တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားခေါ်ယူမှု မပြုလုပ်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ နှစ်ပေါင်း (၁၅)နှစ်အတွင်းမှာ လန်ဒန်ကလပ်အသင်းဟာ ကစားသမား ခေါ်ယူမှု လုံးဝမပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo : sillyseason

 

အက်စတန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဂရီလစ်ကို ခေါ်ယူဖို့ ပိုချက်တီနိုက ကြိုးစားခဲ့ပေမယ့်လည်း ဖြစ်မြောက်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အိမ်ကွင်းသစ်ကြီးနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ဝင်ဘလေကွင်းကို အိမ်ကွင်းအဖြစ် ငှားရမ်းအသုံးပြုခဲ့ပါတယ်။

Photo : sillyseason

 

"ဘောလုံးလောကမှာ လူတွေအပေါ်ကို နားလည်ဖို့က ခက်ခဲပါတယ်၊ တော့တင်ဟမ်အနေနဲ့ ကစားသမားခေါ်ယူတာ၊ ရောင်းချတာမျိုး မရှိခဲ့နဲ့ ပတ်သက်လို့ပေါ့၊ တခါတလေမှာ ကျွန်တော်တို့ဟာ ကွဲပြားခြားနားမှုတွေ ရှိတတ်တယ်ဆိုတာကို လက်ခံရမှာပါ၊ အသင်းရဲ့ လူစာရင်းကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်တဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်" လို့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

Photo : sillyseason

 

စပါးအသင်းဟာ အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ အယ်ဒါဝီရယ်ကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ အလေးအနက် ချိတ်ဆက်မှုတွေ ရှိနေခဲ့ပေမယ့် ဘယ်လ်ဂျီယံခံစစ်မှူးဟာ ဝှိုက်ဟတ်လိန်းကွင်းမှာသာ ဆက်လက် ကစားနေဦးမှာ ဖြစ်ပါတယ်။

Photo : sillyseason

 

စပါးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ အဆင့် (၄)နေရာ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ အလီ၊ ဆွန်ဟောင်မင်၊ အဲရစ်ဆင် အစရှိတဲ့ ကစားသမားတွေကိုလည်း ထိန်းသိမ်း ထားနိုင်ခဲ့ပြီး ယမန်နှစ်က အစုအဖွဲ့အတိုင်း ဘောလုံးရာသီကို ရင်ဆိုင်တော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က