မော်ရင်ဟိုရဲ့ဆက်ဆံပုံကြောင့် စိတ်ပျက်နေသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကြယ်ပွင့်နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ အသင်းမှာ ကာလရှည်ဆက်ရှိဖို့ မရေမရာဖြစ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်း နည်းပြမော်ရင်ဟိုရဲ့ ၎င်းအပေါ်ကို ဆက်ဆံပုံကြောင့် စိတ်ပျက်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။ အဲရစ်ဘိုင်လီဟာ ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်ကစားပေးခဲ့တဲ့ စီနီယာကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

gettyimages-1019668146.jpg

Photos: Metro

အဲရစ်ဘိုင်လီဟာ အမေရိကန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ဒဏ်ရာရရှိနေပေမယ့် ပါဝင်ကစားပေးခဲ့ပြီး နည်းပြမော်ရင်ဟိုရဲ့ ချီးကျူးခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ လက်စတာစီးတီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဲရစ်ဘိုင်လီဟာ လင်ဒီလော့ဖ်နဲ့ တွဲဖက်ပြီး ပွဲထွက်ခွင့်ရခဲ့ပေမယ့် ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာတော့ လူစာရင်းကနေ ချန်လှပ်ခံရဖို့ ဖြစ်လာခဲ့ပါတယ်။

နည်းပြဟောင်းကွန်တီ ဒေါသထွက်စေမယ့်စကားကို ပြောလိုက်တဲ့ မိုရာတာ 

အဲရစ်ဘိုင်လီက လက်စတာစီးတီးနဲ့ပွဲစဉ်က ၎င်းရဲ့စွမ်းဆောင်ရည်ဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်အတွက် လိုအပ်တဲ့ပုံစံကောင်းမရှိဘူးဆိုတာ လက်ခံခဲ့ပြီး ယင်းအချိန်ကတည်းက နည်းပြမော်ရင်ဟိုရဲ့ ဥပေက္ခာပြုခြင်းခံနေရတယ်လို့ ခံစားနေရကြောင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆိုးရွားတဲ့ရာသီအစအတွက် အပြစ်တွေအားလုံး ၎င်းကို ပုခုံးလွှဲထားတယ်လို့ ယုံကြည်နေကြောင်း Metro က ရေးသားထားပါတယ်။

Photos: Metro

 

နည်းပြမော်ရင်ဟိုဟာ ခံစစ်အတွဲတွေကို မကြာခဏ စမ်းသပ်ပြီး ပွဲထွက်ကစားစေခဲ့သူဖြစ်ပြီး အဲရစ်ဘိုင်လီကတော့ ပြီးခဲ့တဲ့ရာသီကုန်ခါနီးကတည်းက မော်ရင်ဟိုရဲ့ ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ပွဲထွက်လူူစာရင်းမှာ ပါဝင်ခွင့်မရခဲ့တဲ့အတွက် အဲရစ်ဘိုင်လီဟာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲရစ်ဘိုင်လီဟာ မန်ချက်စတာယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲမှာ ၁ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ဘိုင်လီက မန်ချက်စတာယူနိုက်တက်အသင်းမှာ ဘယ်လိုုနေရာက ရပ်တည်ပြီး ကာလရှည်ရှိနေရမလဲဆိုတဲ့ကိစ္စကို နည်းပြမော်ရင်ဟိုနဲ့ ဆွေးနွေးပြောဆိုဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အဲရစ်ဘိုင်လီဟာ ပထမပွဲထွက်ကစားသမားစာရင်းအတွက် စိုးရိမ်နေပြီး ဇန်နဝါရီလအထိ အခြေအနေတိုးတက် ကောင်းမွန်လာခြင်းမရှိဘူးဆိုရင် ရွေးချယ်စရာတစ်ခုခုကို သုံးသပ်ကြည့်ရှုသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က