ဒီလိုလူမျိုးတွေနဲ့ ပေါင်းမနေပါနဲ့။ ကိုယ့်ကို တန်ဖိုးမထားလို့သာ ဒီလိုလုပ်တာပါ။
 

မိသားစုဝင်တွေကြား၊ ချစ်သူတွေကြားက ပတ်သက်မှုကသာ အရေးကြီးတာမဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေကောင်းဆိုတာလည်း အရေးပါတဲ့ ပတ်သက်မှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိပ်လိုမျိုး ကိုယ့်ကိုဒုက္ခပေးနေသူကိုတော့ သူငယ်ချင်းအဖြစ်ကနေ စွန့်လွှတ်လိုက်ပါ။

၁။ သူ့ဖက်ဘဲကြည့်တယ်

သူ့အတွက် အကျိုးဖြစ်စေမယ့်ကိစ္စဆိုရင် ကိုယ့်ကို မရအရ ခေါ်ပါတယ်။ ကိုယ့်ဘက်ကို ငဲ့ကွက်ခြင်းမရှိပါဘူး။ ဒီလိုလူမျိုးတွေနဲ့ ခပ်ဝေးဝေးနေတာ အကောင်းဆုံးပါပဲ။

၂။ စိတ်ခံစားချက်

သူငယ်ချင်းဆိုတာ ကောင်းတူ၊ ဆိုးတူ ဖြစ်ရမှာပါ။ ကိုယ့်စိတ်ခံစားချက်ကိုလည်း ပေါ့ပါးပျော်ရွှင်စေသလို လိုအပ်ရင်လည်း နွေးထွေးမှုကိုရတဲ့ ခံစားချက်ရှိမှ သူငယ်ချင်းလို့ ခေါ်ပါတယ်။ သူနဲ့နေရတာ စိတ်မကျေမနပ်ဖြစ်ရတယ်၊ ဒေါသထွက် အားငယ်ရတာမျိုးဆိုရင်လည်း သူငယ်ချင်းအစစ်မဟုတ်ပါဘူး။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> အမျိုးသမီးတိုင်း လိုအပ်တဲ့ သူငယ်ချင်း (၆) မျိုး

 

၃။ ဘဝအပေါ်သက်ရောက်မှု

သူနဲ့တွေ့ဆုံ ခင်မင်နေခြင်းဟာ ကိုယ့်ဘဝကို ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။ ကောင်းတာတွေ တိုးလာသလား၊ ဆုံးရှုံးနစ်နာမှုတွေ များလာသလား။ သူငယ်ချင်းကောင်းဆိုတာ ကိုယ့်အတွက် ကောင်းတဲ့အရာတွေကို ပိုဖြစ်စေတဲ့သူပါ။ ကောင်းတာနဲ့ဆိုးတာ ညီမျှတဲ့ သက်ရောက်မှု ရှိနေရင်လည်း သူငယ်ချင်းလို့ မခေါ်ထိုက်ပါဘူး။

၄။ ကိုယ့်ပန်းတိုင်ရောက်ဖို့ ကူညီသလား

ကိုယ့်ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက် ပန်းတိုင်တွေကို သူတို့က အမြဲတမ်း ဝေဖန်နေတာလား၊ ထောက်ခံအားပေးနေတာလား။ သူငယ်ချင်းကောင်းဆိုတာ ကိုယ့်ရဲ့ရည်မှန်းချက်ကို မရောက်ရောက်အောင် ထောက်ခံအားပေးနေတဲ့သူပါ။ ကူညီနိုင်သမျှလည်း ကူညီပါတယ်။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> သင်က သူငယ်ချင်းကောင်းမဟုတ်ဘူးဆိုတာ ပေါ်လွင်နေတဲ့အချက် (၁၀) ချက်

 

၅။ ကိုယ့်ကိုစိတ်ပျက်အောင်လုပ်သူတွေ

ချိန်းထားပြီးမှ ဖျက်လိုက်တာမျိုး၊ ကိုယ်လိုအပ်နေချိန်တိုင်း မအားဘူးလို့ ပြောလွှတ်တာမျိုးက သူငယ်ချင်းကောင်းမှမဟုတ်တာလေ။ ဒီလိုလူမျိုးတွေနဲ့ ပေါင်းမနေပါနဲ့။ ကိုယ့်ကို တန်ဖိုးမထားလို့သာ ဒီလိုလုပ်တာပါ။ သူတို့နဲပတ်သက်မယ့်အစား ကိုယ့်ကိုတန်ဖိုးထားသူတွေနဲ့သာ အချိန်ကုန်ရတာ အကျိုးရှိပါတယ်။

Source : Mail Online

Share

Loading Next Article...
က္က