ယနေ့ညမှာ မန်ယူနဲ့ပွဲစဉ် ၁ ယှဉ်ပြိုင်သွားမှာပါ။

လက်စတာစီးတီးအသင်းဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမား ဂျေမီဗာဒီကို ၄ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ဗာဒီဟာ ၂၀၂၂ ခုနှစ်အထိ အသင်းမှာ ရှိနေတော့မှာဖြစ်ပါတယ်။ အသင်းနဲ့ အသစ်ချုပ်ဆိုလိုက်တဲ့စာချုပ်အရ ဗာဒီဟာ အသက် ၃၅ နှစ်အရွယ်အထိ အသင်းနဲ့အတူ ရှိနေတော့မှာဖြစ်ပြီး လက်စတာစီးတီးအသင်းရဲ့သမိုင်းကြောင်းတစ်လျှောက် လစာအကောင်းဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

skysports-jamie-vardy-leicester-city_4385256.jpg

Photos: Sky Sport

ဂျေမီဗာဒီဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပရီးမီးယားလိဂ်ဖလားကို ရရှိပြီးနောက် စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ လက်စတာစီးတီးအသင်းက စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့် နောက်ထပ် ၄ နှစ်စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ ဂျေမီဗာဒီက မိမိအနေနဲ့ အသင်းရဲ့ကစားသမားအဖြစ်နဲ့ နောက်ထပ် ၄ နှစ် ကစားပေးရမှာကို သိနေရတာဟာ အရမ်းကောင်းမွန်တဲ့ ခံစားချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ဒီအသင်းအတွက် ကစားပေးရတာ ဘယ်လိုခံစားရလဲဆိုတာ အားလုံးလည်း သိကြပါတယ်။ ခုလို နောက်ထပ် ၄ နှစ်လောက် လက်စတာစီးတီးကစားသမားအဖြစ် ထပ်ရှိနေရမှာကို သိနေရတဲ့အတွက် အရမ်းကောင်းတဲ့ခံစားမှုမျိုးကို ခံစားနေရပါတယ်"

"ပြီးခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်ရယ်၊ အသင်းသားတွေရယ်၊ ကလပ်အသင်းရယ် ချီတက်ခဲ့ကြတဲ့ ခရီးလမ်းဟာ မယုံနိုင်လောက်အောင်ပါပဲ။ အခု ရာသီသစ်ကို စကစားရတော့မှာဖြစ်တဲ့အတွက် လက်စတာစီးတီးအသင်းအနေနဲ့ စိတ်လှုပ်ရှားစရာအချိန်ပါပဲ။ ကျွန်တော့်အနေနဲ့လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ကျေနပ်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Photos: Sky Sport

 

ဂျေမီဗာဒီဟာ လက်စတာစီးတီးအသင်းအတွက် ၂၂၃ ပွဲ ပါဝင်ကစားပေးထားပြီး အသင်းရဲ့သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစာရင်းမှာ အဆင့် ၁၀ မှာ ရပ်တည်နိုင်လောက်တဲ့ သွင်းဂိုး ၈၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ လက်စတာစီးတီးအသင်း ပရိသတ်တွေအနေနဲ့ ၎င်းတို့ရဲ့ကြယ်ပွင့်ကစားသမား ဗာဒီကို အသင်းက ထိန်းသိမ်းထားနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်နေကြပြီး လက်စတာစီးတီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာလည်း လိုအပ်တဲ့ကစားသမားအချို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုကို နည်းပြရာထူးကနေ ထုတ်ပယ်မယ်ဆိုရင် မန်ယူအသင်း ဘယ်လောက်ပေးရမလဲ 

လက်စတာစီးတီးအသင်းဟာ ဒိုင်နမိုဇာဂရက်က ဖိလစ်ဘန်ကိုဗစ်ကို ပေါင် ၁၃ သန်း၊ ဘရိုင်းဘတ်က ဆိုယန်ကူကို ပေါင် ၁၉ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ကြိုးပမ်းခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က