၀က်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ အပိုင် ဂိုးတွေကို လက်စွမ်းပြကာကွယ်ပေးခဲ့ပါတယ်။

ဝက်ဖို့ဒ်နဲ့ပွဲမှာ အပိုင်ကာကွယ်မှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့သလို ယခုနှစ်အတွက် အကောင်းဆုံး ဂိုးသမားဖြစ်တယ်လို့ မန်ယူဂိုးသမားဟောင်း ဘင်းဖော်စတာက ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Photo - Daily Express

 

မန်ယူအသင်းရဲ့ စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာကို တစ်ချိန်က မန်ယူဂိုးသမားဟောင်း ဖြစ်တဲ့ ဘင်ဖော်စတာက ဘလွန်းဒီအော ၅ ကြိမ်ရ မက်ဆီနဲ့ ခိုင်းနှိုင်းပြောဆိုမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

မန်ယူမှာ ပွဲထွက်ခွင့်မရတဲ့ဘိုင်လေကို စပါးနဲ့ အာဆင်နယ် စောင့်ကြည့်နေ 

မန်ယူအသင်းက ဝက်ဖို့ဒ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လက်စွမ်းပြ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဖော်စတာက ဒီဂီယာကို အခုလို ချီးကျူးပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Photo - Metro

 

"သူက ဂိုးသမားတွေထဲမှာတော့ မက်ဆီလို့ပဲ ဆိုရမှာပါ။ဒီနှစ်အတွက်တော့ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားပါပဲ။အခုချိန်မှာ သူက အရမ်းကို အတောက်ပဆုံးပါပဲ၊အချို့အချိန်တွေမှာ သူ့ရဲ့ ကာကွယ်သွားခဲ့မှုတွေက တစ်ကယ်ကို အသက်ရှုရပ်စေတဲ့အထိ ဖြစ်စေခဲ့ပါတယ်။" လို့ ဖော်စတာ ကချီးကျူးခဲ့ပါတယ်။

ဖော်စတာက မန်ယူအသင်းမှာ ၂၀၀၅ ကနေ ၂၀၁၀ အထိ ၅ ရာသီကြာ ကစားခဲ့တဲ့ ဂိုးသမားတစ်ဦးဖြစ်ပြီး ဘာမင်ဂမ်အသင်းကို ပြောင်းရွှေ့ သွားခဲ့သူ ဖြစ်ပါတယ်။

Photo - AFTV

 

အခု လက်ရှိအချိန်မှာတော့ မန်ယူအသင်းကို ရှုံးခဲ့တဲ့ ဝက်ဖို့ဒ်အသင်းမှာ ကစားနေသူ ဖြစ်ပြီး ပြိုင်ဖက် ကစားသမား ဖြစ်ခဲ့ဲတဲ့ဒီဂီယာအပေါ် ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဂီယာအနေနဲ့ အဆိုပါပွဲမှာ ဝက်ဖို့ဒ်အသင်းဖက်မှ အပိုင် ဂိုးသွင်းမှု ၄ ကြိမ်ကို ကာကွယ်သွားနိုင်ခဲ့သလို အခြားသော ပွဲစဉ်တွေမှာလည်း ကောင်းမွန်တဲ့ လက်စွမ်းကို ပြသထားနိုင်သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က