အဆင့်အတန်းကို ဝယ်ယူလို့မရဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ မှတ်တမ်းရုပ်ရှင်ဟာ အဆင့်အတန်းမရှိကြောင်း ပက်ပက်စက်စက်တုံ့ပြန်ပြောကြားခဲ့ပါတယ်။ စီးရီး ၈ ခုပါဝင်တဲ့ 'All or Nothing'မှတ်တမ်းရုပ်ရှင်ကို ပြီးခဲ့တဲ့အပတ်က အွန်လိုင်းရုပ်သံဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ အမေဇုံက ကြီးကျယ်ခမ်းနားစွာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

2111334-mou-pep.jpg

Photos: beIN Sports

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဖလား ချန်ပီယံဖြစ်ခဲ့တဲ့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့ပြီး ပြီးခဲ့တဲ့အပတ်က အမေဇုံကနေတစ်ဆင့် ဖြန့်ချိခဲ့ပါတယ်။ နံရံများပေါ်ပျံသန်းခြင်းဆိုတဲ့အပိုင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားရရှိဖို့ မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အဓိကပြသထားတာဖြစ်ပါတယ်။

နောက်ဆုံးရ နံနက်ခင်းသတင်းများ 

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ယင်းရုပ်ရှင်ထဲမှာ အကြိမ်ပေါင်းများစွာပါဝင်နေခဲ့ပြီး ၎င်းအပေါ်မှတ်ချက်ချမှုတွေနဲ့ပတ်သက်ပြီး အံ့အားသင့်ခဲ့ရပြီး ဒေါသအိုးပေါက်ကွဲခဲ့ရပါတယ်။

"အဲဒီရုပ်ရှင် ကျွန်တော် မကြည့်ဖူးပါဘူး။ ဒါပေမယ့် ရုပ်ရှင်အကြောင်း အချို့ကိစ္စတွေတော့ သိပါတယ်"

"ခင်ဗျားအနေနဲ့ ထူးခြားဆန်းပြားတဲ့ရုပ်ရှင်တစ်ခုဖြစ်လာဖို့အတွက် မလေးမစားလုပ်စရာမလိုပါဘူး"

"ကျွန်တော့်ရဲ့တုံ့ပြန်မှုက ဘာလဲဆိုတော့ ခင်ဗျားသာ ချမ်းသာမယ်ဆိုရင် ထိပ်တန်းကစားသမားတွေ ဝယ်နိုင်တယ်။ ဒါပေမမယ့် အဆင့်အတန်းကိုတော့ မဝယ်ယူနိုင်ဘူး။ အဲဒါ ကျွန်တော့်ရဲ့ပထမဆုံးတုံ့ပြန်မှုပဲ"

"ဒုတိယတုံ့ပြန်မှုက အဲဒီရုပ်ရှင်ထဲမှာ ကျွန်တော် ပါနေလို့ပဲ။ သူတို့ ကျွန်တော့်ရဲ့ခွင့်ပြုချက်တစ်စုံတရာဖြစ်ဖြစ်၊ သရုပ်ဆောင်ကြေးဖြစ်ဖြစ် မေးခဲ့သင့်ပါတယ်"

"ဒါပေမယ့် သူတို့ကွင်းမှာ သွားကစားရခဲ့ရတုန်းက ဥမင်ထဲမှာရှိနေတုန်း ကျွန်တော့်ကို 'ဒါဘီပွဲနေ့မှာ ငါတို့ လုပ်နိုင်ခဲ့တယ်'ဆိုတဲ့ စာသားကြီးနဲ့ ရှပ်မျိုးတထည်လောက် ပို့ပေးခဲ့မယ်ဆိုရင်တောင် သရုပ်ဆောင်ကြေးတောင်းဖို့ စိတ်ကူးတော့မှာမဟုတ်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Photos: Daily Star

 

နောက်ဆုံးပြောကြားခဲ့တဲ့ မှတ်ချက်စကားဟာ ပြီးခဲ့တဲ့ ဧပြီလက မန်ချက်စတာစီးတီးအသင်းရဲ့အိမ်ကွင်း အီးတီဟတ်ကွင်းမှာ မန်ချက်စတာဒါဘီအဖြစ် သွားရောက်ကစားခဲ့ရတဲ့ပွဲစဉ်ကို ရည်ညွှန်းခဲ့တာဖြစ်ပြီး ယင်းပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၂ ဂိုးနဲ့ ဦးဆောင်နေပြီးမှ မန်ချက်စတာယူနိုက်တက်အသင်းက ၃ ဂိုး လိုက်သွင်းပြီး အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ယင်းဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းဟာ ဒါဘီနေ့မှာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်မှာဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် ဆုဖလားကိုင်မြှောက်ဖို့ နောက်ထပ် ၂ ပတ်လောက် ထပ်မံစောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က