လက်စတာနဲ့ပွဲမှာ အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်း ဝက်စ်ဘရောင်းက မန်ယူအသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ပေါ့ဂ်ဘာဟာ ခြေစွမ်းပိုင်း ပိုမိုတိုးတက်လာပြီး ဂန္တဝင်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းနဲ့ ဘရိုင်ယန်ရော့ဘ်ဆင်ရဲ့ခြေရာကို နင်းနိုင်မယ့်သူဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

NINTCHDBPICT0004259876511-e1534100239745.jpg

Photos: The Sun

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုနဲ့ ပေါ့ဂ်ဘာတို့ဟာ ဆက်ဆံရေးမပြေမလည်ဖြစ်နေကြသူတွေဖြစ်ပြီး ပေါ့ဂ်ဘာက ၎င်းရဲ့စိတ်ထဲကအတိုင်း ပြောပြလိုက်ရင် အသင်းက ပြစ်ဒဏ်ချမှတ်မှာကို စိုးရိမ်ကြောင်း ဝန်ခံထားပါတယ်။ အဲဒီလိုဆိုးရွားတဲ့အခြေအနေတွေရှိနေပေမယ့်လည်း နည်းပြမော်ရင်ဟိုက ပေါ့ဂ်ဘာကို လက်စတာနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ်။

သမိုင်းမှတ်တမ်း စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပြန်တဲ့ မက်ဆီ 

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရယူခဲ့ဖူးတဲ့ နောက်ခံကစားသမားဟောင်း ဝက်စ်ဘရောင်းက ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်တာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Photos: The Sun

 

"ပေါ့ဂ်ဘာကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးတာ လုံးဝကို ကောင်းမွန်တဲ့ အရွေ့တစ်ခုပါ"

"သူ့အသက်က ငယ်ပါသေးတယ်။ ဒါပေမယ့် သူ့မှာ တကယ်ကောင်းမွန်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို တွေ့ကြုံထားပါတယ်။ ပြီးတော့ အရပ်အမောင်းကလည်း ရှိပါတယ်"

"ပြီးခဲ့တဲ့သောကြာနေ့က သူ တကယ့်အသင်းခေါင်းဆောင်တစ်ယောက်ရဲ့စွမ်းဆောင်ရည်အတိုင်း လုပ်ပြနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ သူ တကယ်ကောင်းကောင်းကစားချင်တဲ့ပုံပါပဲ"

"ပေါ့ဂ်ဘာက ယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်ဖြစ်လာနိုင်ပါတယ်။ အသင်းခေါင်းဆောင်တာဝန်ယူပြီး ပိုပြီး ကောင်းမွန်တာတွေ လုပ်ပြမယ်လို့ မျှော်လင့်ထားပါတယ်"

"တကယ်လို့ အသင်းခေါင်းဆောင်အဖြစ် အတည်ပြုခန့်အပ်ခံရပြီဆိုရင်တော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို ရရှိခဲ့တာပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

Photos: The Sun

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အဓိကပစ်မှတ်တွေကို မခေါ်ယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေး နည်းသွားပြီဖြစ်တယ်လို့ ညည်းတွားခဲ့ပါတယ်။

ဒါပေမယ့် ဝက်စ်ဘရောင်းက မော်ရင်ဟိုအနေနဲ့ အပြည့်အစုံကောင်းမွန်စွာ သိမြင်ကြောင်းနဲ့ အသင်းရဲ့လူစာရင်းနဲ့ မန်ချက်စတာစီးတီးအသင်းကို ယှဉ်ပြိုင်နိုင်ဖို့ အရည်အချင်းရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

"သူ စိတ်ရှုပ်နေတဲ့အကြောင်းကို သူပြောခဲ့တာပါ။ ဟုတ်တာပေါ့၊ ယူနိုက်တက်က စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ သူ ထင်ပါတယ်"

"ပြီးခဲ့တဲ့နှစ်တုန်းက သူတို့အတွက် ဒုတိယအကြိမ်ပေါ့။ တဖြည်းဖြည်းနဲ့ သူ့လက်အောက်မှာ ပိုကောင်းမွန်လာကြပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က