သူစိုးရိမ်နေရတဲ့အခြေအနေဟာ သူဖန်တီးတာ မဟုတ်သလို သူရွေးချယ်တာလည်း မဟုတ်ပါဘူး။
 

ကျွန်တော်တို့ဟာ စိုးရိမ်နေတဲ့ လူတစ်ယောက်ကို စိတ်အေးအေးထားပါ ဆိုတဲ့ စကားတွေနဲ့ နှစ်သိမ့်လေ့ရှိပါတယ်။ ဒီလိုနှစ်သိမ့်စကားပြောလိုက်ရင် တစ်ဘက်လူက စိတ်အေးလက်အေး ဖြစ်သွားတယ်ဆိုတာမျိုးလည်း ဘယ်တော့မှ မတွေ့ရပါဘူး။ သူ ကြုံနေရတဲ့ အခြေအနေကို သက်သာသွားစေတယ်ဆိုတာလည်း မရှိပါဘူး။

တကယ်တော့ စိတ်အေးအေးထားပါ ဆိုတဲ့ စကားကို မပြောသင့်ပါဘူး။ သူစိုးရိမ်နေရတဲ့အခြေအနေဟာ သူဖန်တီးတာ မဟုတ်သလို သူရွေးချယ်တာလည်း မဟုတ်ပါဘူး။ ဒီအခြေအနေမှာ ကျွန်တော်တို့ဟာ စိတ်အေးအေးထားပါလို့ ပြောလိုက်တာဟာ ကိုယ်မဟုတ်လို့ အလွယ်ပြောသလို ဖြစ်နေတတ်ပါတယ်။ စိုးရိမ်နေသူမှာ အကျဉ်းအကျပ်ထဲ ရောက်ရပါတယ်။ စိုးရိမ်နေတဲ့ ဒုက္ခကို ခံစားနေရတဲ့အပြင် သူ့ရဲ့ စိုးရိမ်မှုကို ကျွန်တော်တို့ရှေ့မှာ ထုတ်ပြလို့ မရနိုင်သလို ဖြစ်သွားပါတယ်။ အခြေအနေနှစ်ခုကို တစ်ပြိုင်နက် ခံစားနေရပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -လူတွေနှစ်သက်တဲ့ လူတစ်ယောက် ဖြစ်လာချင်ရင် )

 

တချို့လူတွေအတွက် စိတ်အေးအေးထားပါဆိုတဲ့ စကားကို ကြားရတာဟာ ပိုမိုစိုးရိမ်ဖို့ သတိပေးသလို ဖြစ်နေပါတယ်။ တကယ်ပြောသင့်တာက "ဘာတွေဖြစ်နေလဲ၊ ဘာတွေ ခံစားနေရလဲ"ဆိုတဲ့ စကားမျိုးပါ။ ပြီးတော့ သူ့ဘက်က ဖွင့်ချလာတဲ့ စကားတွေကို မငြီးမငြူထိုင်နားထောင်ပေးရမှာ ဖြစ်ပါတယ်။ စိတ်အေးအေးထားပါ ဆိုတဲ့စကားကတော့ ဘာမှမပြောနဲ့၊ ဘာမှလည်း စိုးရိမ်ကြောင်း မပြနဲ့ဆိုတာမျိုး ဖြစ်နေပါတယ်။ 

ပြောချင်တာက မင်းခံစားနေရတာ ငါသိပါတယ်၊ ငါ မင်းကို ကူညီချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဒါပေမယ့် စိုးရိမ်နေရသူအတွက်တော့ မင်းခံစားနေရတာ ငါသိတယ်၊ ဒါပေမယ့် မင်းအဲ့လိုခံစားပြနေတာကြီးက ငါ့အတွက် သက်သောင့်သက်သာ မရှိဘူးလို့ ပြောလိုက်သလိုပါပဲ။

 

ကျွန်တော်တို့ဟာ စိုးရိမ်မှုကြီးကြီးမားမား ရှိနေသူကို နှစ်သိမ့်စကား ပြောကြားမယ်ဆို သတိထားဖို့ လိုပါတယ်။ ပြီးစလွယ်အသုံးအနှုန်းမျိုး မသုံးနှုန်းမိဖို့ အရေးကြီးပါတယ်။

လူတွေဟာ အကောင်းဘက်မရောက်တဲ့ ခံစားမှုတွေကို ပွင့်လင်းစွာ ဆွေးနွေးဖို့ ဝန်လေးကြပါတယ်။ အလွန်အမင်းစိုးရိမ်နေသူနဲ့တွေ့တဲ့အခါ လက်တွေ့ကျကျ သင်ဘက်က ဘယ်လိုမှ မကူညီနိုင်ဘူးဆို သူတို့ ပြောတာကို နားထောင်ပေးတာဟာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။

Photos & Source: Bustle

Share

Loading Next Article...
က္က