သူတို့ရဲ့ဇာတ်လမ်းက သိမ်မွေ့သလို ကြမ်းတမ်းတဲ့ အားပြိုင်မှုတွေလည်း ပါဝင်လာနိုင်ပါတယ်။

မန်ယူအသင်းရဲ့ရလဒ်တွေမတည်ငြိမ်ဖြစ်နေချိန်မှာ အသင်းရဲ့အဓိက ကစားသမား ပေါ့ဂ်ဘာကတော့ လေးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ်ကို ဒါရိုက်တာလုပ်ပြီးဖန်တီးလိုက်ပါပြီ။ ဒီဇာတ်လမ်းမှာ အဓိက သရုပ်ဆောင်တွေကတော့ ပေါ့ဂ်ဘာ၊ မော်ရင်ဟို၊ ဝုဒ်ဝက်နဲ့ ရီယိုလာတို့ပါ။ သူတို့ရဲ့ဇာတ်လမ်းက သိမ်မွေ့သလို ကြမ်းတမ်းတဲ့ အားပြိုင်မှုတွေလည်း ပါဝင်လာနိုင်ပါတယ်။

4545010-0-Pogba_in_white_was_not_selected_in_Manchester_United_s_squad_for-m-10_1537905457304.jpg

Photo: Daily Mail

 

ပေါလ်ပေါ့ဂ်ဘာ (မန်ယူကွင်းလယ်လူ)

ဒီဇာတ်လမ်းရဲ့အဓိက သရုပ်ဆောင်ပါ။ လွန်ခဲ့တဲ့ခြောက်နှစ် နည်းပြ ဖာဂူဆန်လက်ထက်က မထင်မရှားကစား သမားပေါက်စကလေးဟာ လူသိပ်မသိလိုက်ပဲ ဂျုဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဘာလဲဆိုတာ စီးရီးအေမှာပြသခဲ့ပြီး မိခင်တပ်ရင်း မန်ယူကို ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေးနဲ့ပြန်ရောက်လာခဲ့ပါတယ်။

မန်ယူမှာ မော်ရင်ဟိုက ဘုရင်ကြီးဆိုရင် ပေါ့ဂ်ဘာက အိမ်ရှေ့မင်းသားပါ။ ဒီမှာပဲ အားပြိုင်မှုတွေစတင်ပါတော့တယ်။ မန်ယူမှာ လူကြားထဲ Head Phone တပ်ပြီး သီချင်းတွေအော်ဆို၊ သတင်းစာရှင်းလင်းပွဲမှာ စကားတွေမဆင်မခြင်ပြော၊ အသင်းဘတ်စ်ကားပေါ်မှာ သီချင်းအကျယ်ကြီးဖွင့်ပြီး အော်ဟစ်ကခုန်တတ်တဲ့ ပေါ့ဂ်ဘာရဲ့နေထိုင်မှုပုံစံက မော်ရင်ဟိုအတွက် မျက်မုန်းကျိုးစရာဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်အကြားမှာ ဘယ်အရာမှညှိုနှိုင်းမရတော့ပဲ ဇန်နဝါရီမှာ ဘာစီလိုနာပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပါတယ်။

Photo: Daily Mail

 

မော်ရင်ဟို (မန်ယူနည်းပြ)

ဘောလုံးလောကရဲ့လူဆိုးကြီးတစ်ယောက်ပါပဲ။ အောင်မြင်မှုတွေရယူနိုင်သလို ထော်လော်ကန့်လန့်အပြုအမူ တွေနဲ့ မထင်ရင်မထင်သလို စိတ်ခံစားမှုအတိုင်း တုံ့ပြန်တတ်တဲ့ သူ့ပုံစံက ပရိသတ်တွေအတွက် ဆွဲဆောင်မှုရှိစေခဲ့ပါတယ်။ ချစ်တဲ့သူတွေများသလို မုန်းတဲ့သူတွေလည်းတပုံတပင်ပါ။ လေးပွင့်ဆိုင်ဇာတ်လမ်းမှာတော့ သူဘယ်လို ရှေ့ဆက်သရုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

မော်ရင်ဟိုရဲ့ အသင်းက လက်ရှိအချိန်မှာ နိုင်ပွဲပြန်ရဖို့လိုအပ်နေပါပြီ။ အသင်းကို ပြန်လည်တည်ဆောက် နေချိန်မှာ ပေါ့ဂ်ဘာလို ကစားသမားတစ်ယောက်ကို မော်ရင်ဟို ငဲ့ညှာနေမှာမဟုတ်ပါဘူး။ နောက်ထပ် သေချာနေတာက သူ့ပုံရိပ်ကို ကစားသမားတစ်ယောက်ကြောင့် အကျခံမယ့် နည်းပြမျိုးထဲမှာ မော်ရင်ဟို မပါဝင်ပါဘူး။ ဒီတော့ ပေါ့ဂ်ဘာကို ပွဲထွက်စာရင်းကတောင် ထုတ်ပယ်နိုင်ပြီး လက်လွှတ်ဖို့အတွက် အဆင်သင့်ရှိနေသူလို့ သတ်မှတ်နိုင်ပါတယ်။

Photo: Daily Mail

 

အက်ဝုဒ်ဝက် (မန်ယူ ဒု-ဥက္ကဌ)

ဝုဒ်ဝက်ကတော့ မင်းသားကြီးနဲ့မင်းသားငယ် အားပြိုင်သရုပ်ဆောင်နေတဲ့ ဒီဇာတ်လမ်းမှာ ဗီလိန်ဖြစ်လာနိုင်ပါတယ်။ ကစားသမားတွေလစာများလွန်းနေပြီး ဝင်ငွေပြန်ရှာဖို့အတွက် ဖလားယူတော့လို့ အာဏာသံပေးထားသူပါ။ ဝုဒ်ဝက်ရဲ့ရပ်တည်မှုကတော့ ဒု-ဥက္ကဌဆိုတဲ့အတိုင်း မော်ရင်ဟိုတွေ ပေါ့ဂ်ဘာတွေ ဆိုတာထက် မန်ယူဆိုတာကိုပဲ အလေးထားသူပါ။

ပေါ့ဂ်ဘာကို ၈၉သန်းနဲ့ခေါ်ထားတယ်။ ပြန်ရောင်းရင် ပေါင်သန်း ၂၀၀ရနိုင်တယ်။ ဒါက ငွေရှာနေတဲ့သူ့အတွက် အလွယ်ဆုံးရွေးချယ်မှုပါ။ ဒီလိုကစားသမားရောင်းချပြီး ငွေရှာတဲ့နည်းလောက်သိရုံနဲ့တော့ ဝုဒ်ဝက်ဆိုတာ မန်ယူ ဒု-ဥက္ကဌြုဖစ်မလာပါဘူး။ ဆိုရှယ်မီဒီယာမှာ လူတွေကို ဆွဲဆောင်နိုင်တဲ့ကစားသမား၊ သူဘာလုပ်လုပ် လူတွေတရုန်းရုန်းဖြစ်တတ်တဲ့ကစားသမားကို တည်ပြီး ငွေရှာရတာက ပေါင်သန်း ၂၀၀ မကပြန်ဝင်နိုင်တယ်ဆိုတာကို သူသိထားပြီးသားပါ။ ဒီတော့ ဝုဒ်ဝက်ရဲ့သဘောထားကတော့ ပေါ့ဂ်ဘာကို တန်အောင်ခိုင်းမယ်။ အရည်ညှစ်လို့ကုန်ပြီဆိုမှ သူများဆီလွှတ်မယ်။ မြွေမသေ၊ ဒုတ်မကျိုးနည်းကို သုံးဖို့ ကြံစည်နေပါတယ်။

ယနေ့ည ချယ်ဆီးနဲ့ပွဲစဉ်မှာ အယ်လီဆင်ကို အနားပေးမယ်လို့ ယာဂင်ကလော့ပ် အတည်ပြု 

Photo: Daily Mail

 

မီနိုရီယိုလာ (ပေါ့ဂ်ဘာ အေးဂျင့်)

အသင်းထဲမှာ အခုလို အားပြိုင်နေချိန်မှာ ကြားကနေကုလားဖန်ထိုးမယ့် တတိယလူတစ်ယောက်ကတော့ ကျိန်းသေလိုလာပြီပေါ့။ မပူပါနဲ့… ဒီအတွက် ရီယိုလာရှိနေပါတယ်။ သူကတော့ ပေါ့ဂ်ဘာ ဘယ်ကိုပြောင်းပြီး ဘာတွေဖြစ်မယ်၊ မန်ယူဘာဖြစ်လို့ ဘာစီလိုနာ ဘယ်လိုဆိုတာတွေထက် ဘယ်သူ့ဆီက ကော်မရှင်ပိုရမလဲပဲ စိတ်ဝင်စားမှာပါ။ ဘာကြောင့်လဲဆိုတော့ သူက အေးဂျင့်ကိုး…..။

ပေါ့ဂ်ဘာကို ဘာကာပို့မလား၊ မန်ယူနဲ့သက်တမ်းတိုးခိုင်းမလားဆိုတာက ရီယိုလာရဲ့အပြောအဆိုအပေါ်မူတည် နေပါသေးတယ်။ သူကတော့ အမြန်ဆုံးငွေပေါ်မယ့်နည်းကို သုံးချင်သူပါ။ ဘာကာကိုပြောင်းရင်လည်း ကော်မရှင်ရနိုင်ပေမယ့် အသင်းနဲ့ ကစားသမားက ဂဂျိုးဂဂျောင်တွေထလုပ်ရင် ငွေရပေါက်ပိတ်သွားနိုင်ပါတယ်။ မန်ယူနဲ့သာ စာချုပ်သက်တမ်းတိုးမယ်ဆိုရင်တော့ ရီယိုလာအတွက် ငွေရအချောင်ဆုံးလမ်းပေါက်ဖြစ်လာမှာပါ။ သူဘာကိုရွေးမှာလဲဆိုကတော့ ဘုရားပဲသိမှာပါပဲ…..။

Share

Loading Next Article...
က္က