အသင်းကနေ ထွက်ခွာဖို့ ပြောနေကြတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့လူငယ်ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို မီးမောင်းထိုးပြပြီး ပွဲထွက်ကစားခွင့်ရရှိတဲ့အချိန်နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေမှုတွေကို တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

2ba24-1536919444-800.jpg

Photos: Sportskeeda

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှာ အလက်ဆစ်ဆန်းချက်ဇ်၊ လူကာကူတို့က အဓိကပွဲထွက်ကစားသမားတွေအဖြစ် မြင်တွေ့နေရပြီး ရက်ရှ်ဖို့ဒ်အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ပွဲထွက်ခွင့်အတွက် မျှတတဲ့အခွင့်အရေးပေးခြင်းမရှိဘူးလို့ ပြောဆိုဝေဖန်နေကြတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

မန်ယူအသင်းရဲ့နည်းပြမော်ရင်ဟိုက ယနေ့မှာတော့ ၎င်းရဲ့ပုံစံအတိုင်း ဝေဖန်ပြောဆိုနေသူတွေကို မိမိအနေနဲ့ မန်ယူအသင်းကို စတင်တာဝန်ယူကိုင်တွယ်ခဲ့စဉ်ကတည်းက ယနေ့အချိန်အထိ မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ၁၀၅ ပွဲအထိ ကစားခဲ့ပြီးဖြစ်တယ်လို့ ချေပပြောဆိုလိုက်ပါတယ်။

Photos: Sky Sport

 

"မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဒိုမီနစ်ဆိုလန်ကီမဟုတ်ပါဘူး"

"သူက ရူဘင်လော့ဖ်တက်ချိခ်လည်း မဟုတ်သလို ဒိုမိနစ်ကယ်ဗာ့လီဝင်းလည်း မဟုတ်ပါဘူး"

"သူက မားကပ်စ်ရက်ရှ်ဖို့ဒ်ပါ။ မယုံနိုင်စရာ ပွဲထွက်ခွင့်ကိန်းဂဏန်းနဲ့ မယုံနိုင်စရာ မိနစ်ကိန်းဂဏန်းတွေနဲ့ အကောင်းဆုံးဖြစ်နိုင်ဖွယ်ရှိတဲ့ ပြိုင်ပွဲတွေရဲ့အမြင့်မားဆုံးအဆင့်မှာ ပွဲထွက်ကစားခွင့်ရထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က