တစ်ဦးရဲ့ လွပ်လပ်မှုကိုလည်း တစ်ဦးက လေးစားမှုရှိနေပါတယ်။
 

တချို့လူတွေက သင့်ကို တွယ်တာကြောင်း အပြုအမူတွေနဲ့ ထင်ထင်ရှားရှား ပြတတ်ပေမယ့် တချို့ကတော့ ထူးထူးခြားခြားကြီး လုပ်မပြတတ်ပါဘူး။ သူတို့ပုံစံကကို သံယောဇဉ်ရှိကြောင်း ဒီလိုတွေလုပ်ပြီး ပြရမယ်ဆိုတာ မသိလို့ပါ။ နှစ်ဦးသားဆက်ဆံရေးမှာ တွယ်တာမှုပုံစံလေးမျိုးကို တွေ့ရလေ့ရှိပါတယ်။

၁ - ကျေနပ်သူ

ဒီလူအနားမှာ ရှိတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ လုံခြုံတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ ခံစားရပါတယ်။ ဒါ့အပြင် တစ်ဦးရဲ့ လွပ်လပ်မှုကိုလည်း တစ်ဦးက လေးစားမှုရှိနေပါတယ်။ဒီလိုတွယ်တာမှုပုံစံမျိုးရှိသူတွေဟာ တစ်ဖက်ရဲ့ အလေးထားမှုတွေကို သူ့ဘက်ကလည်း တန်ဖိုးထားနိုင်သူ ဖြစ်ပါတယ်။ လက်တွဲဖော်မှာ ရှိတဲ့ အခက်အခဲတွေအတွက် အကူအညီရသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အကောင်းမြင်စိတ်များသူတွေပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -ပရဟိတလုပ်ခြင်းကြောင့် ဘာကောင်းကျိုးတွေရရှိသလဲ )

 

၂ - စိုးရိမ်တတ်သူ

နှစ်ဦးသားဆက်ဆံရေးကို မပျော်ရွှင်သလို ခံစားရပါတယ်။ သင့်အတွက်အရေးပါတဲ့ ဒီလူကို ဆုံးရှုံးသွားမလားဆိုတဲ့ စိုးရိမ်မှုမျိုးဟာ အချိန်အတော်များများမှာ ဖြစ်ပေါ်နေပါတယ်။ အပြောင်းအလဲသေးသေးလေးတွေကိုတောင် သူတို့ဘက်က သတိထားမိတတ်ပါတယ်။ ဒရမ်မာဆန်တာတွေ၊ စကားများတာတွေနဲ့ အမြဲရင်ဆိုင်နေရတတ်ပါတယ်။

 

၃ - ဝေးနေချင်သူ

တွယ်တာပေမယ့် တစ်ဦးနဲ့ တစ်ဦးကြား ဝေးကွာနေအောင် သင့်ဘက်ကလုပ်ထားလေ့ရှိပါတယ်။ စိတ်ချင်းပိုမိုရင်းနှီးပြီး သံယောဇဉ်ဖြစ်မယ့်ကိစ္စတွေကို တမင်တကာကို ရှောင်ရှားလေ့ရှိပါတယ်။ သူတို့နှစ်ဦးသားမှာ ရှိနေတဲ့ ဆက်ဆံရေးကို သင့်ဘက်က မလေးနက်ဘူးလို့ တစ်ဘက်လူက ထင်အောင် လုပ်ထားလေ့ရှိပါတယ်။ အစမှာ အဆင်တော်တော်ပြေပေမယ့် နောက်ပိုင်းမှာ ပြသနာတွေက စလာပါတယ်။ အကြောင်းကတော့ အချိန်တွေကြာလာတာနဲ့အမျှ ပိုမိုမနီးစပ်တဲ့ အပြင်ဝေးသလိုတောင် ဖြစ်လာတာကြောင့်ပါ။

 

၄ - မှန်းဆမရသူ

တစ်ဖက်လူကို ယုံဖို့ ခက်ခဲပါတယ်။ နီးစပ်တာပဲ ဖြစ်ဖြစ်၊ ဝေးနေတာပဲ ဖြစ်ဖြစ် အမျိုးမျိုးသော ကြောက်စိတ်တွေ ရှိနေတာ ဖြစ်ပါတယ်။ ခံစားချက်တွေကလည်း  လျင်မြန်စွာ ပြောင်းလဲသွားလေ့ရှိပါတယ်။  အမြဲတမ်းစိတ်ရှုပ်ထွေးနေရတာမျိုး ဖြစ်တတ်ပါတယ်။ သံယောဇဉ်တွယ်ပုံအမျိုးမျိုးထဲမှာ အဆိုးဆုံးတစ်ခုပါ။ အပေါ်က အခြေအနေသုံးခုစလုံးဟာ သူ့မှာ ရှိနေလို့ပါ။

Photos & Source: Lifehack

Share

Loading Next Article...
က္က