လေဗာကူဆင်အသင်းမှာလည်းကစားခဲ့ဖူးလို့ ဘွန်ဒက်စ်လီဂါအတွေ့အကြုံရှိတဲ့ကစားသမားတစ်ဦးပါ။

ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းရဲ့စိတ်ဝင်စားမှုခံနေရတဲ့ တောင်ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်က စပါးမှာပဲ ပျော်ရွှင်နေတယ်လို့ပြောခဲ့ပါတယ်။ ဆွန်ဟောင်မင်ရဲ့စကားကြောင့် စပါးပရိသတ်တွေ စိတ်သက်သာရာရခဲ့ကြပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ဆွဲဆောင်မှုကို လွန်ဆန်နိုင်ပါ့မလားဆိုတာကိုတော့ သံသယရှိနေကြပါတယ်။


49C62F0B00000578-5463231-image-a-1_1520247014476.jpg

Photo: Sport.net

ဘိုင်ယန်မြူးနစ်အသင်းကစိတ်ဝင်စားနေပြီး ကမ်းလှမ်းတော့မယ်ဆိုတဲ့သတင်းက ဆွန်ဟောင်မင်ပရိသတ်တွေနဲ့ စပါးပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာဖြစ်ခဲ့ရပါတယ်။ တောင်ကိုရီးယားရဲ့စစ်မှုမထမ်းမနေရဥပဒေကို အာရှအားကစားပြိုင်ပွဲရွှေတံဆိပ်နဲ့ကျော်ဖြတ်နိုင်ခဲ့တဲ့ ဆွန်ဟောင်မင်တစ်ယောက် ဘိုင်ယန်ရဲ့ဆွဲဆောင်မှုကို တောင့်ခံနိုင်ပါ့မလားဆိုတာ စပါးပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

Photo: Dream Team

ဗန်ဒိုက်ရဲ့ဒဏ်ရာအခြေအနေ ဘယ်လိုရှိမလဲ 

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ စပါးနဲ့ စာချုပ်သက်တမ်းတိုးထားတာဖြစ်ပြီး စပါးနဲ့လက်ရှိ ငါးနှစ်အထိ စာချုပ်သက်တမ်းရှိနေပါတယ်။ လေဗာကူဆင်တိုက်စစ်မှူးဟောင်းဟာ ဘွန်ဒက်စ်လီဂါကလပ် ဟမ်းဘတ်နဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီး လေဗာကူဆင်အသင်းမှာလည်းကစားခဲ့ဖူးလို့ ဘွန်ဒက်စ်လီဂါအတွေ့အကြုံရှိတဲ့ကစားသမားတစ်ဦးပါ။

Photo: The Telegraph

 

လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆွန်ဟောင်မင်အတွက် တရားဝင်ကမ်းလှမ်းမှုတွေမရှိသေးပဲ သတင်းထွက်ပေါ်တဲ့အဆင့်မှာပဲရှိနေပါသေးတယ်။ “ကျွန်တော်စပါးနဲ့မကြာခင်ကမှ စာချုပ်သက်တမ်းတိုးထားတာပါ။ လတ်တလောမှာ အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော် စပါးအသင်းမှာပျော်နေပါတယ်”လို့ ဆွန်ဟောင်မင်က ဘရိုက်တန်ကို ၂-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာပြောခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်သွင်းဂိုး ၂၆ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အသင်းကို အဆင့်၃နဲ့ရာသီသိမ်းအောင်ကူညီစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က