အဓိကကစားသမား ၅ ဦးအထိနားပေးခဲ့ပါတယ်။
 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပေါ့ဂ်ဘာဟာ ဒါဘီအသင်းနဲ့ပွဲစဉ်မှာ အနားပေးဖို့အတွက် ဆုံးဖြတ်ထားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ယမန်နေ့ညက ကရာဘောင်ဖလားပွဲစဉ်အဖြစ် ဒါဘီအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဒါဘီအသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားခဲ့ပြီး မန်ယူအသင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုအတွက် မဲပေးရာမှာ ရော်နယ်ဒိုနဲ့ ဆာလာကို ချန်လှပ်ခဲ့တဲ့ မြန်မာ 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းစစချင်း ၃ မိနစ်ကတည်းက မာတာရဲ့အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ဒါဘီအသင်းကို ၂ ဂိုးအထိ ပြန်ပေးခဲ့ရပြီး ဖယ်လိုင်နီရဲ့ မိနစ် ၉၀ မှာ သွင်းယူခဲ့တဲ့ နောက်ကျချေပဂိုးကြောင့် ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ခဲ့ရတာဖြစ်ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ဖီးလ်ဂျုံးစ်ကန်သွင်းခဲ့ဲတဲ့ဘောလုံးကို ဒါဘီအသင်းရဲ့ဂိုးသမား ကာကွယ်နိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ဒါဘီကောင်တီကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ယင်းပွဲစဉ်မှာ အသင်းရဲ့အဓိကကစားသမား အများအပြားကို နည်းပြမော်ရင်ဟိုက ပဏာမ ၁၈ ဦးစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

 

နည်းပြမော်ရင်ဟိုကို ပွဲအပြီးမှာ သတင်းထောက်တွေက ဘာကြောင့် ပေါ့ဂ်ဘာနဲ့ လုခ်ရှောတို့ မကစားကြတာလဲလို့ မေးမြန်းခဲ့တဲ့အခါမှာ နည်းပြ မော်ရင်ဟိုက အခုလိုပဲ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။

"သူတို့ကို အနားပေးထားတာပါ။ ကျွန်တော် လုခ်၊ ပေါလ်၊ ဗစ်တာ၊ ဗလင်စီယာနဲ့ ဒေးဗစ်တို့ကို အနားယူခိုင်းခဲ့တာပါ"

"ဒီကစားသမား ၅ ယောက်ကိုပဲ အနားပေးခဲ့ပါတယ်။ ဒီထက်ပိုပြီး အနားပေးလို့မရတော့ဘူးဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဘီက အရမ်းကောင်းမွန်တဲ့အသင်းလေ"လို့ ပြောကြားခဲ့ပါတယ်။

[No available link text] 

နည်းပြမော်ရင်ဟိုနဲ့ ကွင်းလယ်ကြယ်ပွင့်ပေါ့ဂ်ဘာတို့ဟာ ယခုရာသီမှာ ဆက်ဆံရေးတိုးတက်လာခြင်းမရှိခဲ့ဘဲ မော်ရင်ဟိုဟာ ဗလင်စီယာရဲ့အသင်းခေါင်းဆောင်နေရာကို ဆက်ခံရမယ့် ပေါ့ဂ်ဘာရဲ့စိတ်သဘောထားကို မေးခွန်းထုတ်ခဲ့ပြီး ယမန်နေ့ညနေက နည်းပြမော်ရင်ဟိုဟာ လေ့ကျင့်ရေးကွင်းမှာ ပေါ့ဂ်ဘာကို ဘယ်တော့မှ အသင်းခေါင်းဆောင်လက်ပတ်ပေးတော့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က