ယနေ့ည ၉း၃၀ မှာ ယှဉ်ပြိုင်သွားမှာပါ။

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ အဖြစ် ဘရိုက်တန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ပေါ့ဂ်ဘာကို နောက်ထပ်တစ်ကြိမ် အသင်းခေါင်းဆောင်လက်ပတ်နဲ့ထပ်မြင်တွေ့ရမယ်လို့ သိရပါတယ်။


 

ထိပ်တိုက်တွေ့ဆုံမှု

FA-Cup-Quarter-Final-Manchester-United-vs-Brighton-Hove-Albion.jpg

Photos: Mirror

 

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဘရိုက်တန်အသင်းတို့ဟာ သမိုင်းတစ်လျှောက် ၁၉ ကြိမ်တွေ့ဆုံခဲ့ဖူးပြီး မန်ချက်စတာယူနိုက်တက်အသင်းက ၁၂ ပွဲနိုင် ၅ ပွဲသရေ ၂ ပွဲရှုံးနိမ့်ထားပါတယ်။

 

ပွဲကြိုအချက်အလက်များ

Photos: Teamtalks

 

- ဘရိုက်တန်အသင်းဟာ အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကို နောက်ဆုံးလက်ခံကစားခဲ့တဲ့ ၂ ပွဲမှာ ၂ ပွဲစလုံး အနိုင်ရရှိထားပါတယ်။

- ပြီးခဲ့တဲ့ရာသီကတည်းက လက်ရှိအချိန်အထိ ဘရိုက်တန်အသင်းဟာ အိမ်ကွင်းမှာ တနင်္ဂနွေနေ့ကန်တဲ့ပွဲစဉ်တိုင်း ရှုံးပွဲမတွေ့ခဲ့ဘဲ ၂ ပွဲနိုင် ၂ ပွဲသရေရလဒ်ပိုင်ဆိုင်ထားပါတယ်။

- မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် ၂ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ယနေ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် ၂၀၀၅ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးမှာဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ယှဉ်ပြိုင်ဖို့ ထွက်ခွာသွားတဲ့ မန်ယူလူစာရင်းကနေ ကျန်ရစ်ခဲ့တဲ့ ဆန်းချက်ဇ် 

- မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမားပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့လက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုရာသီရဲ့ ပထမဆုံးဂိုးသွင်းတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ပြီးခဲ့တဲ့ရာသီလိဂ်ဂိုးစုစုပေါင်းထဲက ၂၆ ဂိုး(၁၂ ဂိုးသွင်း၊ ဖန်တီးမှု ၁၄ ကြိမ်)အထိ ပါဝင်ပတ်သက်ခဲ့ပြီး မော်ရင်ဟိုရဲ့လက်အောက်မှာ ဂိုးပါဝင်ပတ်သက်မှုအများဆုံး မန်ယူကစားသမားဖြစ်ပါတယ်။

- ဘရိုက်တန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ ရှုံးပွဲတွေ့ခဲ့ပြီး နောက်ဆုံးထိပ်သီးအသင်းကြီးတွေကို ၄ ပွဲဆက်ရှုံးနိမ့်ခဲ့တာဟာ ၁၉၈၃ မေလကနေ သြဂုတ် ၂၀၁၇ အတွင်းမှာ ဖြစ်ခဲ့ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

Photos: Daily Mail

 

- ဘရိုက်တန်အသင်းခေါင်းဆောင် ဘရူနိုဟာ ပြီးခဲ့တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ပွဲစဉ်က ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။

- ဗလင်စီယာကစားသမားဟောင်း မွန်တိုယာဟာ မန်ယူအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဘရိုက်တန်အသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားပေးသွားမယ်လို့ သိရပါတယ်။

Photos: Express

 

- ပေါ့ဂ်ဘာဟာ မန်ယူအသင်းခေါင်းဆောင်အဖြစ် ထပ်မံတာဝန်ယူသွားမယ်လို့ သိရပြီး ပေါ့ဂ်ဘာနဲ့အသင်းခေါင်းဆောင်ရာထူးကို ပြိုင်ဆိုင်နိုင်မယ့်သူအတွက် နည်းပြမော်ရင်ဟိုအနေနဲ့ စိုးရိမ်စရာမရှိသေးပါဘူး။

- မာတစ်နဲ့ ဗလင်စီယာတို့ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က လေ့ကျင့်ရေးပြန်လည်ပြုလုပ်နေပြီဖြစ်ပေမယ့် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ဖို့အတွက် ကြံ့ခိုင်မှုမပြည့်ဝသေးဘူးလို့ သိရပါတယ်။ ဟာရဲရား၊ ဒါလော့၊ ရိုမီယိုတို့လည်း ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

 

ပေါလ်မာဆွန်ရဲ့ ကြိုတင်ခန့်မှန်းချက်

Photos: Sky Sport

 

ဘရိုက်တန်အသင်းဟာ ပရီးမီးယားလိဂ်ပထမဆုံးအပတ်မှာ စိတ်ပျက်စရာအကောင်းဆုံးအသင်းဖြစ်တယ်ဆိုတာ သူတို့ရဲ့ရလဒ်နဲ့ ကစားတဲ့ပုံစံကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ မန်ယူလိုမျိုး အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာပါ။ ဒီပွဲက ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်မှာပါ။ ဒါပေမယ့် သူတို့ အနိုင်ရသွားမလားဆိုရင်တော့ ကျွန်တော် မန်ယူကိုပဲ ရွေးချယ်ပါတယ်။

 

ခန့်မှန်းပွဲပြီးရလဒ်- (ဘရိုက်တန် ၁-၂ မန်ချက်စတာယူနိုက်တက်)

Share

Loading Next Article...
က္က