ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကအမှားကြောင့် အရန်ခုံထိုင်နေရသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗဟိုုခံစစ်ကစားသမား အဲရစ်ဘိုင်လီဟာ ပြီးခဲ့တဲ့လက ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးကတည်းက ပွဲထွက်ကစားခွင့်မရရှိတော့သူဖြစ်ပြီး အရန်ခုံကနေ ၂ မိနစ်သာ ပါဝင်ကစားခွင့်ရရှိသေးတာဖြစ်ပါတယ်။



NINTCHDBPICT000430617088.jpg

Photos: The Sun

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုင်လီဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်က ဆိုးရွားတဲ့အမှားကြောင့် နည်းပြမော်ရင်ဟိုရဲ့ အမျက်ဒေါသကို ခံယူနေရသူဖြစ်ပြီး အရန်ခုံမှာသာ အချိန်ဖြုန်းနေရသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ နေရာမရဖြစ်နေလို့ အဲရစ်ဘိုင်လီကို မန်ယူအသင်းရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အာဆင်နယ်အသင်းက ခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့ Daily Mirror သတင်းက ဖော်ပြထားပါတယ်။

ဂိုးပေါက်ပျောက်ဆုံးနေမှုအပေါ် ဝေဖန်သူတွေကို တိတ်ဆိတ်စေခဲ့တဲ့ ရော်နယ်ဒို 

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယခုနွေရာသီမှာ ကစားသမားသစ်ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ နည်းပြ ပေါ့ချက်တီနိုက အဲရစ်ဘိုင်လီကို စပိန်မှာ အက်စပန်ညို၊ ဗီလာရီးရဲအသင်းတို့အတွက် ကစားပေးခဲ့စဉ်ကတည်းက သဘောကျနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းကလည်း မာတီဆက်ကာအနားယူပြီးကတည်းက အားနည်းနေတဲ့ ဗဟိုခံစစ်နေရာအတွက် အဲရစ်ဘိုင်လီကို ခေါ်ယူလိုနေတာလို့ သိရပါတယ်။

Photos: The Sun

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၆ ခုနှစ်က အဲရစ်ဘိုင်လီကို ဗီလာရီးရဲအသင်းကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲရစ်ဘိုင်လီဟာ ပထမဦးဆုံးပွဲဦးထွက်ရာသီမှာ အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ ပွဲဦးထွက်ရာသီမှာပဲ အဲရစ်ဘိုင်လီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ယူရိုပါလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ဒဏ်ရာကြောင့် ကာလရှည်အနားယူပြီးနောက် ပုံမှန်ခြေစွမ်းပြန်လည်ရရှိဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ယခုနွေရာသီမှာ ဗဟိုခံစစ်ကစားသမားနှစ်ဦးကို ခေါ်ယူချင်ခဲ့ပေမယ့် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် အသင်းရဲ့ဗဟိုခံစစ်နေရာမှာ အဲရစ်ဘိုင်လီကို လင်ဒီလော့ဖ်နဲ့တွဲဖက်ပြီး ရာသီအစ ၂ ပွဲမှာ ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲရစ်ဘိုင်လီဟာ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ဘရိုက်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ယင်းပွဲစဉ်အပြီးကတည်းက အဲရစ်ဘိုင်လီဟာ အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး ပြီးခဲ့တဲ့စနေနေ့က ဝက်ဖို့ဒ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် မိနစ် ၉၀ မှာ လူစားဝင်ကစားခွင့်ရရှိခဲ့ပြီး ၂ မိနစ်သာ ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က