နည်းဗျူဟာပိုင်းအရ တောင်းဆိုမှု ပြုလုပ်ခဲ့တာပါ။

အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အသင်းနည်းပြ အူနိုင်းအမ်မရီကို နည်းဗျူဟာပိုင်းအရ တောင်းဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် အဖွင့်ပွဲအဖြစ် အမ်းမရိတ်စ်ကွင်းကြီးမှာ မန်စီးတီးနဲ့ ကစားခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။



 

အူဘာမီယန်းဟာ မန်စီးတီးနဲ့ပွဲမှာ ဗဟိုတိုက်စစ်မှူးအဖြစ် ပွဲထွက်ခဲ့ရပြီး အာရွန်ရမ်ဆေးရဲ့ နေရာကို အခြားတိုက်စစ်မှူး လာကာဇက် အစားထိုးလဲလှယ်ပြီး ပါဝင်လာချိန်မှာတော့  ဘယ်တောင်ပံတိုက်စစ်နေရာကို ပြောင်းလဲကစားခဲ့ရသူ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂)အဖြစ် ချယ်လ်ဆီးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

ဒူးဒဏ်ရာကြောင့် အာဆင်နယ်နဲ့ပွဲကို လွဲချော်မယ့် ချယ်လ်ဆီးကွင်းလယ်လူ 

Photo: IBTimes UK

 

"ကျွန်တော်တို့ကြားက ဆက်ဆံရေးတွေက အရမ်းကောင်းမွန်ပါတယ်၊ သူနဲ့ ကျွန်တော် ကောင်းကောင်းကြီး တွဲဖက်ကစားနိုင်ပါတယ်၊ တစ်ယောက်ရဲ့ ကစားပုံကို တစ်ယောက်က ကောင်းကောင်းသိနေပြီး မန်စီးတီးနဲ့ပွဲမှာ သူ ပါဝင်လာပြီးနောက် ကျွန်တော်တို့ ကစားတဲ့ ပုံစံကို အားလုံးမြင်တွေ့ကြမှာပါ"

Photo : Reuters UK

 

"လာကာဇက်ကို ဗဟိုတိုက်စစ်မှာ ကစားစေပြီး ဘယ်ခြမ်းတိုက်စစ်မှာ ကျွန်တော်ကစားရလည်း ပြသနာမရှိပါဘူး၊ ကျွန်တော်တို့ နှစ်ဦး အတူတူတွဲဖက်ကစားပြီး အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသချင်ပါတယ်" လို့ အူဘာမီယန်က ပြောဆိုခဲ့ ပါတယ်။  အာဆင်နယ်အသင်းဟာ မန်စီးတီးနဲ့ပွဲမှာ ဂိုးပေါက်တည့်မှု (၃)ကြိမ်သာ ရှိခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိခဲ့ပဲ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo : Football Fancast

 

ဒါ့အပြင် အူဘာမီယန်းက မန်စီးတီးအသင်းနဲ့ပွဲဟာ နည်းပြသစ်နဲ့ အာဆင်နယ်အသင်းအတွက် ကြီးမားတဲ့စမ်းသပ်ချက်တစ်ခုဖြစ်ပြီး မန်စီးတီးလို အင်အားတောင့်တင်းတဲ့အသင်းနဲ့ ကစားခဲ့ရတာကြောင့် အသင်းရဲ့ လိုအပ်ချက်တွေကို သိရှိခဲ့ရတယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ချယ်လ်ဆီးနဲ့ ကစားရမယ့်ပွဲအတွက် ပိုမိုကောင်းမွန်တဲ့ အတွေးအမြင်တွေလည်း ရရှိခဲ့တယ်လို့ အူဘာမီယန်းက ထပ်မံပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က