သမီးရည်းစားတွေကြားမှာ Phubbing လို့ခေါ်တဲ့ trend အသစ်တစ်ခုပေါ်နေပါတယ်။ Phubbing ဆိုတာဘာလဲဆိုတော့ Phone+Snubbing ပါတဲ့။ တစ်ချိန်လုံးဖုန်းပွတ်နေပြီး ရည်းစားကို စောင်ဖက်မလုပ်တာပေါ့။ ခင်ဗျားမှာ အဲဒီလိုမျိုး အချိန်ပြည့်ဖုန်းပွတ်နေတတ်တဲ့ရည်းစားတစ်ယောက်ရှိလား။ ဒါမှမဟုတ် ခင်ဗျားရည်းစားရှေ့မှာ အဲလိုမျိုးဖုန်းပွတ်နေမိလား။ ဒါဆိုရင်တော့ ဖုန်းပွတ်ခြင်းက သမီးရည်းစားဆက်ဆံရေးတစ်ခုကို ဘယ်လိုုမျိုးအကျိုးသက်ရောက်နိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အမှန်တော့ ဒီလိုမျိုးလုပ်နေမိတာ ခင်ဗျားတစ်ယောက်တည်းတော့မဟုတ်ပါဘူး။ သုတေသီတွေရဲ့အဆိုအရ လူ (၁၀၀) မှာ (၄၆) ယောက်လောက်က ဒီလိုအချိန်ပြည့်ဖုန်းပွတ်နေမိခြင်းရဲ့ သားကောင်ဖြစ်နေတတ်ပြီး ဒါဟာကောင်းတဲ့လက္ခဏာတစ်ခုလည်း မဟုတ်ပါဘူးတဲ့။ သမီးရည်းစားအတွဲတွေကြားမှာ ချစ်ခြင်းမေတ္တာကုန်ခမ်းလာတာ ဒီအခြင်းအရာနဲ့လည်း သက်ဆိုင်နေပါသတဲ့။

ဖုန်းပွတ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ

Fotolia_60569185_M.jpg 

စမတ်ဖုန်းတွေက ကျွန်တော်တို့ရဲ့အာရုံစူးစိုက်မှုတွေကိုဆွဲဆောင်တတ်ပြီး ကြာလာရင်သမီးရည်းစားဆက်ဆံရေးက သွေးအေးသွားတတ်ပါတယ်။ လူတိုင်းလူတိုင်းဟာ အာရုံစိုက်ခံချင်ကြတဲ့လူတွေဖြစ်လို့ ကိုယ့်ချစ်သူဖုန်းပွတ်နေခြင်းက ကိုယ့်အပေါ်အာရုံုမရှိဘူးလို့ ဖော်ပြနေတာကိုတော့ ငြင်းဆိုဖွယ်မရှိပါဘူး။ နောက်ပြီး မသိစိတ်ထဲကပဲဖြစ်ဖြစ်၊ သိစိတ်ထဲကပဲဖြစ်ဖြစ် ခင်ဗျားချစ်သူရဲ့အပြုအမူကို ဒေါသထွက်မိမှာပါ။ ဒီလိုနဲ့သမီးရည်းစားနှစ်ယောက်ကြားက တန်ဖိုးရှိတဲ့အချိန်လေးတွေ၊ ရိုမန်းတစ်ဆန်တဲ့အရာလေးတွေ ပျောက်ကွယ်သွားပါရော။ ဖုန်းပွတ်ခြင်းကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အကျိုးဆက်လေးတွေကတော့ ....

-ရည်းစားနဲ့ ခဏခဏစကားများရမယ်

-သမီးရည်းစားဆက်ဆံရေးကြီးကို စိတ်ပျက်လက်ပျက်ဖြစ်လာမယ်

-တစ်ယောက်ကိုယ်တစ်ယောက် အချိန်မပေးနိုင်တော့ဘူး

-ခင်ဗျားရဲ့ချစ်သူက ခင်ဗျားအပေါ်စိတ်ဝင်စားမှုနည်းလာပြီး တခြားနေရာမှာပဲ အပျော်သွားရှာတော့မယ်

-နှစ်ယောက်ကြားက ချစ်ခြင်းတရားတွေပျောက်ဆုံးလာမယ်

ဖုန်းပွတ်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုထိန်းချုပ်မလဲ

3820813f96b3cf8d4ed438edd5bd3d23.jpg 

ဖုန်းပွတ်ခြင်းကြောင့် သမီးရည်းစားဆက်ဆံရေးအဆုံုးမသတ်စေဖို့ နည်းလမ်းလေးတွေရှိပါသေးတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့...

-သမီးရည်းစား (၂) ယောက်ဆုံကြပြီဆိုရင် ဖုန်းတွေကိုဘေးဖယ်ထားပြီး ကိုယ့်ချစ်သူကိုပဲ အပြည့်အဝအချိန်ပေးပါ

-အိပ်ယာထဲကို ဖုန်းယူသွားခြင်းကိုရှောင်ရှားပြီး ကိုယ့်ချစ်သူပြောစကားကို သေချာနားထောင်ပါ။ သူ့မှာ ပြောစရာစကားတွေရှိချင်ရှိနေနိုင်ပါတယ်။

-တစ်ယောက်ယောက် ကိုယ့်ကိုစကားပြောနေချိန်မှာ ဖုန်းစခရင်ကိုစိုက်ကြည့်နေတတ်ခြင်းကို ရှောင်ကြဉ်ပါ။ တစ်ဖက်လူကိုလေးစားပါ။

-ကိုယ့်ချစ်သူနဲ့တူတူ အစားစားနေချိန်မှာလည်း ဖုန်းမပွတ်ပါနဲ့။ အစားကိုပဲအာရုံစိုက်စားပြီး ကိုယ့်ချစ်သူနဲ့အတူ ထွေရာလေးပါးစကားလေးတွေကို ပြောပါ။

ဒီလိုရိုးရှင်းလွယ်ကူတဲ့နည်းလမ်းလေးတွေက ဖုန်းပွတ်ခြင်းကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေကို ကာကွယ်နိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရည်းစားက ဖုန်းအသေပွတ်တတ်သူဆိုရင် ဒီအချက်လေးတွေကို ခေါ်ပြပြီး လိုက်နာဖို့တောင်းဆိုပါ။ တကယ်လို့ ခင်ဗျားက ဖုန်းပွတ်နေမိတတ်တဲ့တစ်ယောက်ဆိုရင် ဒီနည်းလမ်းလေးတွေကို လိုက်နာပြီး ခင်ဗျားတို့နှစ်ယောက်ကြားက ဆက်ဆံရေးကောင်းမွန်မှုကို ပြန်လည်တည်ဆောက်ပါ။ ဖုန်းပွတ်ခြင်းက ခင်ဗျားတို့နှစ်ယောက်ကို ဝေးအောင်မလုပ်ခင် ဖုန်းပွတ်ခြင်းကို ဝေးဝေးကိုဝဲလိုက်ပါ။

သင်စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာ (သမီးရည်းစားတွေရန်ဖြစ်ရင် ပြေလည်စေမယ့်နည်းလမ်းလေးတွေ)

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က