက်တစ်ဘဝဖြစ်သွားကြပြီလေ။ အိမ်ထောင်ဘက်နဲ့ကိုယ့်ကြားမှာ ပွင့်လင်းမြင်သာမှုရှိဖို့က ထိပ်ဆံုံးကအရေးကြီးပါတယ်။ ငွေဆိုတာကလည်း ဘဝမှာ ဒုတိယဘုရားလို ဖြစ်နေတော့ ကိုယ်နဲ့သူ့ရဲ့ နှစ်ယောက်တစ်ဘဝလေးမှာ ငွေကြောင့် စိတ်မညစ်ဖို့ကိုလည်း ကြိုတင်တားဆီးရပါဦးမယ်။ ဒီတော့ လက်ထပ်မယ်လို့ သေချာပေါက် ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဒီမေးခွန်းတွေကို အပြန်အလှန် မေးမြန်းထားရပါမယ်။

သင်နှစ်သက်နိုင်မယ့်ဆောင်းပါး ---> ဖခင်ကောင်းတစ်ဦး ဖြစ်လာနိုင်မယ့် ယောကျ်ားကောင်းဆိုတာ

၁။ နှစ်ဘက်မိဘတွေက အလုပ်အကိုင်ရှိရဲ့လား

မိဘတွေက အလုပ်အကိုင် ဒါမှမဟုတ် ပုံမှန်ဝင်ငွေရှိတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒီလိုမှမဟုတ်ဘဲ မှီခိုနေရတယ်ဆိုရင်တော့ တစ်မျိုးတစ်ဖုံး စဉ်းစားဖို့ လိုလာပါပြီ။ ယူပြီးသွားရင် ဘယ်လောက်ထောက်ပံ့ကြမလဲဆိုတာ ကြိုညှိထားပါ။

 

၂။ မိဘတွေကရော ပိုက်ဆံနဲ့ပတ်သက်ပြီးဘာပြောလဲ

ပွင့်ပွင့်လင်းလင်း မေးမြန်းပါ။ သူ့မိဘတွေက လစဉ် ထောက်ပံ့ငွေကို ဘယ်လောက်အထိ တောင်းဆိုသလဲဆိုတာ သိထားဖို့ လိုပါတယ်။ ကိုယ့်မိဘကိုလည်း ကိုယ့်ဘက်က ဘယ်လောက်ပြန်ကန်တော့ချင်ကြောင်း သူ့ကိုပြောပြပါ။

သင်နှစ်သက်နိုင်မယ့်ဆောင်းပါး ---> အမျိုးသားတွေ ဘဝလက်တွဲဖော်အဖြစ် စဉ်းစားလေ့ရှိတဲ့ အမျိုးသမီးတွေဆိုတာ

၃။ အကြွေးရှိနေလား

အကြွေးတွေရှိနေရင်လည်း မကွယ်မဝှက် ပြောဖို့ သူ့ကိုတိုက်တွန်းပါ။ မင်္ဂလာစရိတ်၊ အိမ်စရိတ်တွေကို ချင့်ချိန်လို့ရတာပေါ့။ ယူပြီးမှ အကြွေးထဲ သံသရာလည်နေရင်းလည်း ဘယ်လိုမှ ပျော်နိုင်မယ်မထင်ပါဘူး။ ယူပြီးတဲ့နောက် နှစ်ယောက်ဝင်ငွေထဲက အချိုးကျထည့်ဝင်ပြီး အကြွေးတွေခွဲဆပ်သင့်ရင် ဆပ်ရတာပေါ့။

 

၄။ မိဘတွေက ကိုယ့်ကိုထောက်ပံ့ပေးနိုင်လား

တကယ်လို့များ ကိုယ်တွေမှာ အရေးပေါ် ငွေသုံး လိုအပ်လာပြီဆိုရင် မိဘတွေက ဘယ်လိုတွေ ထောက်ပံ့နိုုင်ခြေရှိသလဲဆိုတာကိုပါ သိထားဖို့ လိုအပ်ပါတယ်။ ဒီမေးခွန်းကိုတော့ ဒဲ့မမေးလိုက်ပါနဲ့။ ပါးပါးနပ်နပ်နဲ့ မေးမြန်းရမှာဖြစ်ပါတယ်။ ကိုယ်သာ စကားပြောမှားသွားရင် သူ့ဘက်က စိတ်မကောင်းဖြစ်သွားနိုင်တာကို မမေ့ပါနဲ့။

Share

Loading Next Article...
က္က