ဝုဗ်နဲ့ပွဲက မော်ရင်ဟိုရဲ့တိုက်စစ်ချဉ်းကပ်ပုံကို ဝေဖန်ခဲ့သူပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ယမန်နေ့ညနေက ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားတွေကို ပေါ့ဂ်ဘာအနေနဲ့ မန်ယူအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် ဘယ်တော့မှ တာဝန်ယူရတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

Man-Utd-Paul-Pogba-1459234.jpg

Photos: Daily Star

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာဟာ ၎င်းက မန်ချက်စတာယူနိုက်တက်အသင်းထက် ပိုမိုကြီးမားတဲ့ကစားသမားတစ်ဦးအဖြစ် ယုံကြည်နေတယ်လို့ နည်းပြမော်ရင်ဟိုက ထင်မြင်နေတာဖြစ်ပါတယ်။ ကာရင်တန်လေ့ကျင့်ရေးကွင်းက သတင်းရင်းမြစ်တစ်ဦးက အခုလိုပဲ မော်ရင်ဟိုပြောကြားသွားတဲ့စကားတွေကို ရှင်းလင်းခဲ့ပါတယ်။

ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုအတွက် မဲပေးရာမှာ ရော်နယ်ဒိုနဲ့ ဆာလာကို ချန်လှပ်ခဲ့တဲ့ မြန်မာ 

"ဟိုဆေးက ကစားသမားတွေကို ပေါ့ဂ်ဘာ ဘယ်တော့မှ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတော့မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူက အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် ကိုယ်စားမပြုတဲ့အတွက်ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက အားလုံးထက် ပိုမိုကြီးမားတဲ့အတွက်ဖြစ်တယ်လို့ ပြောပါတယ်"

"ကစားသမားတွေကတော့ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပျော်ရွှင်ခဲ့ကြပြီး အဲဒါကလည်း နည်းပြဆုံးဖြတ်ချက်ရဲ့နောက်ကွယ်က အကြောင်းပြချက်ပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

Photos: Daily Star

 

ပေါ့ဂ်ဘာဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ သေချာပေါက် ရောင်းထုတ်ခံရဖွယ်ရှိနေပြီး ဘာစီလိုနာအသင်း ဒါမှမဟုတ် ပြန်လည်ခေါ်ယူဖို့ဆန္ဒရှိနေတဲ့ အသင်းဟောင်းဂျူဗင်တပ်အသင်းကိုပဲ ပြန်သွားမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြမော်ရင်ဟိုနဲ့ ပေါ့ဂ်ဘာတို့ရဲ့ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဆိုးရွားခဲ့တာဖြစ်ပြီး ယခုရာသီမှာ မော်ရင်ဟိုက ပေါ့ဂ်ဘာကို မကြာခဏဆိုသလို ဝေဖန်ပြစ်တင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ဝုဗ်ကို အိမ်ကွင်းမှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဝုဗ်အသင်းကို ပေးခဲ့ရတဲ့ ချေပဂိုးအတွက် ပေါ့ဂ်ဘာမှာ တာဝန်ရှိကြောင်း ပြောကြားခဲ့ပြီး ပွဲအပေါ်မှာ အာရုံစူးစိုက်မှုလုံးဝမရှိခဲ့ဘူးလို့ ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာကလည်း မော်ရင်ဟိုရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်ခဲ့ပြီး နည်းပြမော်ရင်ဟိုရဲ့နည်းဗျူဟာကို မီဒီယာတွေကနေ တစ်ဆင့် ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ယခုနောက်ဆုံးဖြစ်ခဲ့တဲ့ ပြဿနာဟာ ပေါ့ဂ်ဘာအတွက် အိုးထရက်ဖို့ဒ်မှာ အချိန်ကုန်ဆုံးပြီဆိုတာ ညွှန်ပြခဲ့တာဖြစ်ပြီး မော်ရင်ဟိုနဲ့ ပေါ့ဂ်ဘာ တစ်ဦးဦး မရှိမှ ရှေ့ဆက်လို့ရတော့မယ့်အခြေအနေအထိ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က