ဒီလိုအပြုအမူတွေဟာ တစ်ဖက်လူရဲ့ ဒေါသတွေကိုသာ တိုးပွားစေပါတယ်။
 

လူတစ်ယောက်က ကိုယ့်အပေါ် ဒေါသထွက်နေရင် နေရထိုင်ရတာ ဘယ်လိုမှအဆင်မပြေပါဘူး။ ကိုယ့်ဘက်ကလည်း ဒေါသတွေနဲ့ တုံ့ပြန်လိုက်ရင် ဒေါသပေါ်ဒေါသဆင့်ပြီး အမှားတွေပဲ ဖြစ်လာမှာပါ။ သင့်အပေါ်ထွက်နေသူတစ်ယောက်ရှိတယ်ဆိုရင် ကိုင်တွယ်နိုင်တဲ့ နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

၁ - လက်တုံ့မပြန်နဲ့

ပထမအရေးကြီးဆုံးကတော့ သင့်ဘက်က လက်တုံ့ပြန်တာမျိုး မလုပ်ပါနဲ့။ ဒေါသထွက်နေသူကို ဘယ်တော့မှ ဒေါသနဲ့ ပြန်မတုံပြန်ပါနဲ့။ အဆိုပါအခြေအနေမှာ သင့်အပေါ်လူတွေ လေးစားမှုလျော့ကျသွားတယ်လို့ ထင်တယ်ဆိုရင်တောင်မှ သင့်မာနကို ခဏချထားပြီး ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထေ့တာ ငေါ့တာမျိုးတွေလည်း မလုပ်ပါနဲ့။ ဒေါသနဲ့တုံ့ပြန်တာပဲဖြစ်ဖြစ်၊ ထေ့တာငေါ့တာတွေပဲ ဖြစ်ဖြစ် ဒီလိုအပြုအမူတွေဟာ တစ်ဖက်လူရဲ့ ဒေါသတွေကိုသာ တိုးပွားစေပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - လူအများနဲ့ဆက်ဆံရင် လိုက်နာသင့်တဲ့အချက် (၆) ချက်)

 

၂ - သင်ဂရုစိုက်ကြောင်းပြ

သင့်ဘက်က ဒေါသနဲ့တုံ့ပြန်မှုမျိုးလုပ်မယ့်အစား လက်ရှိအခြေအနေကို ဂရုစိုက်မှုရှိကြောင်းပြပါ။ သူတို့ပြောတဲ့စကားကို ဂရုတစိုက်နဲ့နားထောင်ပေးလိုက်တာဟာ သူတို့ဆီမှာ ဖြစ်ပေါ်နေတဲ့ ဒေါသတွေကို လျော့ပါးသွားစေပါတယ်။ 

၃ - လူသားဖြစ်ကြောင်း ပြ

သင့်ဘက်က ခံစားချက်ကိုလည်း  ပြလို့ရပါတယ်။ ဒီလိုပြသခြင်းကနေ တစ်ဖက်လူရဲ့ စိတ်ဆိုးဒေါသထွက်နေမှုကို လျှော့ချလို့ရပါတယ်။ သူတို့ဒေါသထွက်နေတာကြောင့် သင်ဘယ်လိုခံစားနေရတယ်ဆိုတာကို ပြောရမှာ ဖြစ်ပါတယ်။ ကြောက်ရွံ့တယ်၊ စိတ်ရှုပ်ထွေးတယ်၊ စိတ်ပူတယ် စသဖြင့် သူတို့ကို သိစေရမှာ ဖြစ်ပါတယ်။ သင်ပြောတဲ့စကားလုံးတွေကလည်း သူတို့ကို ထိခိုက်နာကျင်စေဖို့ မရည်ရွယ်ဘဲ သင်ခံစားနေရတာကို ရိုးရိုးရှင်းရှင်း ပြောရမှာ ဖြစ်ပါတယ်။

 

၄ - ခံစားမှုကိုလျှော့ချ

ဒေါသထွက်နေသူဟာ အနည်းငယ် စိတ်လျော့သွားပြီဆိုရင် ပြန်ပြေလည်ဖို့ သင့်ဘက်က စကားပြောလို့ ရပါတယ်။  ဟာသပြောတာ၊ ပြုံးပြတာ၊ ပြေရာပြေကြောင်းပြောတာ စတာတွေကို လုပ်လို့ရပါတယ်။ အရေးကြီးတာက ဒါကို ဘယ်အချိန်မှာ ပြောမယ်ဆိုတာကို သိဖို့လိုပါတယ်။ အရိပ်အကဲအခြေအနေကို နားလည်ဖို့ ဖြစ်ပါတယ်။

၅ - နောက်ဆုံး

တကယ်တော့ တစ်စုံတစ်ဦးရဲ့ ခံစားချက်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး။ အထက်ပါအတိုင်းသင့်ဘက်က ကြိုးစားပေမယ့် သူတို့ဘက်က သင့်ကို မကျေနပ်ချက်တွေက ရှိနေနိုင်ဆဲပါပဲ။ ဒီလိုဆိုရင်တော့ သူတို့ကြောင့် သင့်ပျော်ရွှင်မှုတွေကို အပျက်ဆီးမခံပါနဲ့။ ဖြစ်နိုင်ရင် သူတို့ကို သင့်အတွေးထဲက ထုတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။

Photos & Source: Lifehack

Share

Loading Next Article...
က္က