သမီးရည်းစားထုံးစံရန်ဖြစ်ကြပြီဆိုရင် ပြဿနာပြေလည်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


သမီးရည်းစားတို့ ဘာသာဘာဝ စကားများကြတာဟာ မဆန်းပါဘူး။ အမြင်မတူမှုတွေကနေ ပဋိပက္ခတွေဖြစ်စေပြီး ပဋိပက္ခတွေကနေ ရန်ပွဲတွေဖြစ်လာစေပါတယ်။ သမီးရည်းစားထုံးစံရန်ဖြစ်ကြပြီဆိုရင် ပြဿနာပြေလည်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်ကနေ တစ်ဆယ်ထိရေပါ

shutterstock_10845220 (1).jpg 

ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်ပါတယ်။ ခင်ဗျားမနှစ်သက်တာတစ်ခုခု၊ ဒါမှမဟုတ် ခင်ဗျားနဲ့သဘောထားမတိုက်ဆိုင်တာ တစ်ခုခုကို ကြားရမယ်ဆိုရင် အသက်ကိုပြင်းပြင်းရှူပြီး တစ်ကနေတစ်ဆယ်အထိ ရေတွက်ကြည့်လိုက်ပါ။ တစ်ဒင်္ဂထွက်တဲ့ ဒေါသကြောင့်တော့ ကိုယ့်ချစ်သူကိုထိခိုက်အောင်လုပ်ချင်မှာမဟုတ်ပါဘူး။ ကိုယ်ထိလက်ရောက်ပဲဖြစ်ဖြစ်၊ စကားနဲ့ပဲဖြစ်ဖြစ်ပေါ့။

၂။ နှစ်ဦးသဘောတူ ရပ်တန့်ချိန်သင်္ကေတ တစ်ခုထားပါ

ကိုယ့်ချစ်သူနဲ့စကားများတာ ရေချိန်တစ်ခုကိုရောက်လာပြီ။ ပေါက်ကွဲခါနီးအချိန်နီးလာပြီဆိုရင် နှစ်ဦးသဘောတူ ကြိုတင်သတ်မှတ်ထားတဲ့ "ရပ်ကြစို့" ဆိုတဲ့အဓိပ္ပာယ်ပါတဲ့ သင်္ကေတတစ်ခုကို ပြသသင့်ပါပြီ။ ဒါဟာ သင်္ကေတတစ်ခုခု (လက်မြှောက်ပြတာပဲဖြစ်ဖြစ်) ဖြစ်နိုင်သလို စကားလုံးတစ်လုံးလည်းဖြစ်နိုင်ပါတယ်။ နှစ်ယောက်လုံးကြိုတင်သိထားဖို့လိုတာက ဒီသင်္ကေတကိုပြပြီဆိုရင် သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်တော့မယ်ဆိုတာပါပဲ။

၃။ အနိုင်ရဖို့မကြိုးစားပါနဲ့

couple-in-a-fight-sitting-together.jpg 

အနိုင်ရခြင်း၊ ရှုံးခြင်းက တကယ်တမ်းတော့အရေးသိပ်မကြီးပါဘူး။ ကိုယ့်ချစ်သူနဲ့စကားများပြီဆိုရင် နိုင်တာတွေ၊ ရှုံးတာတွေက သိပ်အရေးမပါတော့ပါဘူး။ စကားများနေချိန်မှာအရေးကြီးတယ်လို့ ထင်နေတဲ့ ခံစားချက်တွေက သွေးအေးသွားရင် ဘာမှမဟုတ်တော့ပါဘူး။ ဒါကြောင့်စကားများကြပြီဆိုရင် အရှုံးပေးတတ်ဖို့ကြိုးစားကြည့်ပါ။ ထူးခြားမှုကိုတွေ့ရပါလိမ့်မယ်။

၄။ တချို့ကိစ္စတွေက ရန်ဖြစ်ဖို့မလိုပါဘူး

အမြင်မတူတာက သဘာဝပါပဲ။ အထူးသဖြင့် ယောကျ်ာလေးနဲ့မိန်းကလေးကြားမှာ တချို့ကိစ္စတွေမှာ ဘယ်တော့မှ အမြင်တူမှာမဟုတ်ပါဘူး။ ဒါကြောင့်အဲဒီလိုကိစ္စမျိုးတွေကြောင့်တော့ ရန်မဖြစ်သင့်ဘူးဆိုတာကို သိထားသင့်ပါတယ်။ နောက်ပြီးကြာလာရင် ဒါတွေက စိတ်ဖိစီးမှုနဲ့နောင်တတွေပဲ ဖြစ်လာပါလိမ့်မယ်။ ဘယ်လိုအရာတွေအတွက် အချိန်ကုန်ခံသင့်လဲ။ အချိန်ကုန်မခံသင့်လဲ ဆိုတာကို အမျှော်အမြင်ရှိရှိ ရွေးချယ်တတ်ပါစေ။

၅။ ပွေ့ဖက်လိုက်ပါ

8358ce4f204cafba_Ryker_Tara_Engagement_153.jpg 

အထင်လွဲနေတာပဲဖြစ်ဖြစ်၊ အမြင်မတူတာပဲဖြစ်ဖြစ် ပြဿနာဖြစ်နေချိန်မှာတော့ ခင်ဗျားမလုပ်ချင်ဆုံးအရာက ခင်ဗျားရှေ့မှာရပ်နေတဲ့လူနဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု ပြုလုပ်တာပဲဖြစ်မှာပါ။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုလေးတွေက "ဒီလူကို ငါချစ်နေသေးပါလား" ဆိုတဲ့အသိကိုဝင်စေပါတယ်။ ခင်ဗျားဟာ ယောကျာ်းပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ပြဿနာဖြစ်ကြလို့ အခြေအတင်အနေအထားကို ရောက်ပြီဆိုရင် အတင်းသာပွေ့ဖက်ထားလိုက်ပါ။ ဒီနည်းလမ်းက ရန်ပွဲအကြီးကြီး ဖြစ်လာစေနိုင်တဲ့ လမ်းကြောင်းကနေ လမ်းလွဲစေပါတယ်။

သင်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာ (ပွေ့ဖက်ခြင်းအမျိုးမျိုးနဲ့ သူတို့ရဲ့အဓိပ္ပာယ်များ)

Source: Brightside.me

Share

Loading Next Article...
က္က