ထောက်ခံအားပေးမှုမရှိဘူးလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ လက်ရှိအချိန်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းမဟုတ်ရင်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ မော်ရင်ဟိုဟာ အသင်းရဲ့ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ရဲ့ လျစ်လျူရှုမှုတွေအကြောင်းကို သူငယ်ချင်းဖြစ်သူကို ရင်ဖွင့်ပြောကြားခဲ့ပြီး အက်ဒ်ဝုဒ်ဝဒ်ကို ဆန္ဒပြတဲ့ထဲမှာ ၎င်းလည်း ပါဝင်မယ်လို့ ပြောကြားခဲ့ပါတယ်။

skysports-jose-mourinho-manchester-united_4396528.jpg

Photos: Sky Sport

မော်ရင်ဟိုဟာ ၎င်းခေါ်ယူချင်တဲ့ ပစ်မှတ်ကစားသမားစာရင်းကို တစ်လအလိုကတည်းက အတည်ပြုပေးခဲ့ပေမယ့် အသင်းရဲ့ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်က ခေါ်ယူမပေးနိုင်ခဲ့တာနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တာ ၃ ရာသီမြောက် ရာသီထဲကို ဝင်နေပြီဖြစ်တဲ့ မော်ရင်ဟိုဟာ ယခုရာသီမှာ မန်ချက်စတာစီးတီးအသင်းကို စိန်ခေါ်နိုင်ဖို့ ကြယ်ပွင့်ကစားသမားတွေ ခေါ်ယူပေးစေလိုခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမားကို ပီယာလိုနဲ့ခိုင်းနှိုင်းလိုက်တဲ့ ပယ်လီဂရီနီ 

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ဗဟိုခံစစ်ကစားသမား တိုဘီအယ်ဒါဝီလ်ဟာ မော်ရင်ဟိုရဲ့ အကြီးမားဆုံးနွေရာသီပစ်မှတ်တစ်ခုဖြစ်ပြီး နောက်ဆုံးအချိန်အထိ ခေါ်ယူနိုင်ဖို့ မစွမ်းဆောင်ပေးခဲ့တဲ့ အက်ဒ်ဝုဒ်ဝဒ်ကို အကြီးအကျယ်စိတ်ပျက်ဒေါသထွက်နေတာဖြစ်ပါတယ်။ သတင်းရင်းမြစ်တစ်ခုရဲ့ပြောကြားချက်အရ မော်ရင်ဟိုဟာ တခြားအသင်းတစ်သင်းက တခြားအလုပ်တစ်ခုရှိတာနဲ့ အသင်းကနေ ထွက်တော့မယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Photos: Mirror

 

အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့မော်ရင်ဟိုရဲ့ဒေါသစကားသံဟာ လက်ရှိအခြေအနေကို ဘယ်လောက်အထိ စိတ်ပျက်ဒေါသထွက်နေတယ်ဆိုတာကို ထင်ဟပ်စေခဲ့ပြီး အသင်းရဲ့ပရိသတ်တွေက အောင်မြင်မှုထက် ငွေကြေးနောက်ကို လိုက်နေတဲ့ အသင်းဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ကို ဆန္ဒပြဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အောင်မြင်မှုတွေ ရယူပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အက်ဒ်ဝုဒ်ဝဒ်ရဲ့ ထောက်ခံမှုကြောင့်် အသင်းနဲ့ ၂ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိကပြဿနာဖြစ်တဲ့ ခံစစ်ကို ပြင်ဆင်ဖို့အတွက် လက်စတာစီးတီးအသင်းက ဟယ်ရီမက်ဂွိုင်းရားနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက တိုဘီအယ်ဒါဝီလ်တို့ ၂ ဦးထဲက တစ်ဦးကို အရခေါ်ယူပေးစေလိုခဲ့ပေမယ့် အက်ဒ်ဝုဒ်ဝဒ်က အပြောင်းအရွှေးဈေးကွက်ပိတ်သိမ်းချိန်အထိ ခေါ်ယူဖို့ ကြိုးပမ်းပေးခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က