အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံး (၃)ခုကို တွက်ချက်ထားတာ ဖြစ်ပါတယ်။

၂၀၁၈-၁၉ ပရီးမီးယားလိဂ် ဘောလုံးရာသီအတွက် ကစားသမား ဖြည့်တင်းမှုအပိုင်းမှာ အဲဗာတန်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ဟာ အခြားသော ပြိုင်ဘက်အသင်းတွေထက် ပိုမိုပြီး ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အပြောင်းအရွှေ့နေ့ရက် နောက်ဆုံးနေ့၊ နောက်ဆုံး အချိန်ထိ အဆိုပါ အသင်းနှစ်သင်းရဲ့ လှုပ်ရှားမှုတွေက ဖြစ်ပေါ်နေခဲ့ပါတယ်။


 

တန်းတက်အသင်း နောက်တစ်သင်းဖြစ်တဲ့ ဝုလ်ဗ်အသင်းကလည်း အင်အားဖြည့်တင်းမှုအပိုင်းမှာ တော်တော်လေး ပြင်ဆင်မှုတွေ ပြုလုပ်ထားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒီ ကလပ်အသင်း (၃)သင်းရဲ့ ကစားသမားခေါ်ယူဖို့အတွက် အားထုတ်ကြိုးပမ်းနေခဲ့မှုတွေဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး အလယ်အလတ်အသင်း နဲ့ အသင်းငယ်လေးတွေရဲ့ ပြင်ဆင်မှုအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ဘာလို့ ဂိုဒင် ငြင်းပယ်ခဲ့တာလဲ 

အဲဗာတန်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာတင် ဘာစီလိုနာကစားသမား (၂)ဦးဖြစ်တဲ့ မီနာ နဲ့ ဂိုမက်စ်၊ ရှက်တာဒိုးနတ် အသင်းမှ ဘားနက်ဒ်တို့ကို ခေါ်ယူနိုင်ခဲ့ပြီး ချယ်လ်ဆီးနောက်ခံလူ ဇူးမားကိုလည်း ခေါ်ယူနိုင်ဖို့အတွက်လည်း လိဂ်အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ပေးမှုတွေကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

Photo : Goal.com

 

ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံး (၃)ခုမှာ ကစားသမားခေါ်မှုအတွက် ငွေကြေးသုံးစွဲမှု အများဆုံး အသင်းတွေကို အစဉ်လိုက်အတိုင်း ကြည့်မယ်ဆိုရင် အဲဗာတန်အသင်းဟာ နံပါတ် (၄)နေရာအထိကို တက်လှမ်းလာနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့အသင်းကတော့ ချယ်လ်ဆီးဖြစ်ပြီး စုစုပေါင်း ပေါင် ၃၆၅သန်းအထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

 

ဒုတိယနေရာမှာတော့ လီဗာပူးလ်က ပေါင် သန်း၃၃၀၊ မန်စီးတီးက ၃၁၈သန်းနဲ့ တတိယနေရာမှာ ရှိနေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းကတော့ ၂၁၇သန်းနဲ့ အဆင့်(၅)နေရာမှာ ရှိနေခဲ့တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမား ပြန်လည် ရောင်းချမှုကိုပါ ထည့်တွက်ပြီး အသားတင်သုံးစွဲမှု အများဆုံးအသင်းတွေအဖြစ် သတ်မှတ်ခဲ့ရာမှာတော့ ပြောင်းလဲမှုတွေ ရှိခဲ့ပါတယ်။

Photo : Goal.com

 

အသားတင်ငွေကြေးသုံးစွဲမှု အများဆုံးအသင်းအဖြစ် မန်စီးတီးက ပေါင်၂၂၆သန်းနဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး ချယ်လ်ဆီးက ပေါင်သန်း ၂၂၀ နဲ့ ဒုတိယနေရာကို ရောက်ရှိသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပေါင် ၁၈၆သန်းနဲ့ တတိယနေရာအထိ ခုန်တက်လာပြီး လီဗာပူးလ်က ပေါင်၁၃၂ သန်းနဲ့ အဆင့် (၄)နေရာကို ကျဆင်းခဲ့ပါတယ်။

 အဲဗာတန်ကတော့ ပေါင် ၁၁၃သန်းနဲ့ အဆင့် (၅)နေရာမှာ ရပ်တည်နေခဲ့တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က