ဖိလစ်ပိုင် လက်ရွေးစင် အဖြစ် ပွဲပေါင်း ၅၉ ပွဲအထိ ပါဝင်ကစားပေးထားသူ ဖြစ်ပါတယ်။

ဖိလစ်ပိုင်လက်ရွေးစင် ဂိုးသမားတစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ဖူဟမ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ကာ ကာဒစ်အသင်း တန်းတက်ဖို့ အဓိက ဂိုးပေါက် ကာကွယ်ပေးခဲ့သူ ဖြစ်ပါတယ်။



Photo - www.itv.com

 

ဒီနှစ်မှာ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တဲ့ ကာဒစ်အသင်းအနေနဲ့ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ပွဲ ၂ ပွဲကစားပြီးချိန်မှာ တစ်ပွဲရှုံး တစ်ပွဲ သရေကျထားပြီး ရမှတ် ၁ မှတ်ရရှိထားပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲကျရင် ဒါဘီလည်း နားမလည်ဘူး အနိုင်ရဖို့ပဲ သိတယ်လို့ ဆိုလာတဲ့ အူနိုင်းအမ်မရီ 

အဆင့် ၁၆နေရာမှာ ရပ်တည်နေပြီး ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာတော့ နောက်ဆုံးမိနစ် ပင်နယ်တီ ပေးဂိုးကို ကာကွယ်ခဲ့တဲ့ ဂိုးသမား အီသာရွိုဒ် ကြောင့်အခုလို တစ်မှတ်ရနေတာလည်း ဖြစ်ပါတယ်။

Photo - Premier League

 

အီသာရွိုဒ်က ဒီအချိန်မှာ အထူးပြောစရာ ကစားသမားတစ်ဦးအဖြစ် ရှိနေပါတယ်။အကြောင်းကတော့ သူကတော့ အာဆီယံ ဂုဏ်ဆောင်မယ့် ကစားသမားဖြစ်လို့ပါပဲ။

အီသာရွိုဒ်က လန်ဒန်မှာ အင်္ဂလန်ဖခင်နဲ့ ဖိလစ်ပိုင် မိခင်တို့က မွေးဖွားကြီးပြင်းခဲ့သူ တစ်ဦးဖြစ်ပြီး အသက် ၉ နှစ်အရွယ်မှာ ဘောလုံးစတင် ကစား ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

Photo - ABS-CBN News

 

စတင်ကစားချိန်တုန်းကတော့ ဂိုးသမားမဟုတ်ပဲ ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့သူ ဖြစ်ပြီး ၂၀၀၀ ခုနှစ်မှတော့ ၎င်းရဲ့ လူငယ်အသင်းက ဂိုးသမား ဒဏ်ရာရသွားလို့ ဂိုးသမားနေရာ အစားဝင်ကစားရာကနေ ယနေ့အချိန်ထိ ဂိုးသမားအဖြစ် ကစားလာခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၀၃ ခုနှစ်မှာတော့ ချဲလ်ဆီး အကယ်ဒမီ သင်တန်းကျောင်းကို တက်ရောက်ခဲ့ပြီး သူနဲ့အတူ ဖိလစ်ပိုင် ကစားဖော်တွေအဖြစ် ဂျိမ်းနဲ့ ယန်းဟတ်စ်ဘန်းတို့အတူတကွ တက်ရောက်ခဲ့ကြပါတယ်။

Photo - African Stand

 

၂၀၀၆ ခုနှစ်မှာတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဖူဟမ်အသင်းနဲ့ စတင်ခဲ့ပြီး လက်ရှိ ကာဒစ်အသင်းကို မရောက်ခင်အချိန်ထိ ကလပ် အသင်းပေါင်း ၇ သင်းလောက် ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပါတယ်။

၎င်းက အင်္ဂလန်မှာမွေးဖွားခဲ့သူ ဖြစ်လို့ အသက် ၁၆ နှစ်အောက် အင်္ဂလန်လက်ရွေးစင် ကစားသမားအဖြစ် ကစားခဲ့ဖူးပြီးနောက်မှာတော့ မိခင်ရဲ့ နိုင်ငံဖြစ်တဲ့ အာဆီယံဒေသက ဖိလစ်ပိုင်နိုင်ငံ လက်ရွေးစင်အဖြစ် ကိုယ်စားပြု ကစားခဲ့ပါတယ်။

ဖိလစ်ပိုင်လက်ရွေးစင် ကစားသမားအဖြစ် ၂၀၀၈ ခုနှစ်ကတည်းက ပါဝင်ကစားခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်ထိ ဆိုရင် ပွဲစဉ်ပေါင်း ၅၉ ပွဲအထိ ပါဝင် ကစားပေးထားတဲ့ ဂိုးသမားတစ်ဦးလည်း ဖြစ်ပါတယ်။

မနှစ်က အင်္ဂလန်ချန်ပီယံရှစ်မှာ ကာဒစ်နဲ့အတူ ပွဲထွက်ဖမ်းခဲ့သူ တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အာဆီယံနိုင်ငံသားတစ်ယောက်အဖြစ် အင်္ဂလန် ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ တစ်ဦးတည်းသော ဂိုးသမားလည်း ဖြစ်ပါတယ်။

လက်ရှိ ၂ ပွဲကစားပြီးချိန်မှာ ပထမပွဲအဖြစ် ဘုန်းမောက်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာဆိုရင် ၂ ဂိုးကို ကာကွယ်ခဲ့ပြီး ပင်နယ်တီ တစ်လုံးကို ကာကွယ်နိုင်ခဲ့ပါတယ်။

အဲ့နောက် နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ပွဲချိန် ၉၇ မိနစ်မှာ ပေးလိုက်ရတဲ့ ပင်နယ်တီ ဂိုးကိုလည်း ကာကွယ်လိုက်နိုင်ပြန်ပါတယ်။ ဒီလို  ၂ ပွဲဆက် ပင်နယ်တီ ၂ ဂိုးဆက် ကာကွယ်နိုင်တဲ့ လက်စွမ်းကတော့ အင်္ဂလန်မှာ တောက်ပဖို့ အစပြုလိုက်တယ်လို့ပဲ ဆိုချင်ပါတယ်။

အသက် ၂၈ နှစ်အရွယ်သာရှိသေးသလို ၆ ပေ ၂ လက်မရှိတဲ့ အင်တာနေရှင်နယ် အရပ်အမောင်းကို ပိုင်ဆိုင်ထားသလို တောင့်တင်းတဲ့ ခန္ဓာ ကိုယ်ဖွဲ့စည်းပုံက အင်္ဂလန်မှာ တောက်ပနေတဲ့ အာဆီယံ ကြယ်ပွင့်ကို ပိုပြီး လင်းလက်စေခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း ကာဒစ်အသင်းနဲ့အတူ ဘယ်လောက်အထိ လက်စွမ်းတွေ ဆက်လက်ပြသကာ ဘယ်လို ကလပ်အသင်းကြီးတွေရဲ့ ခေါ်ယူခြင်းကို ခံရဦးမလဲဆိုတာ စိတ်လှုပ်ရှားဖို့ကောင်းစွာ စောင့်မျှော်ကြည့်ရှုရဦးမှာပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က