ကစားသမား (၇)ဦးအထိ ပါဝင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ရွေးချယ်မှု ပြုလုပ်ခဲ့ရာမှာ ရီးရဲလ်မက်ဒရစ် ကစားသမား အများစု ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်း ကစားသမား (၁၂)ယောက် ရွေးချယ်ခဲ့ရာမှာ ဂိုးသမား၊ နောက်တန်း၊ အလယ်တန်းနဲ့ ရှေ့တန်း အစရှိတဲ့ နေရာမျိုးစုံမှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Photo : Goal.com

 

ပြီးခဲ့တဲ့ဘောလုံးရာသီ ချန်ပီယံလိဂ်ဆုဖလားကို ရီးရဲလ်မက်ဒရစ်အသင်းက (၃)နှစ်ဆက် ဆွတ်ခူးနိုင်မှုအဖြစ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်ခါတင်စာရင်းမှာတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ အနိုင်ဂိုး (၂)ဂိုးရှင် ဂါရတ်ဘေးလ် ပါဝင်လာခြင်းမရှိတာကို တွေ့မြင်ခဲ့ရပါတယ်။ ဂါရတ်ဘေးလ်ဟာ လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ လှပတဲ့ကန်သွင်းချက်တွေနဲ့ ဂိုးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံး(၃)ခုမှာ ငွေကြေးအများဆုံး သုံးစွဲခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ်များ 

Photo : Goal.com

 

ဒီဆုကို ရွေးချယ်ရာမှာ အုပ်စုအဆင့်တက်ရောက်နိုင်ခဲ့တဲ့ အသင်း (၃၂)သင်းရဲ့ နည်းပြများ၊ UEFA အဖွဲ့ဝင်နိုင်ငံများမှ ဂျာနယ်လစ် (၅၅)ဦးတို့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမား (၁၂)ဦး ရွေးချယ်ခဲ့မှုမှာ ရီးရဲလ်မက်ဒရစ် ကစားသမားများက (၇)ဦးအထိ ပါဝင်ခဲ့ပြီး ဆုရွေးချယ်မှုကို လွှမ်းမိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo : Goal.com

 

ဂိုးသမား ကေလာနာဗက်စ်၊ နောက်တန်းကစားသမားတွေဖြစ်တဲ့ မာဆယ်လို၊ ရာမို့စ် နဲ့ ဗာရာနီ၊ ကွင်းလယ်လူ ခရူးစ် နဲ့ လူကာမိုဒရစ်တို့ ပါဝင်ခဲ့သလို ရှေ့တန်းကစားသမားအဖြစ် ရော်နယ်ဒိုလည်း ရွေးချယ်ခံခဲ့ရပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းမှ တိုက်စစ်မှူး ဆာလာတစ်ဦးတည်း ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo : Vox

 

အခြားသော အသင်းများမှ ကစားသမားများအဖြစ် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၊ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတို့လည်း ပါဝင်ခဲ့ပြီး ဂိုးသမားများအဖြစ် ရိုးမားဂိုးသမားဟောင်း နဲ့ လက်ရှိလီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် နဲ့ ဂျူဗင်တပ်စ်ဂိုးသမားဟောင်း နဲ့ လက်ရှိ ပီအက်စ်ဂျီဂိုးသမားကြီး ဘူဖွန်တို့ ပါဝင်နေခဲ့ပါတယ်။

 

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဆန်ခါတင်ရွေးချယ်မှုမှာ အက်သလက်တီကိုအသင်းက တိုက်စစ်မှူး ဂရစ်မန်းဇ် နဲ့ နောက်ခံလူ ဂိုဒင်တို့ ရွေးချယ်ခံခဲ့ရပြီး မာဆေးလ်ကွင်းလယ်လူ ဒီမီထရီပါယက်လည်း ရွေးချယ်ခံခဲ့ရပါတယ်။ ယူရိုပါလိဂ်အတွက်တော့ ကစားသမား (၃)ဦးသာ ရွေးချယ်ခဲ့ပြီး ဗိုလ်လုပွဲရောက် အသင်းမှ ကစားသမားတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

 

ဆုရရှိတဲ့ ကစားသမားကို သြဂုတ်လ (၃၀) ရက်နေ့နဲ့ (၃၁)ရက်နေ့၊ မိုနာကိုမှာ ကျင်းပမယ့် ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် အုပ်စုမဲခွဲမှုများ အခမ်းအနားမှာ ကြေငြာသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က