ဆုရရှိတဲ့အတွက် ဂုဏ်ပြုကြောင်း တွစ်တာမှာတင်ခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းရဲ့ဂိုးသမား ကော်တိုရစ်ဟာ ပြီးခဲ့တဲ့ရာသီက ချယ်ဆီးအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့အတွက် အကောင်းဆုံးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့အတွက် ဖီဖာကနေ ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ဟူဂိုလိုရစ်နဲ့ ကက်စပါရှမိုက်ကယ်တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့ပါတယ်။



Thibaut-Courtois-1523239.jpg

ကော်တိုရစ်ဟာ ယခုနွေရာသီမှာ ချယ်ဆီးအသင်းကို စွန့်ခွာပြီး ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး ယမန်နေ့ညက ဖီဖာရဲ့ဆုပေးပွဲမှာ အကောင်းဆုံးဂိုးသမားဆု ချီးမြှင့်ခံခဲ့ရတာကြောင့် ချယ်ဆီးအသင်းက အသင်းရဲ့တရားဝင်တွစ်တာအကောင့်မှာ ကော်တိုရစ်ကို ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုဘဲ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ကော်တိုရစ်ကို ချယ်ဆီးအသင်းပရိသတ်တွေဟာ စိတ်နာခဲ့ကြပြီး ယနေ့တိုင် အခဲမကျေဖြစ်နေကြဆဲဆိုတာကို ချယ်ဆီးအသင်းရဲ့တွစ်တာပို့စ်အောက်မှာ မြင်တွေ့ခဲ့ရပါတယ်။ ချယ်ဆီးအသင်းပရိသတ်တွေဟာ ကော်တိုရစ်ကို မြွေလို့ ခေါ်ဝေါ်ခဲ့ကြပြီး ဂုဏ်ပြုထားတဲ့ပို့စ်ကို ပြန်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

 

ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုကို လက်ခံရယူပြီးနောက်မှာ ကော်တိုရစ်က အကောင်းဆုံးအကြံဉာဏ်တွေ ပေးခဲ့ကြတဲ့ အသင်းဖော်တွေနဲ့ နည်းပြတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော် အရမ်းဂုဏ်ယူရသလို ပျော်လည်းပျော်ရွှင်မိပါတယ်"

"ကျွန်တော့်ကို အမြဲတမ်း အကောင်းဆုံးအကြံဉာဏ်တွေပေးခဲ့ကြတဲ့ အသင်းဖော်တွေနဲ့ နည်းပြတွေကို ကျေးဇူးတင်စကားပြောချင်ပါတယ်"

"အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဖီဖာကနေ ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုတော့ ပြင်သစ်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်အောင် နည်းပြနိုင်ခဲ့တဲ့ ဒီဒီရာဒက်စ်ချမ့်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က