ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းပေးပို့မှု ၈ ကြိမ်မြောက် ရှိလာခဲ့ပါတယ်။

အမေရိကန်မှာ နိုဝင်ဘာ ၆ ရက် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ယခုသီတင်းပတ်အတွင်း ဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်နေတဲ့ ထင်ရှားသူတွေထံ ပေါက်ကွဲစေနိုင်တဲ့ ပါဆယ်ပစ္စည်း ပေးပို့မှုတွေ ဆက်တိုက် ဖြစ်ပွားနေခဲ့ပါတယ်။

actor-robert-de-niro-talks-to-reporters-and-film-professionals-during--quot-coffee-with----quot--ev---3068692.jpg

မင်းသားရောဘတ်ဒီနဲရိုး (Photo: Reuters)



ယခုနောက်ဆုံးဖြစ်ရပ်မှာ သံသယဖြစ်ဖွယ် ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းပါဝင်တဲ့ ပါဆယ်ထုပ်တစ်ထုပ်ကို နာမည်ကျော်မင်းသားကြီး ရောဘတ်ဒီနေရိုး ပိုင်ဆိုင်တဲ့ နယူးယော့ခ်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်သို့လည်း ပေးပို့ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ရတယ်လို့ အမေရိကန်မီဒီယာတွေက ပြောပါတယ်။

ရောဘတ်ဒီနဲရိုးထံ ပေးပို့လိုက်တဲ့ ပါဆယ်ထုပ်ဟာ ဒီမိုကရက်တစ်ပါတီမှ သမ္မတဟောင်းဘီလ်ကလင်တန်နဲ့ ဇနီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ သမ္မတဟောင်း ဘာရတ်အိုးဘားမားနဲ့ CNN သတင်းဌာနထံ ပေးပို့ခဲ့တဲ့ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းပါဝင်တဲ့ ပါဆယ်ထုပ်တွေနဲ့ ပုံစံတူဖြစ်တယ်လို့ ဆိုပါတယ်။

_104013712_gettyimages-621679820.jpg

အိုဘားမား၊ ဟီလာရီနှင့် ဘီလ်ကလင်တန် (Photo: EPA)



မင်းသားကြီး ရောဘတ်ဒီနဲရိုး ပိုင်ဆိုင်တဲ့ Tribeca Grill စားသောက်ဆိုင်ကို ယနေ့ (အောက်တိုဘာ ၂၅ ရက်) မနက်အစောပိုင်းက သံသယဖြစ်ဖွယ် ပါဆယ်ထုပ်ရောက်ရှိလာခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်ကို ကိုးကားပြီး NBC သတင်းက ဖော်ပြပါတယ်။

ထို့အတူ အမေရိကန် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်ထံသို့လည်း သံသယဖြစ်ဖွယ် ပါဆယ်ထုပ်နှစ်ထုပ် ပေးပို့ခဲ့မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန် (Photo: AP)



နောက်ဆုံးတွေ့ရှိထားရတဲ့ ပါဆယ်ထုပ်ဟာ အစောပိုင်းမှာ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ သံသယဖြစ်ဖွယ် ပါဆယ်ထုပ်တွေနဲ့ ဆက်နွယ်နေခဲ့ပါက သမ္မတဒေါ်နယ်ထရန့်ကို ဝေဖန်သူတွေထံ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းပေးပို့မှု ၈ ကြိမ်မြောက် ဖြစ်ရပ်လည်း ဖြစ်လာတယ်။

ရောဘတ်ဒီနဲရိုးထံ ပေးပို့လိုက်သည့် သံသယဖြစ်ဖွယ် ပါဆယ်ထုပ် (Photo: CNN)



ရောဘတ်ဒီနဲရိုးဟာ သမ္မတထရန့်ကို ဆန့်ကျင်သူဖြစ်ပြီး နိုင်ငံကိုဘေးဒုက္ခရောက်စေသူလို့လည်း ပြောခဲ့ဖူးပါတယ်။ သံသယဖြစ်ဖွယ် ပါဆယ်ထုပ်ရောက်ရှိလာချိန်မှာ Tribeca Grill စားသောက်ဆိုင် အဆောက်အအုံမှာ စားသုံးသူတွေ ရှိမနေခဲ့ဘူးလို့ နယူးယော့ခ်ရဲဌာနက ပြောခဲ့ကြောင်း NBC သတင်းမှာ ဖော်ပြပါတယ်။

ယခုသီတင်းပတ် တနင်္လာနေ့ (အောက်တိုဘာ ၂၂ ရက်) မှစပြီး နယူးယော့ခ်၊ ဝါရှင်တန်ဒီစီနဲ့ ဖလော်ရီဒါရှိ နေရာတွေကို ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ပေးပို့မှုတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ပါတယ်။

ဘီလျံနာသူဌေးကြီး ဂျော့ဂျ်ဆိုရော့စ် (Photo: AFP/Getty Images)



ပထမဆုံးအကြိမ်အဖြစ် နာမည်ကြီး ဘီလျံနာနဲ့ ရင်းနှီးမြှုပ်နှံသူ ဂျော့ဂျ်ဆိုရော့စ်ရဲ့ နယူးယော့ခ်မြို့အပြင်ဘက်ရှိ နေအိမ်အနီး စာတိုက်ပုံးထဲမှာ ပိုက်လုံးဗုံးတစ်လုံးကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဂျော့ဂျာ်ဆိုရော့စ်ဟာ ဒီမိုကရက်တစ်ပါတီကို အဓိက ထောက်ပံ့ကူညီနေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းများ ပေးပို့ခဲ့သူကို FBI အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးပြီး လိုက်လံရှာဖွေနေပါတယ်။

ရောဘတ်ဒီနဲရိုး ပိုင်ဆိုင်သည့် စားသောက်ဆိုင် အဆောက်အအုံ (Photo: CNN)



ယခုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်မီဒီယာတွေမှာ မဟုတ်မမှန်နဲ့ အပြုသဘောမဆောင်ဘဲ တိုက်ခိုက်ရေးသားထားတဲ့ သတင်းတွေ ဆက်တိုက်ဖော်ပြနေမှုကို အဆုံးသတ်ကြရန် သမ္မတထရန့်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။

Map: BBC

 

ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ပေးပို့ခံရသူများ

- နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်

- သမ္မတဟောင်း ဘာရတ်အိုဘားမား

- ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒန်

- စီအိုအေညွှန်ကြားရေးမှူးဟောင်း ဂျွန်ဘရန်နန် (CNN နဲ့ အလုပ်လုပ်နေသူ)

- ရှေ့နေချုပ်ဟောင်း အဲရစ်ဟိုလ်ဒါ

- ကယ်လီဖိုးနီးယား လွှတ်တော်အမတ် အမျိုးသမီး မက်ဆင်းဝါတားစ်

- ရင်းနှီးမြှုပ်နှံသူနဲ့ လစ်ဘရယ်ဝါဒီ ပရဟိတအလှူရှင် ဘီလျံနာဂျော့ဂျ်ဆိုရော့စ်

- ဟောလိဝုဒ်မင်းသားကြီး ရောဘတ်ဒီနဲရိုး

- နောက်ဆက်တွဲသတင်းဖတ်ရှုရန်

Source: BBC, CNN, Business Insider, NBC

Share

Loading Next Article...
က္က