မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့မှာ ဘရိုက်တန်အသင်းရဲ့အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ရှိနေပြီး တောင်ဘက်ကမ်းရိုးတန်းကို ထွက်ခွာသွားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့လူစာရင်းကနေ အလက်ဆစ်ဆန်းချက်ဇ် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ Manchester Evening News နဲ့အခြားအင်္ဂလိန်မီဒီယာတွေရဲ့ရေးသားချက်အရ ဘရိုက်တန်အသင်းရဲ့အိမ်ကွင်းကို သီးသန့်လေယာဉ်နဲ့ထွက်ခွာသွားတဲ့ အသင်းလူစာရင်းမှာ ဆန်းချက်ဇ် လိုက်ပါသွားခြင်းမရှိဘူးလို့ သိရပါတယ်။
Photos: Sportskeeda
အလက်ဆစ်ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက အာဆင်နယ်အသင်းကနေ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိက ကျောနံပါတ်တစ်ခုဖြစ်တဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားနေသူဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့က လက်စတာစီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ကစားပေးခဲ့သူဖြစ်ပါတယ်။
မန်စီးတီးရဲ့မှတ်တမ်းရုပ်ရှင်ကို တည့်တိုးဝေဖန်ပြောကြားလိုက်တဲ့ နည်းပြမော်ရင်ဟို
ဆန်းချက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်မှာ အသင်းဖော်တွေနဲ့အတူ အပတ်စဉ်ပုံမှန်လေ့ကျင့်နေပြီး ဒဏ်ရာရရှိထားတဲ့လက္ခဏာမျိုးမတွေ့ရပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ဆန်းချက်ဇ်ဟာ အထင်ကြီးလေးစားလောက်တဲ့ ခြေစွမ်းမျိုးပြသနိုင်ခဲ့ပြီး ပုံမှန်ခြေစွမ်းပြန်လည်ရရှိနေခဲ့တာဖြစ်ပါတယ်။
Photos: Daily Express
တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဘရိုက်တန်အသင်းနဲ့ပွဲစဉ်အတွက် သီးသန့်လေယာဉ်နဲ့ထွက်ခွာသွားတဲ့ မန်ချက်စတာယူနိုက်တက်အသင်း လူစာရင်းမှာ ဆန်းချက်ဇ် ပါဝင်ခဲ့ခြင်းမရှိဘဲ ဘာကြောင့် ကျန်ရစ်ခဲ့ရလဲဆိုတာကိုတော့ အသင်းက ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။ ဆန်းချက်ဇ်အနေနဲ့ လေ့ကျင့်ရေးမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့်လား၊ နည်းပြမော်ရင်ဟိုက တမင်ချန်လှပ်ခဲ့တာလားဆိုတာတော့ နောက်ဆက်တွဲသတင်းတွေကိုသာ စောင့်မျှော်ရမှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်းချက်ဇ်ကို ချန်လှပ်ခဲ့တာကြောင့် ဘရိုက်တန်အသင်းနဲ့ပွဲထွက်လူစာရင်းမှာ လင်ဂတ်၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့အတွဲကို မာတာနဲ့ တွဲဖက်အသုံးပြုသွားဖွယ်ရှိနေပြီး တိုက်စစ်မှာ လူကာကူကို အထောင်ထားပြီး ပွဲထွက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။