အတူနေချစ်သူ ကလေးမွေးဖွားလို့ ပြင်သစ်ကို ပြန်သွားခဲ့တာပါ။

ရာသီကြို ခြေစမ်းခရီးစဉ်များအဖြစ် အမေရိကကို ရောက်ရှိနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အန်သိုနီမာရှယ်ဟာ အတူနေချစ်သူ သားကလေးမွေးဖွားတာကြောင့် အသင်းကနေ နှုတ်ထွက်ခဲ့ပြီး ပြင်သစ်ကို ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ မာရှယ်ရဲ့ အပြုအမူ ကြောင့် မော်ရင်ဟိုဟာ အလွန်အမင်း ဒေါသထွက်နေခဲ့တယ်လို့လည်း သိရပါတယ်

Photo : Telegraph

 

အသက် (၂၂)နှစ်အရွယ်ရှိ မာရှယ်ဟာ လော့အိန်ဂျလိစ်ကနေ ပဲရစ်ကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ မနက် (၉း၃၀)မှာ အေစီမီလန်အသင်းနဲ့ ICC ပွဲ ကစားရဖို့ ရှိနေပေမယ့်လည်း မာရှယ်က အသင်းကို ခွင့်တောင်းပြီး ပြင်သစ်ကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ Telegraph ရဲ့ အဆိုအရ မော်ရင်ဟိုဟာ ဒေါသထွက်နေခဲ့ပြီး မာရှယ်ကို အသင်းကနေ ပြန်လည်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီလို့ သိရပါတယ်။

Photo : Telegraph

 

BBC ကလည်း မာရှယ်ကို မော်ရင်ဟို ခွင့်ပြုခဲ့မှုဟာ အသင်းက ပြန်လည်ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ မာရှယ်အတွက် ပေါင်သန်း (၈၀) အလိုရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေကို ပြန်လည်ရောင်းချသွားမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ထိပ်တန်းအဆင့်မှာ ကစားနေနိုင်ဆဲ ရော်နယ်ဒိုရဲ့ လျှို့ဝှက်ချက် ထွက်ပေါ်လာခဲ့ 

Photo : Telegraph

 

ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ကစားခဲ့တဲ့ ကစားသမားတချို့ ပါဝင်လာခြင်း မရှိသေးတာကြောင့် အသင်းအနေအထားအပေါ် စိတ်တိုင်းမကျဖြစ်နေခဲ့တဲ့ မော်ရင်ဟိုဟာ မာရှယ်ရဲ့ အပြုအမူအတွက် ပိုမိုဒေါသထွက်စရာ ဖြစ်လာခဲ့ပါတယ်။ ကစားသမားသစ် (၂)ဦး ထပ်မံခေါ်ယူဖို့ ဆန္ဒရှိတယ်လို့လည်း မော်ရင်ဟိုက ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။

Photo : Telegraph

 

ဒါပေမယ့်လည်း ကစားသမားသစ်ဝယ်ယူဖို့ ငွေကြေးလိုအပ်နေတာကြောင့် အသင်းထံမှ ငွေကြေးထပ်မံထုတ်ပေးဖို့ မော်ရင်ဟိုက မျှော်လင့်နေခဲ့ပါတယ်။ မော်ရင်ဟိုအနေနဲ့ မာရှယ်ကို ပြန်လည်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ငွေကြေးကို အသုံးပြုပြီး ကစားသမားသစ်တွေကို ထပ်မံခေါ်ယူလာနိုင်ဖွယ်လည်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က