ထူးခြားသတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 

- မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ယခုလာမယ့်ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ရူဘင်နီဗက်စ်ကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဝုဖ်ဗာဟန်တန်အသင်းရဲ့ကွင်းလယ်ကစားသမား နီဗက်စ်ဟာ အီတလီဂန္တဝင်ကွင်းလယ်ကစားသမား ပီယာလိုနဲ့ နှိုင်းယှဉ်ခံနေရသူဖြစ်ပြီး ပက်ဂွါဒီယိုလာက ဂျော်ဂျင်ဟိုကို မခေါ်ယူနိုင်ခဲ့တာကြောင့် ကွင်းလယ်ဖန်တီးရှင်တစ်ဦးကို ထပ်မံကြိုးပမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

 

- မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုက အသင်းရဲ့ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဒေးဗစ်ဒီဂီယာဟာ အသင်းနဲ့ အနာဂတ် မရေမရာဖြစ်နေမှုတွေကို အဆုံးသတ်ဖို့အတွက် ၃ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"သူ ဒီမှာရှိနေရတာကို နှစ်သက်ပါတယ်။ ကျွန်တော်တို့ သူ့ကို နှစ်သက်တယ်။ သူ့ကို ဒီမှာနေစေချင်တယ်။ သူကလည်း နေချင်တယ်။ အဲဒီတော့ ဈေးကွက်ထဲမှာ ကစားသမားကရှိမနေဘူးဆိုရင်တော့ တန်ဖိုးကတော့ သုညပါပဲ"လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

 

- ဘာစီလိုနာအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာကို ခေါ်ယူဖို့ကြိုးပမ်းနေမှုကို ၂၀၁၉ ခုနှစ်နွေရာသီအထိ ခေတ္တရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Express က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ်အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းခါနီး နောက်ဆုံးအချိန်မှာ ပေါ့ဂ်ဘာအတွက် ပေါင်သန်း ၅၀+ ကစားသမား ၂ ဦးကို အလိုက်ပေးပြီး ကမ်းလှမ်းခဲ့တာဖြစ်ပြီး မန်ယူအသင်းက ပယ်ချခဲ့ပါတယ်။

 

- ရီးရဲမက်ဒရစ်အသင်းဟာ မိုနာကိုအသင်းရဲ့တိုက်စစ်မှူးကို ခေါ်ယူဖို့အတွက် မြှားဦးလှည့်လိုက်ပြီဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းက အသစ်ခေါ်ယူမယ့် တိုက်စစ်မှူးဟာ မိုနာကိုအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ရာဒါမဲလ်ဖယ်လ်ကာအိုဖြစ်တယ်လို့ Don Balon က ရေးသားထားပါတယ်။ မိုနာကိုအသင်းဟာ နီဂရီဒိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး ဖယ်လ်ကာအိုအတွက် ရီးရဲမက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိတာနဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

- ပီအက်စ်ဂျီအသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ဝါရင့်နောက်ခံကစားသမားတစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Cadena SER က ဖော်ပြခဲ့ပါတယ်။ ဖိလစ်ပီလူးဝစ်ဟာ စပိန်အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့ဖြစ်တဲ့ သြဂုတ်လ ၃၁ ရက်နေ့မတိုင်မီ ပြင်သစ်မှာ စိန်ခေါ်မှုအသစ်တွေရှာဖွေဖို့အတွက် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က