ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်စကားပြောခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ နည်းပြ အူနိုင်းအမ်မရီဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား မီဆွတ်အိုဇေးလ်ကို သတိပေးပြောစကား ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အိုဇေးလ်ဟာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီးနောက် ပရိသတ်များရဲ့ ဝေဖန်မှုကို ခံနေရတဲ့ ကစားသမား ဖြစ်ပြီး ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကစားသမားဖြစ်ပါတယ်။



 

အူနိုင်းအမ်မရီရဲ့ လက်ထက်မှာ အိုဇေးလ်ကို အဓိကကစားသမားအဖြစ် သတ်မှတ်ထားပေမယ့်လည်း အိုဇေးလ်ဟာ အာဆင်နယ်အတွက် လုံလောက်တဲ့ ခြေစွမ်းပြသဖို့ ရုန်းကန်နေရပါတယ်။ အသင်းရဲ့ လစာအမြင့်မားဆုံးရရှိနေတဲ့ ကစားသမားဖြစ်ပေမယ့်လည်း အိုဇေးလ်ရဲ့ ရာသီအစပွဲစဉ်ခြေစွမ်းအပေါ်မှာ အမ်မရီက စိတ်တိုင်းမကျဖြစ်နေခဲ့ပြီး သတိပေးစကား ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မော်ရင်ဟိုဘက်က ကာကွယ်ရပ်တည်ပေးခဲ့တဲ့ လူကာကူ 

Photo : The Week UK

 

အိုဇေးလ်ကတော့ အာဆင်နယ်ရဲ့ ရာသီအစပွဲစဉ် (၃)ပွဲလုံးကို ပါဝင်ကစားခဲ့ပေမယ့် သွင်းဂိုးတစ်ဂိုးမှ မရရှိသေးသလို ဂိုးဖန်တီးမှုလည်း မပြုနိုင်သေးတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ အမ်မရီက အိုဇေးလ်ကို သတိပေးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ နိုင်ငံတကာပွဲစဉ်များ ကစားနေချိန်မှာ အိုဇေးလ်ဟာ အပြည့်အဝအနားယူထားရတာကြောင့်လည်း ခြေစွမ်းပြနိုင်ဖို့အတွက် အမ်မရီက မျှော်လင့်နေပါတယ်။

Photo : The Independent

 

"သူ့ရဲ့ အကောင်းဆုံးပုံစံကို ရှာတွေ့နိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်၊ တိကျတဲ့ ပေးပို့မှုတွေ ၊ ပယ်နယ်တီဧရိယာအတွင်းထဲမှာ ပိုမိုလှုပ်ရှားကစားပြီး ဂိုးသွင်းနိုင်ဖို့ ကျွန်တော် အလိုရှိပါတယ်" လို့ စနေနေ့မှာ ကစားရမယ့် နယူးကာဆယ်ယူနိုက်တက်နဲ့ပွဲမတိုင်ခင်မှာ အူနိုင်းအမ်မရီက အိုဇေးလ်ကို ရည်ရွယ်ပြောဆိုသွားခဲ့ပါတယ်။

Photo : FOX Sports Asia

 

"သူတိုးတက်လာနိုင်ပါတယ်၊ ဒီထက်မကလည်း ပြုလုပ်နိုင်တဲ့ ကစားသမားပါ၊ သူ့ကို ကျွန်တော်တို့ အကောင်းဆုံးကူညီပေးသွားမှာဖြစ်ပြီး ကွင်းအတွင်းမှာလည်း သူ့ရဲ့ အရည်အသွေးတွေကို ကျွန်တော်တို့အတွက် အသုံးပေးနိုင်ဖို့ အားလုံးအတူတူ ကြိုးစားသွားမှာပါ"လို့ အမ်မရီက ပြောကြားသွားခဲ့ပါတယ်။

Photo : US Sports Guru

 

အမ်မရီရဲ့ လက်ထက်မှာ အိုဇေးလ်ကို ကွင်းလယ်ညာခြမ်းမှာ နေရာပေးကစားထားတာဖြစ်ပြီး အိုဇေးလ်ကတော့ အဆိုပါနေရာထက်စာရင် No.10 Role နေရာမှာသာ ကစားချင်နေတာဖြစ်ပါတယ်။ အမ်မရီကတော့ အိုဇေးလ်ဟာ (၂)နေရာစလုံးမှာ အကောင်းဆုံး ကစားနိုင်သူဖြစ်ပြီး ဒီအတွက် သူနဲ့ စကားပြောဆိုပြီး ဖြစ်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က