ကိုယ်တွဲနေတဲ့ရည်းစားက အတ္တကြီးတဲ့လူဟုတ်မဟုတ် အောက်ပါအချက်တွေကိုကြည့်ပြီး သိနိုင်ပါတယ်။


ဒီခေတ်ကြီးထဲမှာ သမီးရည်းစားဖြစ်ဖို့ဆိုတာလွယ်ပါတယ်။ အပျင်းပြေရည်းစားဆိုပြီးအလွယ်တကူတွေ့ရာကောက်တွဲနေကြတဲ့ ခေတ်ကြီးထဲမှာ ခံစားချက်အစစ်အမှန်တွေ ထည့်ရင်းလိုက်တဲ့သူက ရှုံးတာပါပဲ။ ဒီကြားထဲ ကိုယ့်ရည်းစားက အတ္တကြီးတဲ့လူတစ်ယောက် ဖြစ်နေမယ်ဆိုရင် စိတ်ညစ်ညူးရတာ နေ့နေ့ညည ဖြစ်လာပါလိမ့်မယ်။ ကိုယ့်ရည်းစား အတ္တကြီးတဲ့လူ တစ်ယောက်ဟုတ်မဟုတ်ကို အောက်ပါနည်းလမ်းတွေနဲ့ ခွဲခြားနိုင်ပါတယ်။



၁။ အရာရာတိုင်းဟာ သူတို့သဘောအတိုင်းဖြစ်လာတယ်

အဲဒီလိုလူတွေက အရာရာတိုင်းမှာ သူတို့စိတ်တိုင်းကျဖြစ်ချင်ပါတယ်။ ပီဇာမှာစားဖို့ ဘာ topping ထည့်မလဲကအစ၊ ရုပ်ရှင်ရုံမှာဘာကားကြည့်မလဲအဆုံး နေရာတိုင်းမှာ သူတို့စိတ်တိုင်းကျပဲ ဖြစ်လိုပါတယ်။ ညှိဖို့ကြိုးစားလိုက်တိုင်း ရန်ုဖြစ်ရတာ၊ ပြဿနာဖြစ်ရတာပဲ အဖတ်တင်ပါလိမ့်မယ်။ သူတို့က သူတို့ကိုယ်သူတို့ကလွဲပြီး တခြားလူကိုဂရုမစိုက်တတ်ပါဘူး။ ခင်ဗျားရဲ့အချိန်တွေကိုလည်း တန်ဖိုးထားမှာမဟုတ်ပါဘူး။

၂။ ခင်ဗျားနဲ့စကားပြောရင် ခပ်မာမာပဲပြောတယ်

 

လူမှုဆက်ဆံံရေးးကျွမ်းကျင်သူတွေရဲ့အဆိုအရ အပြန်အလှန်လေးစားမှုမရှိခြင်းက ဆက်ဆံရေးတစ်ခုပြိုကွဲစေခြင်းရဲ့ အဓိကအချက်ပဲလို့ ဆိုပါတယ်။ သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ အပြန်အလှန် လေးစားမှုမရှိဘူးဆိုတာ မကောင်းတဲ့အမြင်တွေ၊ ဝေဖန်မှုတွေ၊ ရွဲ့စောင်းပြောဆိုတာတွေကို ဆိုလိုပါတယ်။ ခင်ဗျားလည်းသိပြီးသားပါပဲ။ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ ဆက်သွယ်ရေးဆိုတာ အဓိကအချက်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက်ပုံမှန်ဆက်သွယ်ခြင်းမရှိတဲ့ အတွဲကလည်း ကြာကြာမခံပါဘူး။ ပြတ်တာပါပဲ။ ဒီတော့ ခင်ဗျားကိုယ်ခင်ဗျားပဲ ပြန်မေးလိုက်ပါ။ ခင်ဗျားရည်းစားပြောတဲ့စကားတွေက ခင်ဗျားကို ဘယ်လိုခံစားရစေလဲလို့။ ပျော်ရွှင်စေလား။ စိတ်ညစ်စေလား။

၃။ စိတ်ပါလက်ပါ မရှိဘူး

13806772_l.jpg

သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ စိတ်ပါလက်ပါမရှိဘူးဆိုတာက စိတ်ပါဝင်စားမှုမရှိခြင်းကိုဖော်ပြနေတဲ့အချက်တစ်ချက်ပါပဲ။ တကယ်လို့ခင်ဗျားတို့နှစ်ယောက် ချိန်းတွေ့တဲ့အခါတိုင်းမှာ ခင်ဗျားကချည်းပဲ စိတ်ပါလက်ပါနဲ့ဦးဆောင်ပြီး ခင်ဗျားရဲ့ရည်းစားက နောက်ကစိတ်မပါ လက်မပါနဲ့ အီလေးဆွဲလိုက်နေပြီဆိုရင် တစ်ခုခုတော့မှားနေပါပြီ။ ခင်ဗျားတို့နှစ်ယောက်ရဲ့ဆက်ဆံရေးလေး တည်မြဲဖို့ သူ့ဘက်ကအချိန်တွေ၊ အားထုတ်မှုတွေ ဘာမှပါမလာတော့ဘူးဆိုရင်တော့ ခင်ဗျားဘာဆက်လုပ်မလဲ မေးသင့့်ပါပြီ။

၄။ တခြားလူတွေနဲ့ကြူနေတာကိုမိမယ်

 

ကြူတယ်ဆိုတာ ဒီခေတ်ကြီးထဲမှာ ချစ်ကြောင်း၊ ကြိုက်ကြောင်းပြောနေတာလောက်ကို ကြူတယ်မခေါ်တော့ပါဘူး။ ကိုယ်မဟုတ်တဲ့တခြားတစ်ယောက်နားမှာ ပျော်ရွှင်နေမယ်။ ရယ်မောနေမယ်။ Emoji လေးတွေ ပို့လိုက်၊ ဟာသအတိုလေးတွေ share လိုက်လုပ်နေတာလည်း ကြူတာပါပဲ။ ဒီလိုမျိုးလုပ်နေတာတွေကို ခင်ဗျားမျက်စိနဲ့ တပ်အပ်မြင်လိုက်ရပြီဆိုုရင်တော့ တစ်ခုခုလုပ်ဖို့ အမြန်ဆုံး ပြင်ဆင်ပါတော့။

သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး (ကတ္တီပါလမ်းခွဲလေးဖြစ်အောင်)

Source: PowerOfPositivity

Share

Loading Next Article...
က္က