သြဂုတ်လ ၃၁ ရက်နေ့မတိုင်မီ ရောင်းချသွားမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ကို ဥရောပအပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းမယ့် သြဂုတ်လ ၃၁ ရက်နေ့မတိုင်မီ တိုက်စစ်မှူး အန်သိုနီမာရှယ်ကို ရောင်းထုတ်ဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မာရှယ်ဟာ ယခုနွေရာသီအစောပိုင်းကတည်းက အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပြီး ရာသီကြိုပွဲစဉ်တွေကို ပါဝင်ကစားပေးခြင်းမရှိခဲ့သူဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်သိုနီမာရှယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ရာသီကြိုခရီးစဉ်အစောပိုင်းမှာ ဇနီးဖြစ်သူ ဒုတိယမြောက် ရင်သွေးမွေးဖွားတာကို သွားရောက်ကြည့်ရှုခဲ့ပြီး ရာသီကြိုပွဲစဉ်တွေ ပြီးဆုံးတဲ့အထိ ပြန်မလာခဲ့တဲ့အတွက် နည်းပြမော်ရင်ဟိုရဲ့ ဒေါသထွက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်း အသင်းနဲ့ပြန်လည်မပူးပေါင်းခဲ့တဲ့ အန်သိုနီမာရှယ်ကို မော်ရင်ဟိုက ၂ ပတ်လုပ်ခလစာဒဏ်ကြေးပေးဆောင်စေခဲ့ပါတယ်။

ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူဖို့ ပေါင် ၁၀၇သန်း အသုံးပြုရမယ့် ရီးရဲလ် 

မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လက်စတာစီးတီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ မာရှယ်ကို ထည့်သွင်းအသုံးမပြုခဲ့ဘဲ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘရိုက်တန်အသင်းနဲ့ဲပွဲစဉ်မှာတော့ အလက်ဆစ်ဆန်းချက်ဇ် ဒဏ်ရာကြောင့် မကစားပေးနိုင်တာကြောင့် ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။

 

မန်ချက်စတာယူနိုက်တက်တစ်သင်းလုံးအတိုင်း မာရှယ်လည်း ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ပုံစံကောင်းမပြသနိုင်ခဲ့ဘဲ မိနစ် ၆၀ မှာ ဖယ်လိုင်နီနဲ့ လူစားလဲလှယ်ခံခဲ့ရပါတယ်။ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်အပြီးမှာ အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ အဝတ်လဲခန်းအတွင်းကို လာရောက်ခဲ့ပြီး တစ်စုံတစ်ယောက်နဲ့မက်ဆေ့အပြန်အလှန် ပို့နေခဲ့တယ်လို့ ယမန်နေ့က သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

နည်းပြမော်ရင်ဟိုဟာ မာရှယ်ဟာ မန်ယူအသင်းအတွက် ကစားပေးနိုင်တဲ့ခြေစွမ်းအဆင့်အတန်းမရှိတာကြောင့် ရောင်းထုတ်ပြီး ဇန်နဝါရီလမှာ သုံးစွဲဖို့ ပိုက်ဆံရှာဖွေဖို့ အက်ဒ်ဝုဒ်ဝဒ်ကို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အက်ဒ်ဝုဒ်ဝဒ်ဟာ မာရှယ်အပေါ်မှာ မျှော်လင့်နေဆဲဖြစ်ပြီး အသင်းက ရင်းနှီးမြှုပ်နှံထားတဲ့အတွက် ကစားသမားကို ရောင်းချလိုစိတ်မရှိဖြစ်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က