ကွင်းသစ်ရဲ့ လုံခြုံရေး စိတ်မချရသေးတာ ဖြစ်ပါတယ်။

ကွင်းသစ်စီမံကိန်း ပြီးသွားပေမယ့် လုံခြုံရေး စစ်ဆေးမှုတွေ ပြုလုပ်ရဖို့ရှိနေလို့ အခုလို မနှစ်က ငှားရမ်းသုံးခဲ့ရတဲ့ ဝင်ဘလေကွင်းကြီးကို ဆက် လက်ငှားရမ်းရဦးမှာ ဖြစ်ပါတယ်။

Photo - Virgin Experience Days

 

ကွင်းသစ်စီမံကိန်းကြောင့် မနှစ်က တစ်နှစ်လုံး စပါးအသင်းအနေနဲ့ အင်္ဂလန်နိုင်ငံရဲ့ နေရှင်နယ်ကွင်းဖြစ်တဲ့ ဝင်ဘလေကွင်းကြီးကို ငှားရမ်းပြီး အိမ်ကွင်းအဖြစ် အသုံးပြုခဲ့ရပါတယ်။

မန်စီးတီးကို ရှုံးနိမ့်အပြီး အမ်မရီကို တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့တဲ့ အူဘာမီယန် 

ဒီနှစ်မှာတော့ ကွင်းသစ်ကြီး ပြီးစီးခဲ့ပြီဖြစ်လို့ ပွဲစဉ်တွေကို အိမ်ကွင်းသစ်ကြီးမှာ ပြန်လည် စတင်ကစားတော့မယ်လို့ သတင်းတွေ ထုတ်ပြန်ခဲ့ပေ မယ့်လည်း အခုတော့ အသုံးပြုနိုင်အုံးမှာ မဟုတ်ဘူးလို့ သိရပြန်ပါတယ်။

Photo - LE BUZZ - Eurosport

 

အကြောင်းကတော့ ကွင်းရဲ့ လုံခြုံရေး အစိတ်အပိုင်းတွေ စိတ်ချမှု စစ်ဆေးမပြီးသေးလို့ ဖြစ်တယ်လို့သိရပြီး မူလ ငှားရမ်းထားတဲ့ ဝင်ဘလေ ကွင်းကို ဆက်လက်အသုံးပြုရဦးမှာပါ။

စပါးအသင်းအနေနဲ့ မူလက စက်တင်ဘာလ ၁၅ ရက်နေ့မှာ အိမ်ကွင်းပွဲစဉ်ကို လီဗာပူးအသင်းကို စတင်ဧည့်ခံ ကစားဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း အခုလို အခြေအနေကြောင့် ဒီပွဲကို ဝင်ဘလေမှာသာ ခံစားနိုင်တော့မှာပါ။

Photo - Twitter

 

ဆက်လက်ပြီး နောက်ထပ် အောက်တိုဘာ ၆ မှာ ကစားရမယ့် ကာဒစ်နဲ့ ပွဲကိုလည်းဝင်ဘလေကို ထပ်မံ ရွှေ့ဆိုင်းလိုက်ရပြန်ပြီး အောက်တိုဘာ လ ၂၈ ရက်နေ့မှာ မန်စီးတီးနဲ့ ကစားမယ့် ပွဲမှသာ အိမ်ကွင်းစတင်အသုံးပြုနိုင်ဖို့ ရှိနေပါတယ်။

အခုလို အခြေအနေနဲ့ ပတ်သက်ပြီး စပါးအသင်း ဥက္ကဌက -"ဒီသတင်းက စပါးအသင်းကို အားပေးဖို့ စောင့်ဆိုင်းနေတဲ့ သူတွေအတွက် စိတ်ပျက် စရာ သတင်းပါ။" လို့ ပြောခဲ့ပါတယ်။

စပါးအသင်းကတော့ လက်ရှိမှာ အဖွင့်ပွဲအဖြစ် နယူးကာဆယ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရာမှာတော့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိထားပြီး ဒုတိယ ပွဲအဖြစ်တော့ လာမယ့် သြဂုတ် ၁၈ ရက်နေ့မှာတော့ ဖူဟမ်အသင်းကို ဝင်ဘလေကွင်းမှာ ဧည့်ခံ ကစားပါမယ်။

Share

Loading Next Article...
က္က