နံပါတ် ၂ ဂိုးသမားဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ဒုတိယပွဲထွက်ဂိုးသမား ကလော်ဒီယိုဘရာဗိုဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဖနောင့်ကြောအရွတ်ပျက်စီးမှုှု ဒဏ်ရာရရှိခဲ့ပြီး ၆ လခန့်အနားယူရနိုင်တယ်လို့ သိရပါတယ်။ ဘရာဗိုဟာ မန်ချက်စတာစီးတီးအသင်းရဲ့ ဒုတိယ ဂိုးသမားဖြစ်ပြီး လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေတဲ့စီနီယာဂိုးသမားဆိုလို့ အီဒါဆင်တစ်ဦးတည်းသာ ကျန်ရှိတော့ပြီး ဘရာဗိုရဲ့ဒဏ်ရာကို နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ဖို့ ယခုအပတ်ကုန်ခါနီးမှာ ဘာစီလိုနာကို သွားရောက်မယ်လို့ သိရပါတယ်။

2432-1621-2.38108059.jpg.gallery.jpg

Photos: New Forest Post

ကလော်ဒီယိုဘရာဗိုရဲ့ဒဏ်ရာသတင်းဟာ မန်ချက်စတာစီးတီးအသင်းရဲ့ အခြား ဂိုးသမား ၂ ဦးဖြစ်တဲ့ ဂျိုးဟတ်ကို အငှားချခဲ့ပြီး အန်းဂတ်စ်ဂန်းကို ဆောက်သမ်တန်အသင်းထံ ပေါင် ၁၃.၅ သန်းနဲ့ ရောင်းချခဲ့တဲ့ နည်းပြပက်ဂွါဒီယိုလာအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

လာမယ့် ၁၁ ရက်အတွင်း ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်ဖို့ အက်ဒ်ဝုဒ်ဝဒ်ကို ပြောလိုက်တဲ့ မော်ရင်ဟို 

မန်ချက်စတာစီးတီးအတွက် အရန်သင့်ရှိနေတဲ့ ဂိုးသမားဆိုလို့ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ဒန်နီရယ်ဂရင်းရှော တစ်ဦးတည်းသာ ကျန်ရှိတော့တာဖြစ်ပြီး မန်စီးတီးအသင်းအနေနဲ့ ဟော်လန်လိဂ်အသင်း ဘရီဒါကို အငှားချထားတဲ့ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အာရိုမူရစ်ကို ပြန်လည်ခေါ်ယူသွားဖွယ်ရှိနေပါတယ်။

Photos: Onefootball

 

ကလော်ဒီယိုဘရာဗိုဟာ အင်္ဂလန်မှာ ပွဲဦးထွက်အဖြစ် ကစားခဲ့တဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် ကရာဘောင်ဖလားမှာ လက်စွမ်းပြသနိုင်ခဲ့ပြီး မန်စီးတီးအသင်းမှာ နေရာတစ်နေရာ ရရှိခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ယခုလကုန်အထိ အသင်းလက်မဲ့ဖြစ်နေတဲ့ ဂိုးသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခွင့်ရှိသေးသလို အငှားချထားတဲ့ကစားသမားတွေကိုလည်း အရေးပေါ်ပြန်လည်ခေါ်ယူခွင့်ရှိနေပါတယ်။

ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ကလော်ဒီယိုဘရာဗိုက ၎င်းရဲ့တွစ်တာအကောင့်မှာ ပရိသတ်တွေအတွက် အခုလို ရေးသားထားခဲ့ပါတယ်။

"ဒီနေ့ဖြစ်ခဲ့တာ ဘယ်လောက်ပဲဆိုးတဲ့ပုံဖြစ်နေဖြစ်နေ ဘဝဆိုတာ ဒီလိုပဲလေ။ မနက်ဖြန်တွေက ပိုကောင်းမွန်လာမှာ အသေအချာပါပဲ"လို့ ရေးသားထားပါတယ်။

Share

Loading Next Article...
က္က