ယခုနွေရာသီမှာ ပြောင်းရွှေ့ခဲ့သူပါ။

အာဆင်နယ်အသင်းကနေ ဝက်စ်ဟမ်းအသင်းကို ယခုနွေရာသီမှာ ပြောင်းရွှေ့ခဲ့တဲ့ ဂျက်ဝီလ်ရှိုင်းယားကို ဝက်စ်ဟမ်းအသင်းရဲ့ပီယာလိုဖြစ်လာနိုင်တယ်လို့ နည်းပြ ပယ်လီဂရီနီက ခိုင်းနှိုင်းချီးကျူးပြောဆိုခဲ့ပါတယ်။ ဝီလ်ရှိုင်းယားဟာ ယခုလာမယ့်စနေနေ့မှာ အသင်းဟောင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ ပြန်လည်တွေ့ဆုံယှဉ်ပြိုင်မယ့်ပွဲစဉ်အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

pellegriniwilshere-cropped_4nebq1c4jn2y1p1mcu8n5kye7.jpg

Photos: Stadium Astro

ဝက်စ်ဟမ်းအသင်းရဲ့နည်းပြ ပယ်လီဂရီနီက ၎င်းရဲ့ကွင်းလယ်အတွဲသစ်ဖြစ်တဲ့ ဝီလ်ရှိုင်းယားနဲ့ မာ့ခ်နိုဗယ်တို့ဟာ ပြိုင်ဘက်အသင်းရဲ့ ကြိုးစားအားထုတ်မှုတွေကို ရပ်တန့်စေနိုင်သူလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းတို့မှာ အခြားအရည်အသွေးတွေပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပြီး ယခုစနေနေ့မှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါလ်စခိုးလား၊ ရွိုင်အိုလာလား? ဘယ်သူ့ကို ရည်ရွယ်ခဲ့တာလဲ ပေါ့ဂ်ဘာ 

ဝီလ်ရှိုင်းယားဟာ အာဆင်နယ်အသင်းရဲ့နည်းပြသစ် အူနိုင်းအမ်မရီရဲ့ ချောင်ထိုးတာကို မခံရမီ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် အစောပိုင်းမှာ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်အစ ပွဲစဉ် ၂ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့ပြီး ဝီလ်ရှိုင်းယားဟာ မာ့ခ်နိုဗယ်နဲ့ သိပ်မကွာဘူးလို့ ဝေဖန်မှုတွေ ခံနေရပေမယ့် နည်းပြ ပယ်လီဂရီနီက ချီးကျူးပြောကြားခဲ့တာဖြစ်ပါတယ်။

Photos: The Sun

 

"တကယ်လို့ လျင်မြန်တဲ့ကစားသမားကို ခင်ဗျား လိုအပ်နေပြီး သူတို့က ထင်ထားသလို လျင်မြန်မှုမရှိဘူး"

"တကယ်လို့ ဘောလုံးကို မဆုံးရှုံးစေဘဲ အတူတူတွဲကစားနိုင်မယ့် နည်းစနစ်ကောင်းမွန်တဲ့ကစားသမားတွေကို ခင်ဗျားလိုအပ်နေခဲ့မယ်ဆိုရင်ပေါ့"

"ခင်ဗျားအပါအဝင် လူအများကြီးက ဂျူဗင်တပ်အသင်း ကွင်းလယ်မှာ တစ်ဦးတည်းက ချုပ်ကိုင်ပြီး ကစားခဲ့တဲ့ ကစားသမားကို မှတ်မိနေမှာပါ။ အဲဒါ ပီယာလိုပဲ"

"ပီယာလိုက ဂျက်အတိုင်းပါပဲ။ တူညီတဲ့ သွင်ပြင်လက္ခဏာတွေလည်းရှိတယ်။ ပီယာလိုက ခံစစ်ရဲ့အရှေ့မှာ ထိုင်စောင့်နေတဲ့ ကွင်းလယ်ခံစစ်ကစားသမားမဟုတ်ပါဘူး"

"သူက ဘောလုံးကို ခံစစ်ကစားသမားတွေဆီက ရယူရတာ ပိုပြီး သက်တောင့်သက်သာဖြစ်ပါတယ်။ ဂျက်က အရာရာကို ဖြစ်အောင်လုပ်နိုင်တဲ့သူပါ"

"သူ ဘာလို့ အာဆင်နယ်အသင်းနဲ့စာချုပ်ကို အဆုံးသတ်ပစ်လိုက်လဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ သူတို့ ဘာလို့ ဂျက်ကို ဒီကို လာခွင့်ပြုရလဲဆိုတာ မသိပါဘူး"

"သူ့ရဲ့အကောင်းဆုံးပုံစံကို ကျွန်တော်တို့ ပြန်မြင်ရမယ်ဆိုတာ သေချာပါတယ်။ သူ့အသက်က ၂၆ နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု လုပ်ငန်းဆောင်တာတွေကို ဒဏ်ရာဘယ်လိုမရအောင် လုပ်ရမယ်ဆိုတာ သူ ပိုပြီး ကောင်းကောင်းသိလာပါပြီ"

"ဒီရာသီမှာ ကျွန်တော်တို့ ဇူလိုင်လ ၁ ရက်နေ့ကတည်းက အတူတူအလုပ်လုပ်ခဲ့တာပါ။ သူ့မှာ ဒဏ်ရာပြဿနာ ဘာတစ်ခုမှမရှိသေးပါဘူး"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က